အသင်းဟောင်းကိုချီးကျူးပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ကစားသမားဘဝကို ဖြတ်သန်းခဲ့ရတဲ့ လူကာကူက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။


ရှက်တာဒိုးနတ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲအပြီးမှာ အင်တာမီလန်တိုက်စစ်မှူးလူကာကူက အသင်းဟောင်းယူနိုက်တက်နဲ့ အသင်းဖော်ဟောင်းတွေကို ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။ အင်တာအတွက် ၂ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ လူကာကူက မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ကစားသမားဘဝကို ဖြတ်သန်းခဲ့ရတဲ့ လူကာကူက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အင်တာတိုက်စစ်မှူးဟာ ယူရိုပါလိဂ်မှာ ၁၀ ပွဲဆက်တိုက်ဂိုးသွင်းယူကာ ခြေစွမ်းပြနေခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးကလည်း ၃၃ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ 


BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လူကာကူက "ယူနိုက်တက်က ခက်ခက်ခဲခဲကြိုးစားခဲ့တာပါ၊ သူတို့အတွက် တကယ်ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ရာသီဖြစ်မယ်လို့ ကျွန်တော်ကတော့ ထင်တယ်၊ အိုလီကလည်း သူ့အလုပ်ကိုကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်၊ ယူနိုက်တက်ကစားသမားတွေလည်း ကောင်းကောင်းကစားနိုင်ခဲ့ကြပြီး ဂရင်းဝုဒ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"

"သူတို့အတွက် ကျွန်တော်တကယ်ပျော်ရွှင်မိပြီး လာမယ့်ရာသီမှာ သူတို့တွေဆီက ခြေစွမ်းကောင်းမြင်ရမယ်ဆိုတာကို ကျွန်တော်လုံးဝသံသယမရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ လူကာကူကတော့ အင်တာမီလန်ကို ဒီရာသီအစမှာပဲ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ အသင်းအတွက် အကောင်းဆုံးပုံစံကိုပြသနေပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း ပို့ဆောင်ပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 


Author


က္က