လူကာကူက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်တိုုက်စစ်မှူး လူကာကူဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ သတင်းတွေအရ သိရပြီး လူကာကူနဲ့ အလဲအထပ်ပြုလုပ်မယ့် ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘာလာက ယူနိုက်တက်ကို ကြီးမားတဲ့လစာပမာဏ ပေးချေဖို့တောင်းဆိုခဲ့တယ်လို့ Express ရဲ့သတင်းက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်အသင်းကနေ ဒီဘာလာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဂျူဗင်တပ်က လာမယ့်ရာသီ အသင်းလူစာရင်းမှာ လူကာကူကို ထည့်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။



ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် လူကာကူဟာ အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ရာသီ ၂ ခုကို ဖြတ်ကျော်ခဲ့ပြီးနောက် ယခုနွေရာသီမှာတော့ စီးရီးအေကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေသူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဒီဘာလာအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ Express က ဖော်ပြခဲ့ပြီး လစာပမာဏကို ဆွေးနွေးတဲ့အဆင့်ရောက်ရှိနေပြီလို့ သိရပါတယ်။

Manchester Evening News ရဲ့ဖော်ပြချက်အရ လူကာကူဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီဘာလာ တောင်းဆိုထားတဲ့ လစာပမာဏကို ပေးချေနိုင်မလားဆိုတာက အပြောင်းအရွှေ့နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘာလာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် တစ်နှစ်ကို ပေါင် ၉ သန်းအထိ တန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်အသင်းမှာ တစ်နှစ်ကို ပေါင် ၆.၈ သန်းသာ ရရှိနေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က