loading...

loading...

loading...

ဘာစီလိုနာအသင်းနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေပါတယ်။
Kg Htet

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အဖိုးတန်သွင်းဂိုးကို သွင်းယူပေးပြီး ထိပ်တန်းအဆင့်ခြေစွမ်းပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ပြသနိုင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတာကို ခေါ်ယူစေချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာဟာ ယခုရာသီမှာ ပွဲကစားချိန်များစွာ မရရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဆဲဖြစ်ပါတယ်။ ချယ်ဆီးကြယ်ပွင့်ဟောင်း မာတာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတာကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားခြင်းမရှိတာကြောင့် မာတာအနေနဲ့ သင့်တော်တဲ့ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း မာတာကို စိတ်အဝင်စားဆုံးအသင်းလို့ ဆိုရမှာဖြစ်ပေမယ့် မာတာအတွက် နောက်ထပ်ပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့အသင်းဟာ ဂျူဗင်တပ်ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ မာတာကို ခေါ်ယူစေချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပြီး မာတာဟာ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်မှာ နည်းစနစ်ပိုင်းအရ ပိုမိုအထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကလည်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘာစီလိုနာအသင်း ကမ်းလှမ်းတဲ့လစာပမာဏထက် ပိုမိုမြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းဖို့တောင် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က