ဒီလစ်ကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့် နောက်ထပ်ရွေးချယ်စရာအဖြစ် ကြိုးပမ်းလာတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်နောက်ခံကစားသမား လင်ဒီလော့ဖ်ကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီဟာ အေဂျက်အသင်းခေါင်းဆောင် ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လာမယ့်ရာသီအတွက် ဗဟိုခံစစ်ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူလိုနေတာဖြစ်ပါတယ်။



ဘာစီလိုနာအသင်းဟာ အေဂျက်ကြယ်ပွင့် ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒီလစ်ဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ယုံကြည်ရပါတယ်။

Mundo Deportivo ရဲ့သတင်းအရ ဘာစီလိုနာအသင်းဟာ ယခုလအစောပိုင်းတုန်းက လင်ဒီလော့ဖ်ကို ခေါ်ယူနိုင်ဖို့် ဖြစ်နိုင်ခြေရှိ၊ မရှိကို မန်ချက်စတာယူနိုက်တက်အသင်းထံ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွီဒင်လက်ရွေးစင်ကြယ်ပွင့် လင်ဒီလော့ဖ်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝ ဒုတိယရာသီကို ကျော်ဖြတ်ခဲ့ပြီးသူဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက လင်ဒီလော့ဖ်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးနေတယ်လို့ သိရပြီး လင်ဒီလော့ဖ် ဘင်ဖီကာအသင်းအတွက် ကစားပေးနေတဲ့အချိန်ကတည်းက ဘာစီလိုနာအသင်းက စောင့်ကြည့်ခဲ့တာလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က