ပုံမှန်အဆက်အသွယ်ရှိကြတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုဟာ ဒေ့ါမွန်အသင်းကို တာဝန်ယူကိုင်တွယ်မယ့်နည်းပြသစ်အဖြစ် သတင်းတွေထွက်ပေါ်နေပြီး ဒေါ့မွန်အသင်းဟာ မော်ရင်ဟိုနဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မော်ရင်ဟိုဟာ နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်လိုနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံမှန်ပါဝင်ယှဉ်ပြိုင်နေရသလို ဂျေဒန်ဆန်ချို၊ မာကိုရူးစ်၊ ပါကိုအယ်ကာဆာ စတဲ့ကြယ်ပွင့်ကစားသမားတွေရှိနေတဲ့ ဒေါ့မွန်အသင်းက မော်ရင်ဟိုကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်ခြင်းမရှိသေးသူဖြစ်ပေမယ့် ဂျာမန်စကားပြောကို သင်ယူနေတယ်လို့ Bild ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ Sky Sports မှာ အားကစားဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေပေမယ့် နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်လိုနေတယ်လို့ သိရပါတယ်။



Bild ရဲ့သတင်းအရ မော်ရင်ဟိုဟာ လူစီယန်ဖက်ဘရီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဒေါ့မွန်အသင်းရဲ့ နံပါတ်တစ်ဦးစားပေး နည်းပြလောင်းဖြစ်တယ်လို့ သိရပြီး ဒေါ့မွန်အသင်းဟာ ယခုရာသီမှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူအချို့က ခန့်မှန်းခဲ့ပေမယ့် ရာသီအစမှာ ခြေစွမ်းမတည်မငြိမ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဒေါ့မွန်အလုပ်အမှုဆောင်ချုပ် ဟန်ဂျိုအာချင်ဝက်ဇ်ကီနဲ့ အဆက်အသွယ်ရှိခဲ့ပြီးသားဖြစ်တယ်လို့ သိရပြီး လိုက်ဇစ်နည်းပြဟောင်း ရာ့ဖ်ရမ်းဂနစ်ကလည်း ဒေါ့မွန်နည်းပြသစ်ဖြစ်လာဖို့အတွက် ရေပန်းစားနေတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။



က္က