အသင်းကထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

သူ့ရဲ့အေးဂျင့်ကို အသင်းသစ်ရှာဖွေဖို့ ပြောဆိုထားပြီး သူ့အပေါ်ကို နည်းပြဇီဒန်းဘက်က ပညာပြနေတယ်လို့လည်း ဘေးလ်က ယူဆနေပါတယ်။


ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားဂါရတ်ဘေးလ်ဟာ တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှန်ဟွာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးပျက်ယွင်းခဲ့ပြီးနောက်မှာ ဘေးလ်ကိုယ်တိုင်ကအသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်တယ်လို့ Dialy Mail က ဖော်ပြခဲ့ပါတယ်။

ဘေးလ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အတွက်ကမ်းလှမ်းမှုအပေါ်ကို ရီးရဲလ်ဘက်က သဘောကျခဲ့ခြင်းမရှိခဲ့တာကြောင့် ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ကလပ်ဘရုဂ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ဘေးလ်က စိတ်ပျက်နေခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် သူ့ရဲ့အေးဂျင့်ကို အသင်းသစ်ရှာဖွေဖို့ ပြောဆိုထားပြီး သူ့အပေါ်ကို နည်းပြဇီဒန်းဘက်က ပညာပြနေတယ်လို့လည်း ဘေးလ်က ယူဆနေပါတယ်။ ဘေးလ်အနေနဲ့ အသင်းလူစာရင်းမှာ မပါဝင်ခဲ့တာဟာ ဒဏ်ရာပြသနာကြောင့်လို့ နည်းပြဇီဒန်းက ပြောဆိုခဲ့ပေမယ့်လည်း ဘေးလ်ကတော့ သူ့ကို ပညာရှိနည်းနဲ့ နှိပ်စက်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။



ရှန်ဟိုင်းရှန်ဟွာကလည်း ဘေးလ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ဘက်က ဘေးလ်အတွက် ပေါင် ၂၅သန်းကနေ ပေါင် ၃၄သန်းအထိ အလိုရှိနေပြီး တရုတ်ကလပ်ကတော့ ပြောင်းရွှေ့ကြေးမဲ့နဲ့ ခေါ်ယူဖို့ကိုပဲ ပိုမိုစိတ်ဝင်စားနေပါတယ်။

တီယန်ဆုဆန်းနင်းအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဘေးလ်ကို ပြောင်းရွှေ့ကြေးလုံးဝမပေးချေဘဲ တစ်ပတ်လုပ်ခပေါင်တစ်သန်းအထိ ပေးချေကာ ခေါ်ယူသွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအပေါ်မှာ ရီးရဲလ်ဘက်က ငြင်းဆန်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဘေးလ်ကတော့ ပြီးခဲ့တဲ့ ၆ ရာသီအတွင်းမှာ ရီးရဲလ်အတွက် ၅၃%အထိ ကစားပေးခဲ့ရပြီး မတူညီတဲ့ ဒဏ်ရာ ၂၆ ကြိမ်အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။



က္က