တစ်ဦးဦးကို မရရအောင် ခေါ်ယူသွားလိုနေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ ယခုနွေရာသီမှာ ကွင်းလယ်ကစားသမား ၄ ဦးကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားကြောင်း Mundo Deportivo က ထုတ်ဖော်ခဲ့ပါတယ်။

ဇီဒန်းဟာ ယခုနွေရာသီမှာ အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပြီး လူကာမိုဒရစ်၊ တိုနီခရူးစ်၊ ကက်စမဲရိုးတို့ကို ပွဲထွက်ခွင့်အတွက် စိန်ခေါ်မှုတစ်ခုအနေနဲ့ ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးပမာဏ သုံးစွဲပြီး ဟာဇက်၊ လူကာဂျိုဗစ်၊ ဖာလန်းမန်ဒီ၊ အီဒါမီလီတာအို၊ ရိုဒရိုင်ဂိုတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ ပေါ့ဂ်ဘာ၊ ခရစ်ရှန်အဲရစ်ဆင်၊ ဒွန်နီဗန်ဒီဘိခ်၊ အန်ဒွန်ဘီလီတို့ ၄ ဦးထဲက အနည်းဆုံး ၁ ဦးကို မရရအောင် ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ဇီဒန်းရဲ့ ယခုနွေရာသီ နံပါတ်တစ်ဦးစားပေး ပစ်မှတ်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး ချီးကျူးစကား ပြောကြားခဲ့သူဖြစ်ပါတယ်။

“ကျွန်တော် သူနဲ့ လူချင်းသိပါတယ်။ သူ အသင်းအတွက် အများကြီး ယူဆောင်ပေးနိုင်ပါတယ်။ သူ လုပ်သလောက် အသင်းအတွက် ယူဆောင်ပေးနိုင်တဲ့ကစားသမားက နည်းနည်းပဲ ရှိပါတယ်”

“သူက ဘယ်လိုခံစစ်ကစားရမလဲ၊ ဘယ်လို တိုက်စစ်ဆင်ရမလဲဆိုတာကိုသိတဲ့ ကွင်းလယ်ကစားသမားပါ။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့ကစားသမားမဟုတ်ပါဘူး။ သူက မန်ချက်စတာမှာပါ”

“သူ အမြဲတမ်းပြောတာက မန်ချက်စတာယူနိုက်တက်ပြီးရင် မက်ဒရစ်က သူ့ကို အမြဲစိတ်ဝင်စားခဲ့တယ်တဲ့။ အဲဒီတော့ မန်ချက်စတာမှာ သူ့ရဲ့အတွေ့အကြုံတွေအဆုံးမှာ ဘာကြောင့် မက်ဒရစ်ကို မလာရမှာလဲ”လို့ ပြောကြားခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။



က္က