နည်းပြသစ်အဖြစ် ဇီဒန်းရောက်ရှိလာပြီးနောက် ဂါရတ်ဘေးလ် နဲ့ လူကာမိုဒရစ်တို့ကို ပြန်လည်ရောင်းချပြီးတော့ အဆိုပါ ကစားသမားတွေအတွက် ရရှိတဲ့ ငွေကြေးတွေကိုလည်း ကစားသမားသစ် ဝယ်ယူဖို့အတွက် အသုံးပြုသွားဦးမယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဇီဒန်းဟာ လာမယ့်ရာသီအတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၃၀၀)အထိ ရရှိသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်ကနေ ထွက်ခွာပြီး (၁၀)လအကြာမှာ အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇီဒန်းဟာ ရီးရဲလ်ကို စိတ်ကြိုက်ပြုပြင်တည်ဆောက်ဖို့ များပြားလှတဲ့ ငွေကြေးပမာဏကို ရရှိတော့မှာလို့ Independent က ဖော်ပြသွားခဲ့ပါတယ်။
လာမယ့်ရာသီမှာ အသင်းကို နာမည်ကျော်ကစားသမားတွေ ခေါ်ယူအားဖြည့်ဖို့အတွက် ရီးရဲလ်မက်ဒရစ်က ဆန္ဒရှိနေပြီး ဘာနေဗျူးကလပ်ရဲ့ ဝယ်ယူလိုတဲ့ ကစားသမားတွေထဲမှာ နေမာ၊ ကိုင်လီယန်ဘတ်ပီ၊ အီဒင်ဟာဇက် နဲ့ အဲရစ်ဆန်တို့လို ကစားသမားတွေ ပါဝင်နေတယ်လို့ သိရပြီး ထိပ်တန်းအဆင့်ကစားသမားတွေကို ရီးရဲလ်က ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ဇီဒန်းအတွက် အဆိုပါငွေကြေးကို ထုတ်ပေးဖို့ အသင်းဥက္ကဌ ပီရက်ဇ်က ကတိပေးခဲ့တာဖြစ်ပြီး ဇီဒန်းကို အဆိုပါအချက်နဲ့ အသင်းကို ပြန်လည်ရောက်ရှိလာဖို့ စည်းရုံးခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ ရီးရဲလ်ကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက် ရယူပေးခဲ့အပြီး အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ဇီဒန်းနဲ့ ပီရက်ဇ်တို့ရဲ့ ပြန်လည်ပေါင်းစည်းမှုက စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာလည်း ပီရက်ဇ်က "ဇီဒန်းက ပြင်သစ်လူမျိုးတစ်ဦးပါ၊ ဒါကြောင့် ဘတ်ပီနဲ့ ပတ်သက်ပြီး သူ တစ်စုံတစ်ရာတော့ လုပ်နိုင်မှာပါ" လို့ ဟာသလုပ် ပြောဆိုခဲ့ပါသေးတယ်။ ဇီဒန်းကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်ကတည်းက ရီးရဲလ်က နေမာ နဲ့ ဘတ်ပီတို့ထဲ က
ဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေသူဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗီုလ်လုပွဲအပြီး ဇီဒန်းနဲ့ ဆက်သွယ်မှုလုံးဝမရှိဘူးလို့ ဝန်ခံခဲ့သူလည်း ဖြစ်ပါတယ်။