လာလီဂါဖလားကို ၃၄ကြိမ်မြော်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Pyae Phyo Thein

ဗီလာရီးရဲလ်ကို ၂-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့အပြီး ရီးရဲလ်ဟာ လက်ကျန်တစ်ပွဲအလိုမှာပဲ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။


စပိန်လာလီဂါဖလားကို ၃၄ ကြိမ်မြောက်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းဆွတ်ခူးအပြီးမှာ အသင်းခေါင်းဆောင်ရာမို့စ်က ဇီဒန်းထိသမျှအရာအားလုံးဟာ ရွှေဖြစ်ခဲ့တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။ ဗီလာရီးရဲလ်ကို ၂-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့အပြီး ရီးရဲလ်ဟာ လက်ကျန်တစ်ပွဲအလိုမှာပဲ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဇီဒန်းအနေနဲ့အသင်းကို ပြန်လည်ရောက်ရှိလာခဲ့အပြီးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ ရီးရဲလ်အတွက်တော့ ဆယ်နှစ်အတွင်းမှာ လာလီဂါဖလားကို ၃ကြိမ်မြောက်ရရှိမှုဖြစ်ပြီး ဘန်ဇီမာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ယူကာ ဘာစီလိုနာရဲ့ရလဒ်ကို စောင့်ကြည့်နေစရာမလိုဘဲ ဆုဖလားရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရာမို့စ်က "ဇီဒန်းလက်နဲ့ ထိလိုက်ရင် ရွှေပါပဲ၊ သူနဲ့ သူ့ရဲ့အလုပ်အပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိခဲ့ပါတယ်၊ သူက မတူကွဲပြားမှုတွေကို ပြုလုပ်နိုင်သူတစ်ဦးပါ၊ ကစားသမားတွေ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်၊ သူ ဒီမှာ အချိန်အကြာကြီးရှိနေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ သူက ပြိုင်ဘက်ကင်တစ်ဦးပါ"

"ဒီဆုဖလားက အလုပ်လုပ်တဲ့အတွက် ဆုလာဘ်ပါပဲ၊ တည်ငြိမ်မှု၊ ဟန်ချက်ညီမှုတွေကြောင့်ပါ၊ ကျွန်တော်တို့ ဒီအတွက်အများကြီးလုပ်ခဲ့ရပြီးတော့ နိုင်ပွဲတွေလည်းအများကြီးရခဲ့ပါတယ်၊ အနိုင်ရဖို့ အားလုံးကို လုပ်ဆောင်ခဲ့ရပါတယ်" လို့ ရာမို့စ်က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ရာမို့စ်က "ဥက္ကဌက ဘာပဲပြောပြော ကျွန်တော်ကျေနပ်မှာပါ၊ ဒီမှာပဲ ကျွန်တော့်ကစားသမားဘဝကို ကုန်ဆုံးသွားပါမယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က