အေစီနဲ့ အနာဂတ်ကို သွယ်ဝိုက်ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အေစီမီလန်အနေနဲ့ လက်ရှိရပ်တည်မှုအဆင့်အတိုင်းသာ ဖြစ်နေဦးမယ်ဆိုရင် သူ့ရဲ့အနာဂတ်က မသေချာဘူးလို့ ဇလာတန်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ 


စကားခပ်ကြွယ်ကြွယ်၊ လေလုံးခပ်ထွားထွားနဲ့ ဆွီဒင်သားကြီးဇလာတန်ကတော့ သူက ယူရိုပါလိဂ်ကန်မယ့် ကစားသမားမျိုးမဟုတ်ဘူးလို့ ပြောလိုက်ပြန်ပါပြီ။ အေစီမီလန်အနေနဲ့ လက်ရှိရပ်တည်မှုအဆင့်အတိုင်းသာ ဖြစ်နေဦးမယ်ဆိုရင် သူ့ရဲ့အနာဂတ်က မသေချာဘူးလို့ ဇလာတန်ကပြောဆိုခဲ့ရာမှာ အထက်ပါအတိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးကြီးဟာ အသင်းဟောင်းမီလန်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီးနောက် ၆ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ အေစီမီလန်ဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆက်တိုက်ကောင်းနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့တော့ ၁၆ မှတ် ကွာဟနေပြီး လက်ကျန် ၇ ပွဲကို ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။ 

အေစီမီလန်ဟာ လက်ရှိနည်းပြပီအိုလီနေရာမှာ ဂျာမန်လူမျိုးနည်းပြ ရန်းဂ်နစ်ခ်ကို ခန့်အပ်ဖို့သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ ဇလာတန်ကတော့ အသင်းကိုမရောက်လာသေးတဲ့ နည်းပြသစ်က ဘယ်သူလဲလို့ မေးခွန်းပြန်ထုတ်ခဲ့ပြီး သူက ယူရိုပါလိဂ်ကစားမယ့်သူမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း Sports' Sportweek မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပြောဆိုသွားခဲ့ပါတယ်။ 

"အီဘရာက တစ်စုံတစ်ခုအနိုင်ရဖို့အတွက်ကစားမယ် ဒါမှမဟုတ် အိမ်မှာပဲ သူ နေနေပါလိမ့်မယ်၊ အမေရိကမှာ အေးအေးဆေးဆေးကစားပြီး အနားယူနေတာလို့ လူတွေကပြောခဲ့ပါတယ်၊ ဒီအတွက် မီလန်ကို ကျွန်တော်ပြန်လာခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာပြင်းပြမှုနဲ့ ကျွန်တော်ကစားပေးနေတာက ဒီအသင်းကို အလွတ်ပြောင်းလာခဲ့လို့ပါ၊ ကိုဗစ်အနေအထားက အားလုံးကို ရပ်တန့်စေခဲ့ပါတယ်"


"'ဒါက ကျွန်တော့်ကို အနားယူဖို့အတွက် ပြောတာမျိုးလည်းဖြစ်နိုင်ပါတယ်၊ ကံကောင်းစွာနဲ့ ကွင်းထဲပြန်ဝင်ခွင့်ရခဲ့ပြီး ဒဏ်ရာပြသနာတချို့ရှိခဲ့ပေမယ့် အသင်းအတွက် ကစားဖို့ ကျွန်တော် အသင့်ဖြစ်နေခဲ့တာပါ၊ အဲဒါ အီဘရာပါပဲ၊ ဒါပေမယ့် ကျွန်တော့်အခြေအနေက နှေးကွေးတယ်လို့ သူတို့ကပြောနေကြပါတယ်၊ အီဘရာက ဘောလုံးကစားဖို့ မွေးဖွားလာခဲ့တာပါ၊ အကောင်းဆုံးလည်း ကစားနေနိုင်ပါသေးတယ်"


"လက်ရှိအနေအထားအတိုင်းဆိုရင် မီလန်မှာ ကျွန်တော်ဆက်ရှိနိုင်မယ်မထင်ပါဘူး၊ အီဘရာက ယူရိုပါလိဂ်ကစားမယ့် ကစားသမားမဟုတ်ပါဘူး၊ မီလန်ကလည်း ယူရိုပါလိဂ်မှာပဲ ဝင်ကန်နေရမယ့်အသင်းမဟုတ်ဘူး" လို့ ဇလာတန်က ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က