နောက်ထပ်ထိပ်တန်းလိဂ်တစ်ခုကို ပရိသတ်တွေ ကြည့်ရှုရတော့မှာပါ။

ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့မှာ အပြီးသတ်သွားမှာလည်းဖြစ်လို့ ၃ ရက်ကို တစ်ပွဲနှုန်းကစားသွားဖို့ စီစဉ်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ဇွန်လ ၁၁ ရက်နေ့မှာ ဆီဗီလာ နဲ့ ရီးရဲလ်ဘက်တစ်တို့ကစားသွားမယ့် ဒါဘီပွဲနဲ့ လာလီဂါပြန်ကန်ပွဲတွေကို စတင်တော့မှာဖြစ်တယ်လို့ လာလီဂါအဖွဲ့ချုပ်က အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ မတ်လအတွင်းမှာ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ၂လအကြာမှာ လာလီဂါပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး ပွဲစဉ်ဇယားအပြည့်အစုံကိုပါ ထုတ်ပြန်သွားခဲ့ပါတယ်။



လက်ကျန်ပွဲပေါင်း ၁၁ ပွဲကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး ခြောက်ပတ်တာကာလအတွင်းမှာ ပြီးပြတ်အောင်ကစားသွားမှာဖြစ်ကာ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆုဖလားအတွက် ပြိုင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့မှာ အပြီးသတ်သွားမှာလည်းဖြစ်လို့ ၃ ရက်ကို တစ်ပွဲနှုန်းကစားသွားဖို့ စီစဉ်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

လက်ရှိမှာတော့ ဘာစီလိုနာက ရမှတ် ၂မှတ်အသာနဲ့ ရီးရဲလ်ကို ဦးဆောင်နေတာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေကတော့ သူတို့နှစ်သင်းအတွက် တော်တော်လေးအရေးပါလာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်တော့ ဆီဗီလာ၊ ဆိုဆီဒက်၊ ဂီတာဖေးနဲ့ အက်သလက်တီကိုတို့ အပြိုင်အဆိုင်ဖြစ်နေခဲ့လို့လည်း လက်ကျန်လာလီဂါပွဲတွေက အကြိတ်အနယ်ရှိလာမှာ သေချာပါတယ်။ 

ဘာစီလိုနာကတော့ လက်ကျန်ပွဲတွေအဖြစ် မာယော့ကာ၊ လီဂါနက်စ်၊ ဆီဗီလာ၊ ဘီလ်ဘာအို၊ ဆယ်လ်တာဗီဂို၊ အက်သလက်တီကို၊ ဗီလာရီးရဲလ်၊ အက်စ်ပန်ညို၊ ဗယ်လာဒိုလစ်၊ အိုဆာဆူနာ၊ ဒီပို့တီဗိုတို့ရဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ အီဘာ၊ ဗလန်စီယာ၊ ဆိုဆီဒက်၊ မာယော့ကာ၊ အက်စ်ပန်ညို၊ ဂီတာဖေး၊ ဘီလ်ဘာအို၊ ဒီပို့တီဗို၊ ဂရန်နာဒါ၊ ဗီလာရီးရဲလ်၊ လီဂါနက်စ်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က