မနေ့က ဗီဒီယိုအစည်းအဝေးအပြီး သတင်းထုတ်ပြန်လာတာပါ။
Kyaw Ko Ko Sint

မတ်လအတွင်းကစားမယ့် ပွဲတွေကိုရွှေ့ပြီး ဇွန်လအတွင်း သတ်မှတ်ထားသော်လည်း ယခုအခါ ထပ်မံ ရွှေ့ဆိုင်းလိုက်တာပါ။

ဇွန်လအတွင်းမှာကျင်းပဖို့ စီစဥ်ထားတဲ့ ကလပ်နဲ့ နိုင်ငံပွဲအားလုံးကို ရပ်နားလိုက်ပြီလို့ ယူအီးအက်ဖ်အေက မနေ့က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာအတည်ပြု ထုတ်ပြန်လိုက်တယ်လို့ ဆင်ဟွာသတင်းဌာန က ဖော်ပြလာပါတယ်။



ကလပ်အသင်းပွဲတွေက ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲတွေ အပါအဝင် နိုင်ငံပွဲတွေ ဖြစ်တဲ့ ခြေစမ်းပွဲ၊ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကိုပါ ရပ်နားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အခုဆုံးဖြတ်ချက်ကိုတော့ ဥရောပ ယူအီးအက်ဖ်အေ အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံနဲ့ ဗီဒီယို အစည်းအဝေးအပြီးမှာ ထုတ် ပြန်လာတာပါ။

ယူအီးအက်ဖ်အေအနေနဲ့ မတ်လအတွင်းကစားဖို့ ရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအပါအဝင် ယူရို ၂၀၂၀ ခြေစစ်ပွဲ တွေကိုလည်း ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

အဆိုပါ ပွဲတွေကို ဇွန်လ ၄ ရက်နဲ့ ၉ ရက်နေ့တွေမှာ ပြန်ကစားဖို့ မူလ စီစဥ်ထားတာ ဖြစ်ပေမယ့်လည်း အခုအခါ ထပ်မံ ရွှေ့ဆိုင်းလိုက်တာပါ။

ဒါကြောင့် ၂၀၁၉-၂၀ ဘောလုံးရာသီကို ပြီးဆုံး‌အောင် ကျင်းပနိုင်ဖို့ဆိုရင် အနည်းဆုံး သြဂုတ်လ အထိ စောင့်ရဖို့ ရှိနေပါတယ်။


Author


က္က