မြန်မာ့ဘောလုံးလောက မအောင်မြင်လို့ ပရိသတ်တွေက ဝိုင်းဝန်း ဖိအားပေးနေချိန်မှာ ဦးဇော်ဇော်က သူတို့ကို မေတ္တာထားပြီး သူတို့လိုချင်တာ ဖြည့်ဆည်းပေးရမှာ ကျွန်တော်တို့ တာဝန်သာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မြန်မာ့ဘောလုံးလောက မအောင်မြင်ရတဲ့အပေါ် ဝေဖန်သေူတွေကို မေတ္တာထားပြီး သူတို့လိုချင်တာကို ဖြည့်ဆည်းပေးရမှာ ကျွန်တော်တို့ရဲ့ တာဝန်အဖြစ် ရှိနေ တယ်လို့ ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ ကလေးတွေ အာဟာရ မပြည့်လို့ ခန္ဓာကိုယ်တွေ သေးငယ်နေကြတာကိုတွေ့ရတယ်။မပြည့် စုံတဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့ ကြိုးစားနေရပါတယ်။ အာဆီယံမှာ လာအို၊ကမ္ဘောဒီးယားတို့ ပြိုင်ပွဲတိုင်း ပါဝင်နေချိန် ကျွန်တော်တို့က မပြိုင်နိုင်ရင် ဂုဏ်သိက္ခာကျနိုင်ပါတယ်။ဒီဂုဏ်သိက္ခာကို ကျွန်တော်တို့ ထိန်းဖို့လို ပါတယ်။ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ ရှိတာလေးနဲ့ ရှေ့ဆက်နေရမှာပါပဲ။” လို့ ဦးဇော်ဇော်က ပြောသွားပါတယ်။
မြန်မာ့ဘောလုံးလောကအနေန့ ၂၀၁၈ ခုနှစ်မှာ ချန်ပီယံအသင်း မပေါ်ပေါက်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲကို ၄ ကြိမ်အထိ တက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပရိသတ်တွေကတော့ မြန်မာ့ဘောလုံးလောကကို မအောင်မြင်နိုင်လွန်းလို့ မချိတင်ကဲ ဖြစ်နေ ကြတာ ဖြစ်ပါတယ်။ ၏ဒီအချိန်မှာတော့ ဦးဇော်ဇော်က ဘောလုံးလောကအောင်မြင်ဖို့အတွက် ရပ်တန့်သွားမှာ မဟုတ်ပဲ ရှေ့ဆက်အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။ မြန်မာအသင်းအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။