မြန်မာနိုင်ငံက MIC အသင်းက ကိုယ်စားပြု -ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ယခင်က တတိယ နှစ်ကြိမ်အထိ ရရှိထားဖူးပါတယ်။
Photo - MIC
AFF Futsal Club Championship 2018 ရဲ့ ပထမဆုံးပြိုင်ပွဲ အဖြစ် MIC FC နဲ့ ဘရူနိုင်းကလပ် Aribisyam FC တို့ဟာ ဒီကနေ့ ဇူလိုင် ၁၅ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၁ နာရီ အချိန်မှာ အင်ဒိုနားရှားနိုင်ငံ ယိုဂျာကာတာမြို့ Stadium UNYအတွင်း ယှဉ်ပြိုင်ကစားကြပါတယ်။
မြန်မာကလပ်အသင်းဖြစ်တဲ့ MIC အသင်းက ၉-၀ ဂိုးနဲ့ ဘရူနိုင်းကလပ် Aribisyam FC အသင်းကို အနိုင်ရရှိခဲ့ပြီး အဖွင့်ပွဲ မျက်နှာပန်းလှခဲ့ပါ တယ်။
ဒီပြိုင်ပွဲကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပနေတာ ဖြစ်ပြီး အာဆီယံ နိုင်ငံကိုယ်စီက ပြည်တွင်းဖူဆယ်လိဂ် တွေက ချန်ပီယံတွေပဲ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
MIC အသင်းကတော့ ပြီးခဲ့တဲ့နှစ်က ပြည်တွင်း ဖူဆယ်လိဂ်မှာ ချန်ပီယံတော့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြည်ယူနိုက်တက်အ သင်းက အသင်းဖျက်သိမ်းလိုက်တာကြောင့် အဆိုပါ အသင်းနေရာမှာ အစားထိုးဝင်ရောက်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း MIC အသင်းဟာ ယခု ယှဉ်ပြိုင်နေတဲ့ AFF Futsal Club Championship ပြိုင်ပွဲကို ယခင်က ၂ ကြိမ်တိတိ ဝင်ရောက် ယှဉ်ပြိုင် ဖူးပြီး တတိယ နှစ်ကြိမ် ရရှိထားပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာတောာ့ မြန်မာကလပ် MIC အသင်းဟာ အုပ်စု(က)မှာ ယခုကစားခဲ့တဲ့ ဘရူနိုင်းကလပ် Aribisyam FC၊ သြစတြေးလျ ကလပ် East Coast Heat နဲ့ ကမ္ဘောဒီးယား ကလပ် U.Y.F.C Komchaymear တို့နဲ့အတူ ကျရောက်နေပါတယ်။
သြစတြေးလျ ကလပ်အသင်းနဲ့ကတော့ ၂၀၁၅ ခုနှစ်တုန်းက တတိယနေရာလုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး MIC အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိထားပါ တယ်။
အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ကျင်းပခဲ့တဲ့ ၃ ကြိမ်စလုံးမှာ ထိုင်းကလပ် Port အသင်းက သာ ချန်ပီယံ ဖြစ်ထားပြီး အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပါတယ်။
မြန်မာအသင်းကတော့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယားကလပ် U.Y.F.C Komchaymear အသင်းနဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
ျမန္မာႏိုင္ငံက MIC အသင္းက ကိုယ္စားျပဳ -၀င္ေရာက္ယွဥ္ၿပိဳင္ေနတာ ျဖစ္ၿပီး ယခင္က တတိယ ႏွစ္ႀကိမ္အထိ ရရွိထားဖူးပါတယ္။
Photo - MIC
AFF Futsal Club Championship 2018 ရဲ႕ ပထမဆံုးၿပိဳင္ပြဲ အျဖစ္ MIC FC နဲ႔ ဘ႐ူႏိုင္းကလပ္ Aribisyam FC တို႔ဟာ ဒီကေန႔ ဇူလိုင္ ၁၅ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၁ နာရီ အခ်ိန္မွာ အင္ဒိုနားရွားႏိုင္ငံ ယိုဂ်ာကာတာၿမိဳ႕ Stadium UNYအတြင္း ယွဥ္ၿပိဳင္ကစားၾကပါတယ္။
ျမန္မာကလပ္အသင္းျဖစ္တ့ဲ MIC အသင္းက ၉-၀ ဂိုးနဲ႔ ဘရူႏိုင္းကလပ္ Aribisyam FC အသင္းကို အႏိုင္ရရွိခဲ့ၿပီး အဖြင့္ပြဲ မ်က္ႏွာပန္းလွခဲ့ပါ တယ္။
ဒီၿပိဳင္ပြဲကို အာဆီယံ ေဘာလုံးအဖြဲ႕ခ်ဳပ္က ႀကီးမွဴး က်င္းပေနတာ ျဖစ္ၿပီး အာဆီယံ ႏိုင္ငံကိုယ္စီက ျပည္တြင္းဖူဆယ္လိဂ္ ေတြက ခ်န္ပီယံေတြပဲ ပါ၀င္ယွဥ္ၿပိဳင္ၾကတာ ျဖစ္ပါတယ္။
MIC အသင္းကေတာ့ ၿပီးခဲ့တဲဲ့ႏွစ္က ျပည္တြင္း ဖူဆယ္လိဂ္မွာ ခ်န္ပီယံေတာ့ ျဖစ္ခဲ့တာ မဟုတ္ပါဘူး။ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ျပည္ယူႏုိက္တက္အ သင္းက အသင္းဖ်က္သိမ္းလိုက္တာေၾကာင့္ အဆိုပါ အသင္းေနရာမွာ အစားထိုး၀င္ေရာက္ယွဥ္ၿပိဳင္ေနတာလည္း ျဖစ္ပါတယ္။
ဒါေပမယ့္လည္း MIC အသင္းဟာ ယခု ယွဥ္ၿပိဳင္ေနတဲ့ AFF Futsal Club Championship ၿပိဳင္ပြဲကို ယခင္က ၂ ႀကိမ္တိတိ ၀င္ေရာက္ ယွဥ္ၿပိဳင္ ဖူးၿပီး တတိယ ႏွစ္ႀကိမ္ ရရွိထားပါတယ္။
ဒီႏွစ္ၿပိဳင္ပြဲမွာေတာာ့ ျမန္မာကလပ္ MIC အသင္းဟာ အုပ္စု(က)မွာ ယခုကစားခဲဲ့တဲ့ ဘရူႏိုင္းကလပ္ Aribisyam FC၊ ၾသစေၾတးလ် ကလပ္ East Coast Heat နဲ႔ ကေမၻာဒီးယား ကလပ္ U.Y.F.C Komchaymear တို႔နဲ႔အတူ က်ေရာက္ေနပါတယ္။
ၾသစေၾတးလ် ကလပ္အသင္းနဲဲ႔ကေတာ့ ၂၀၁၅ ခုႏွစ္တုန္းက တတိယေနရာလုပြဲမွာ ေတြ႕ဆုံခဲ့ဖူးၿပီး MIC အသင္းက ၄-၂ ဂိုးနဲဲ႔ အႏိုင္ရရိွထားပါ တယ္။
အာဆီယံ ဖူဆယ္ကလပ္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို ၂၀၁၅ ခုႏွစ္က စတင္က်င္းပခဲ့တာ ျဖစ္ၿပီး က်င္းပခဲ့တဲ့ ၃ ႀကိမ္စလုံးမွာ ထုိင္းကလပ္ Port အသင္းက သာ ခ်န္ပီယံ ျဖစ္ထားၿပီး အေအာင္ျမင္ဆုံးအျဖစ္ ရပ္တည္ေနပါတယ္။
ျမန္မာအသင္းကေတာ့ အုပ္စု ဒုတိယပြဲစဥ္အျဖစ္ ဇူလိုင္လ ၁၆ ရက္ေန႔မွာ ကေမၻာဒီးယားကလပ္ U.Y.F.C Komchaymear အသင္းနဲ႔ ဆက္လက္ ကစားရမွာ ျဖစ္ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.