• Local Sports
    ဦးဆောင်ဂိုးကိုမထိန်းနိုင်လို့ အာဆီယံဘုရင်ကို နန်းချခွင့် လက်လွှတ်လိုက်ရတဲ့ မြန်မာ
Kyawko Ko
[Unicode Version]

အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ MIC အသင်းအနေနဲ့ အမြင့်ဆုံးအဖြစ် ၂၀၁၅နဲ့ ၂၀၁၆  ခုနှစ်တွေမှာ တတိယ ၂ ကြိမ်ရယူထားဖူးထားပါတယ်။

df.png 

အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာကလပ် MIC အသင်းနဲ့ ထိုင်းကလပ်  BANGKOK BTS FC အသင်းတို့ ယှဉ် ပြိုင်ကစားခဲ့ရာမှာတော့ MIC အသင်းက ပထမပိုင်းမျာ ၁-၀ ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။

MIC အသင်းရဲ့ အာဆီယံဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအလားအလာ? 

ဒီပြိုင်ပွဲမှာ ထိုင်းကသာ ချန်ပီယံ ဖြစ်ထားတာ ဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့ပေမယ့် မြန်မာအသင်းက အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင် ကာယခုလို အနိုင်ယူပြခဲ့တာလည်း ဖြစ်ပါတယ်။

mm.png 

ဒါပေမယ့်လည်း ဒုတိယပိုင်းအရောက်မှာတော့ ထိုင်းအသင်းက လိုအပ်နေတဲ့ ချေပဂိုးအတွက် တိုက်စစ်မြှင့်လာခဲ့သလို မြန်မာအသင်းကလည်း ခံစစ်အားပြု ကစားတဲ့ ဟန်ကြောင့် ထိုင်းက ဖိအားပေးနိုင်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ပထမပိုင်း မှာ ကျောနံပါတ်(၄) နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရလို့ ဖူဆယ် စည်းမျဉ်းအရ ၃ မိနစ် တစ်ယောက်လျော့ အနေ အထားနဲ့ ကစားခဲ့ရပါသေးတယ်။

mmm.png 

ဒီလို အခက်ခဲဆုံး အချိန်မှာ ထိုင်းတိုက်စစ်ကို ကြံ့ကြံ့ခံ ကစားသွားတဲ့ မြန်မာကလပ် MIC အသင်းသားတွေရဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။

သို့သော်လည်း ထိုင်းအသင်းက ဒုတိယပိုင်း မိနစ်တွေမှာ လိုအပ်နေတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့တာကြောင့် ပွဲအပြီး မှာတော့ ၃-၁ ဂိုးနဲ့အနိုင်ယူကာ ဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။

ဒီပွဲက နှစ်သင်းစလုံးက ကလပ်အသင်းတွေ ဖြစ်ပေမယ့်လည်း ကိုယ်စီ နိုင်ငံ့လက်ရွေးစင်တွေ အများအပြားပါဝင်ခဲ့လို့လည်း မြိုင်ဆိုင်ခဲ့ပြီး မြန်မာ့ လက်ရွေးစင်အသင်းနဲ့ ထိုင်းလက်ရွေးစင်အသင်းတို့ ကစားနေတဲ့ ပွဲကို ကြည့်နေခဲ့ရသလိုပါပဲ။

မြန်မာအသင်းကတော့ အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲကြီးကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး တတိယနေရာလုပွဲအတွက်သာ ပြင်ဆင်ရပါတော့မယ်။

ထိုင်းကလပ်အသင်းတွေက ဒီအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ထားတာဖြစ်သလို ဒီတစ်ကြိမ်လည်း ချန် ပီယံဆုနဲ့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ပါပြီ။

[Zawgyi Version]

အာဆီယံဖူဆယ္ကလပ္ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ MIC အသင္းအေနနဲ႔ အျမင့္ဆုံးအျဖစ္ ၂၀၁၅နဲ႔ ၂၀၁၆  ခုႏွစ္ေတြမွာ တတိယ ၂ ႀကိမ္ရယူထားဖူးထားပါတယ္။

 

အာဆီယံဖူဆယ္ကလပ္ခ်န္ပီယံရွစ္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာကလပ္ MIC အသင္းနဲ႔ ထိုင္းကလပ္  BANGKOK BTS FC အသင္းတို႔ ယွဥ္ ၿပိဳင္ကစားခဲ့ရာမွာေတာ့ MIC အသင္းက ပထမပိုင္းမ်ာ ၁-၀ ဂိုးနဲ႔ ႏုိင္ေနခဲ့ပါတယ္။

MIC အသင္းရဲ႕ အာဆီယံဖူဆယ္ ကလပ္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲအလားအလာ? 

ဒီၿပိဳင္ပြဲမွာ ထိုင္းကသာ ခ်န္ပီယံ ျဖစ္ထားတာ ျဖစ္ၿပီး ၿပိဳင္ပြဲတစ္ခုလုံးကို စိုးမိုးထားႏိုင္ခဲ့ေပမယ့္ ျမန္မာအသင္းက အေကာင္းဆုံး ပုံစံနဲ႔ ရင္ဆုိင္ ကာယခုလို အႏိုင္ယူျပခဲ့တာလည္း ျဖစ္ပါတယ္။

 

ဒါေပမယ့္လည္း ဒုတိယပိုင္းအေရာက္မွာေတာ့ ထုိင္းအသင္းက လိုအပ္ေနတဲ့ ေခ်ပဂိုးအတြက္ တိုက္စစ္ျမွင့္လာခဲ့သလို ျမန္မာအသင္းကလည္း ခံစစ္အားျပဳ ကစားတဲ့ ဟန္ေၾကာင့္ ထုိင္းက ဖိအားေပးႏိုင္ခဲ့ပါတယ္။

ျမန္မာအသင္းအေနနဲ႔ ပထမပိုင္း မွာ ေက်ာနံပါတ္(၄) ႏွစ္၀ါတစ္နီနဲ႔ ထုတ္ပယ္ခံရလို႔ ဖူဆယ္ စည္းမ်ဥ္းအရ ၃ မိနစ္ တစ္ေယာက္ေလ်ာ့ အေန အထားနဲ႔ ကစားခဲ့ရပါေသးတယ္။

 

ဒီလို အခက္ခဲဆုံး အခ်ိန္မွာ ထုိင္းတို္က္စစ္ကို ၾကံ့ၾကံ့ခံ ကစားသြားတဲ့ ျမန္မာကလပ္ MIC အသင္းသားေတြရဲ႕ စိတ္ဓာတ္ကေတာ့ ခ်ီးက်ဴးစရာ ေကာင္းလွပါတယ္။

သို႔ေသာ္လည္း ထုိင္းအသင္းက ဒုတိယပိုင္း မိနစ္ေတြမွာ လိုအပ္ေနတဲ့ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ ျပန္လည္သြင္းယူသြားခဲ့တာေၾကာင့္ ပြဲအၿပီး မွာေတာ့ ၃-၁ ဂိုးနဲ႔အႏိုင္ယူကာ ဗိုလ္လုပြဲကို တက္လွမ္းသြားပါတယ္။

ဒီပြဲက ႏွစ္သင္းစလုံးက ကလပ္အသင္းေတြ ျဖစ္ေပမယ့္လည္း ကိုယ္စီ ႏိုင္ငံ့လက္ေရြးစင္ေတြ အမ်ားအျပားပါ၀င္ခဲ့လို႔လည္း ၿမိဳင္ဆိုင္ခဲ့ၿပီး ျမန္မာ့ လက္ေရြးစင္အသင္းနဲ႔ ထုိင္းလက္ေရြးစင္အသင္းတို႔ ကစားေနတဲ့ ပြဲကို ၾကည့္ေနခဲ့ရသလိုပါပဲ။

ျမန္မာအသင္းကေတာ့ အာဆီယံ ဖူဆယ္ ကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲႀကီးကို ပထမဆုံးအႀကိမ္ တက္လွမ္းႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရၿပီး တတိယေနရာလုပြဲအတြက္သာ ျပင္ဆင္ရပါေတာ့မယ္။

ထိုင္းကလပ္အသင္းေတြက ဒီအာဆီယံခ်န္ပီယံရွစ္ၿပိဳင္ပြဲ သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံ အႀကိမ္ႀကိမ္ ျဖစ္ထားတာျဖစ္သလို ဒီတစ္ႀကိမ္လည္း ခ်န္ ပီယံဆုနဲ႔ လက္တစ္ကမ္းအလိုကို ေရာက္ရွိေနခဲ့ပါၿပီ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs