• Local Sports
    ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံက ရန်ကုန်ယူနိုက်တက်လား?
Kyawko Ko
[Unicode Version]

အမှတ်ပေးဇယားကို ရမှတ် ၄၅ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ရှမ်းယူနိုက်တက်ကို ၃ ပွဲအလို ၂ မှတ်ဖြတ်ထားတာကြောင့် လက်ကျန် ပွဲတွေမှာ ရန်ကုန်အသင်း အဖြေထုတ်ရမှာပါ။

36772300_10160757444390226_434364916116226048_o.jpg

Photo - YUFC

 

၂၀၁၈ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ခဲ့တာ အခုဆိုရင်တော့ ရာသီသိမ်းဖို့ ပွဲစဉ် ၃ ပွဲလောက်သာ ကျန်နေပါတော့တယ်။

ဒီအခြေအနေမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတာ ရန်ကုန်ယူနိုက်တက်အသင်း ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အ သင်းက ဒုတိယနေရာကနေ ကပ်လျက် ဖိအားပေးနေပါတယ်။

37106228_1884473458239630_7206487748641816576_o.jpg

Photo - Shan Utd

 

မြန်မာနေရှင်နယ်လိဂ်လို့ ဆိုလိုက်ရင် ကျင်းပခဲ့တဲ့ ၂၀၀၉ ကနေ ၂၀၁၆ အထိ ချန်ပီယံဆိုလို့ ရန်ကုန်နဲ့ ရတနာပုံသာ တစ်လှည့်စီ ယူနေကြရာမှ မနှစ်က ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်မှာတော့ ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းက ပထမဆုံးအကြိမ် ကြားဖြတ်ဝင်ယူ လိုက်ပါတယ်။

ဒါကြောင့် မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံဖြစ်ဖူးတဲ့ အသင်း ၃ သင်းပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီး ဒီနှစ်မှာတော့ ယခင်ကလို့ မြန်မာနေရှင်နယ်လိဂ် က ၂ သင်းတည်းပြိုင်တဲ့ ပြိုင်ပွဲမဟုတ်တော့ပဲ ၃ သင်းပြိုင်တဲ့ ပြိုင်ပွဲစဖြစ်လာပါတော့တယ်။

Capture.PNG

ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရန်ကုန်ကို ဒုတိယနေရာက ရှမ်းက ပွဲတူ ၂ မှတ်လျော့အနေအထားနဲ့ ဖိအားပေးနေတာ ကြောင့် လက်ကျန် ၃ ပွဲက မှားတဲ့အသင်း ခံသွားရဖို့ ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ ရန်ကုန်နဲ့ရှမ်းက ပြီးခဲ့တဲ့ ပွဲစဉ် ၁၃ က လက်ကျန်ပွဲစဉ်တွေကို ကစားသွားမှာ ဖြစ်ပြီး ရန်ကုန်အသင်းက ဟံသာဝတီအသင်း ကိုလည်းကောင်း၊ရှမ်းအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကိုလည်းကောင်း အသီးသီးဧည့်ခံကစားသွားမှာပါ။

fdsa.PNG 

ဒီပွဲစဉ်တွေပြီးရင်တော့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ နဲ့ ၂၂ ကို ဆက်လက်ကစားသွားမှာ ဖြစ်ပြီး ရန်ကုန်အသင်းက မြဝတီ၊ဆောက်သမ်း မြန်မာအသင်းတို့နဲ့လည်းကောင်း၊ရှမ်းအသင်းက ရခိုင်၊မြဝတီအသင်းတို့နဲ့လည်းကောင်း အသီးသီး ကစားရပါမယ်။

ဒီနေရာမှာ နှစ်သင်းစလုံး ထိပ်တိုက်တွေ့နေတဲ့ မြဝတီအသင်းက ရာသီမကုန်ခင်မှာပင် တန်းဆင်းသွားရပြီဖြစ်သလို ရန်ကုန်အသင်းနဲ့တွေ့မယ့် ဆောက်သမ်းအသင်းကလည်း ချန်ပီယံဆုအတွက် မဆိုင်တော့သလို တန်းမဆင်းရဖို့လည်း သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

701A8181-1200x800.jpg

Photo - MNL

 

ဆက်လက်ပြီး ရှမ်းအသင်းကတော့ ရခိုင်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ရခိုင်အသင်းကတော့ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ဆောာက်သမ်းမြန်မာနည်းတူ အခြေအနေမှာ ရှိနေတာကြောင့် ရန်ကုန်ရောရှမ်းအသင်းအတွက်ပါ ပေါ့ပေါ့ပါးပါး ကစားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ဒါကြောင့် တစ်ဖက်က ကြည့်မယ်ဆိုရင် ရန်ကုန်အသင်းအနေနဲ့ ယခု ကစားရမယ့် ဟံသာဝတီနဲ့ပွဲမှာသာ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆို ရင် ချန်ပီယံဖြစ်ဖို့ သေချာသလောက်နီးပါးအထိ ရှိသွားမှာ ဖြစ်ပြီး ရှမ်းအသင်းကလည်း ယခုနှစ်မှာ လူငယ်ကစားသမားတွေနဲ့ အတွဲအဖက် ညီ ညီ ကစားနေပြီး အဆင့် ၄ နေရာထိ တက်လှမ်းထားနိုင်တဲ့ ဇွဲကပင်အသင်းကိုသာ ရလဒ်ကောင်းထားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေ မတိုင်မီ ရန်ကုန်အသင်းနဲ့ ရတနာပုံအသင်းတို့ မန္တလေးမြို့ မန္တလာသီရိကွင်းကြီးမှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ကစားခဲ့ကြပြီး ရန်ကုန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်သွားပါတယ်။

အဲ့ဒီပွဲအပြီးမှာတော့ ပရိသတ်တွေထံကနေ ဝေဖန်သံအမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး သက်ဆိုင်ရာ ကွင်းလယ်ဒိုင်ကိုလည်း ဒိုင်ကော်မတီက ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အကြောင်းကတော့ ရန်ကုန်အသင်းနဲ့ ရတနာပုံအသင်းတို့ပွဲမှ ဖြစ်စဉ်အချို့ဟာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပြီး နှစ်ဖက် နည်းပြနဲ့ ကစားသမား တွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့် အနိုင်ရသွားတဲ့ ရန်ကုန်အသင်းအပေါ်မှာလည်း ပရိသတ်နဲ့ အခြားသော အသင်းမှ ကစားသမားအချို့က ပြောဆို ဝေဖန် သံတွေ ထွက်နေတာတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီအသံတွေနဲ့အတူ ရန်ကုန်အသင်း ချန်ပီယံ ဖြစ်ခဲ့ရင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ဘယ်လိုမျိုး ဝိဝါဒတွေ ကွဲအုံးမလဲ၊လိဂ်က လာ မယ့်နှစ်တွေမှာ အခုလို အဖြစ်မျိုးတွေ လျော့ကျအောင် ဘယ်လိုမျိုးပြင်ဆင်နိုင်မှာလဲ၊ ဘယ်လိုကောင်းမွန်တဲ့ ပြုပြင်မှုတွေကို MPT နဲ့ ချုပ်ဆို ထားတဲ့ စပွန်ဆာ စာချုပ်ကာလမှာ လုပ်ဆောင်သွားနိုင်မလဲ စိတ်ဝင်တစားစောင့်ကြည့်ရပါမယ်။

မြန်မာနေရှင်နယ်လိဂ်ကို ၂၀၀၉ခုနှစ်က စတင်ခဲ့လို့ အခုဆိုရင် ၉ နှစ် ကာလကို ရောက်ရှိနေပြီ ဖြစ်ပြီး လာမယ့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်က (၁၀)စုနှစ်တစ်စုကို စတင် ကူးပြောင်းမှာ ဖြစ်တာကြောင့်လည်း သမိုင်း မှတ်တမ်း အရ အင်မတန်မှ အရေးကြီးတဲ့အချိန်မှာ မြန်မာနေရှင်နယ် လိဂ်ရဲ့ ပုံရိပ်က ထိုးတက်မှာလား၊ထိုးကျမှာလားဆိုတာ အရမ်းကို ရင်ခုန်စရာကောင်းနေပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီနှစ် ချန်ပီယံက ရန်ကုန်အသင်းအတွက် လက်တစ်ကမ်းမှာ ရောက်နေပေမယ့် ခြေချော်ခွင့်တော့ မရှိလို့ ဘယ်အသင်းပဲ ဖြစ်ဖြစ် ရန်ကုန်အသင်း ပေါ့လျော့မိတာနဲ့ ပါးစပ်နားရောက်မှ ပြုတ်ကျမယ့် ထမင်းလုပ်လို အဖြစ်မျိုးနဲ့ ကြုံနိင်တယ်လို့သာ......။

[Zawgyi Version]

အမွတ္ေပးဇယားကို ရမွတ္ ၄၅ မွတ္နဲ႔ ဦးေဆာင္ေနၿပီး ဒုတိယေနရာက ရွမ္းယူႏုိက္တက္ကို ၃ ပြဲအလို ၂ မွတ္ျဖတ္ထားတာေၾကာင့္ လက္က်န္ ပြဲေတြမွာ ရန္ကုန္အသင္း အေျဖထုတ္ရမွာပါ။

Photo - YUFC

 

၂၀၁၈ ခုႏွစ္အတြက္ ျမန္မာေနရွင္နယ္လိဂ္ ၿပိဳင္ပြဲကို စတင္ခဲ့တာ အခုဆိုရင္ေတာ့ ရာသီသိမ္းဖို႔ ပြဲစဥ္ ၃ ပြဲေလာက္သာ က်န္ေနပါေတာ့တယ္။

ဒီအေျခအေနမွာေတာ့ အမွတ္ေပးဇယားထိပ္ဆုံးကို ဦးေဆာင္ေနတာ ရန္ကုန္ယူႏိုက္တက္အသင္း ျဖစ္ၿပီး လက္ရွိခ်န္ပီယံ ရွမ္းယူႏုိက္တက္ အ သင္းက ဒုတိယေနရာကေန ကပ္လ်က္ ဖိအားေပးေနပါတယ္။

Photo - Shan Utd

 

ျမန္မာေနရွင္နယ္လိဂ္လို႔ ဆိုလိုက္ရင္ က်င္းပခဲ့တဲဲ့ ၂၀၀၉ ကေန ၂၀၁၆ အထိ ခ်န္ပီယံဆိုလို႔ ရန္ကုန္နဲ႔ ရတနာပုံသာ တစ္လွည့္စီ ယူေနၾကရာမွ မႏွစ္က ၂၀၁၇ ခုႏွစ္ ျမန္မာေနရွင္နယ္လိဂ္မွာေတာ့ ရွမ္းျပည္နယ္ ကိုယ္စားျပဳ ရွမ္းယူႏိုက္တက္အသင္းက ပထမဆုံးအႀကိမ္ ၾကားျဖတ္၀င္ယူ လိုက္ပါတယ္။

ဒါေၾကာင့္ ျမန္မာေနရွင္နယ္လိဂ္မွာ ခ်န္ပီယံျဖစ္ဖူးတဲ့ အသင္း ၃ သင္းေပၚထြက္လာခဲ့ၿပီ ျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ယခင္ကလို႔ ျမန္မာေနရွင္နယ္လိဂ္ က ၂ သင္းတည္းၿပိဳင္တဲ့ ၿပိဳင္ပြဲမဟုတ္ေတာ့ပဲ ၃ သင္းၿပိဳင္တဲ့ ၿပိဳင္ပြဲစျဖစ္လာပါေတာ့တယ္။

ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ ရန္ကုန္ကို ဒုတိယေနရာက ရွမ္းက ပြဲတူ ၂ မွတ္ေလ်ာ့အေနအထားနဲ႔ ဖိအားေပးေနတာ ေၾကာင့္ လက္က်န္ ၃ ပြဲက မွားတဲ့အသင္း ခံသြားရဖို႔ ရွိေနပါတယ္။

ဒီတစ္ပတ္မွာေတာ့ ရန္ကုန္နဲ႔ရွမ္းက ၿပီးခဲ့တဲဲ့ ပြဲစဥ္ ၁၃ က လက္က်န္ပြဲစဥ္ေတြကို ကစားသြားမွာ ျဖစ္ၿပီး ရန္ကုန္အသင္းက ဟံသာ၀တီအသင္း ကိုလည္းေကာင္း၊ရွမ္းအသင္းက ဇြဲကပင္ယူႏိုက္တက္အသင္းကိုလည္းေကာင္း အသီးသီးဧည့္ခံကစားသြားမွာပါ။

 

ဒီပြဲစဥ္ေတြၿပီးရင္ေတာ့ ျမန္မာေနရွင္နယ္လိဂ္ ပြဲစဥ္ ၂၁ နဲ႔ ၂၂ ကို ဆက္လက္ကစားသြားမွာ ျဖစ္ၿပီး ရန္ကုန္အသင္းက ျမ၀တီ၊ေဆာက္သမ္း ျမန္မာအသင္းတို႔နဲ႔လည္းေကာင္း၊ရွမ္းအသင္းက ရခိုင္၊ျမ၀တီအသင္းတို႔နဲ႔လည္းေကာင္း အသီးသီး ကစားရပါမယ္။

ဒီေနရာမွာ ႏွစ္သင္းစလုံး ထိပ္တိုက္ေတြ႕ေနတဲ့ ျမ၀တီအသင္းက ရာသီမကုန္ခင္မွာပင္ တန္းဆင္းသြားရၿပီျဖစ္သလို ရန္ကုန္အသင္းနဲ႔ေတြ႕မယ့္ ေဆာက္သမ္းအသင္းကလည္း ခ်န္ပီယံဆုအတြက္ မဆုိင္ေတာ့သလို တန္းမဆင္းရဖို႔လည္း ေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။

Photo - MNL

 

ဆက္လက္ၿပီး ရွမ္းအသင္းကေတာ့ ရခိုင္အသင္းနဲဲ႔ ကစားရမွာ ျဖစ္ၿပီး ရခိုင္အသင္းကေတာ့ အမွတ္ေပးဇယားအဆင့္ ၉ ေနရာမွာ ရပ္တည္ေနၿပီး ေဆာာက္သမ္းျမန္မာနည္းတူ အေျခအေနမွာ ရွိေနတာေၾကာင့္ ရန္ကုန္ေရာရွမ္းအသင္းအတြက္ပါ ေပါ့ေပါ့ပါးပါး ကစားႏိုင္မယ့္ အေျခအေနမွာ ရွိေနပါတယ္။

ဒါေၾကာင့္ တစ္ဖက္က ၾကည့္မယ္ဆိုရင္ ရန္ကုန္အသင္းအေနနဲ႔ ယခု ကစားရမယ့္ ဟံသာ၀တီနဲ႔ပြဲမွာသာ ရလဒ္ေကာင္းကို ပိုင္ဆိုင္ႏိုင္ခဲ့မယ္ဆို ရင္ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္နီးပါးအထိ ရွိသြားမွာ ျဖစ္ၿပီး ရွမ္းအသင္းကလည္း ယခုႏွစ္မွာ လူငယ္ကစားသမားေတြနဲ႔ အတြဲအဖက္ ညီ ညီ ကစားေနၿပီး အဆင့္ ၄ ေနရာထိ တက္လွမ္းထားႏိုင္တဲ့ ဇြဲကပင္အသင္းကိုသာ ရလဒ္ေကာင္းထားႏိုင္ဖို႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ေတြ မတုိင္မီ ရန္ကုန္အသင္းနဲ႔ ရတနာပုံအသင္းတို႔ မႏၱေလးၿမိဳ႕ မႏၱလာသီရိကြင္းႀကီးမွာ ျမန္မာေနရွင္နယ္လိဂ္ ပြဲစဥ္အျဖစ္ ကစားခဲ့ၾကၿပီး ရန္ကုန္အသင္းက ၂-၁ ဂိုးနဲ႔ အႏိုင္သြားပါတယ္။

အဲ့ဒီပြဲအၿပီးမွာေတာ့ ပရိသတ္ေတြထံကေန ေ၀ဖန္သံအမ်ိဳးမိ်ဳးထြက္ေပၚလာခဲ့ၿပီး သက္ဆိုင္ရာ ကြင္းလယ္ဒိုင္ကိုလည္း ဒိုင္ေကာ္မတီက ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

အေၾကာင္းကေတာ့ ရန္ကုန္အသင္းနဲ႔ ရတနာပုံအသင္းတို႔ပြဲမွ ျဖစ္စဥ္အခ်ိဳ႕ဟာ အျငင္းပြားဖြယ္ရာေတြ ျဖစ္ခဲ့ၿပီး ႏွစ္ဖက္ နည္းျပနဲဲ႔ ကစားသမား ေတြၾကားမွာ အျငင္းပြားမႈေတြ ျဖစ္ေပၚခဲ့တာ ျဖစ္ပါတယ္။

ဒီလုိ ျဖစ္ရပ္ေၾကာင့္ အႏုိင္ရသြားတဲ့ ရန္ကုန္အသင္းအေပၚမွာလည္း ပရိသတ္နဲ႔ အျခားေသာ အသင္းမွ ကစားသမားအခ်ိဳ႕က ေျပာဆို ေ၀ဖန္ သံေတြ ထြက္ေနတာေတြလည္း ရွိပါတယ္။

ဒါေၾကာင့္ ဒီအသံေတြနဲ႔အတူ ရန္ကုန္အသင္း ခ်န္ပီယံ ျဖစ္ခဲ့ရင္ ျမန္မာေနရွင္နယ္လိဂ္ ၿပိဳင္ပြဲမွာ ဘယ္လိုမ်ိဳး ၀ိ၀ါဒေတြ ကြဲအုံးမလဲ၊လိဂ္က လာ မယ့္ႏွစ္ေတြမွာ အခုလို အျဖစ္မ်ိဳးေတြ ေလ်ာ့က်ေအာင္ ဘယ္လိုမ်ိဳးျပင္ဆင္ႏိုင္မွာလဲ၊ ဘယ္လိုေကာင္းမြန္တဲ့ ျပဳျပင္မႈေတြကို MPT နဲ႔ ခ်ဳပ္ဆို ထားတဲ့ စပြန္ဆာ စာခ်ဳပ္ကာလမွာ လုပ္ေဆာင္သြားႏိုင္မလဲ စိတ္၀င္တစားေစာင့္ၾကည့္ရပါမယ္။

ျမန္မာေနရွင္နယ္လိဂ္ကို ၂၀၀၉ခုႏွစ္က စတင္ခဲ့လို႔ အခုဆိုရင္ ၉ ႏွစ္ ကာလကို ေရာက္ရွိေနၿပီ ျဖစ္ၿပီး လာမယ့္ ၂၀၁၉ ျမန္မာေနရွင္နယ္လိဂ္က (၁၀)စုႏွစ္တစ္စုကို စတင္ ကူးေျပာင္းမွာ ျဖစ္တာေၾကာင့္လည္း သမုိင္း မွတ္တမ္း အရ အင္မတန္မွ အေရးႀကီးတဲ့အခ်ိန္မွာ ျမန္မာေနရွင္နယ္ လိဂ္ရဲ႕ ပုံရိပ္က ထိုးတက္မွာလား၊ထိုးက်မွာလားဆိုတာ အရမ္းကို ရင္ခုန္စရာေကာင္းေနပါတယ္။

ဘာပဲ ျဖစ္ျဖစ္ ဒီႏွစ္ ခ်န္ပီယံက ရန္ကုန္အသင္းအတြက္ လက္တစ္ကမ္းမွာ ေရာက္ေနေပမယ့္ ေျခေခ်ာ္ခြင့္ေတာ့ မရွိလို႔ ဘယ္အသင္းပဲ ျဖစ္ျဖစ္ ရန္ကုန္အသင္း ေပါ့ေလ်ာ့မိတာန႔ဲ ပါးစပ္နားေရာက္မွ ျပဳတ္က်မယ့္ ထမင္းလုပ္လို အျဖစ္မ်ိဳးနဲ႔ ၾကဳံႏိင္တယ္လို႔သာ......။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs