• Local Sports
    ထိုင်းနဲ့မြန်မာ သရေကျခဲ့တဲ့ ယူ-၁၆ ခြေစမ်းပွဲ
Kyawko Ko
[Unicode Version]

မြန်မာ ယူ-၁၆ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားဝင်မြန်မာအသင်းရဲ့ လက်ထောက်နည်းပြ ဦးညီညီလတ်တာဝန်ယူကိုင်တွယ်နေပြီး အင်ဒိုနီးရှား မှာ ကစားမယ့် အာဆီယံ ယူ-၁၆ ပွဲအတွက် ပြင်ဆင်နေတာပါ။

37668750_2134357183260851_3076029309375217664_n.jpg

Photo - FA Thailand

 

အာဆီယံ ယူ-၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေနဲ့ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲကြို ခြေ စမ်းပွဲများ ကစားနေပါတယ်။

ထိုင်းရောက် ယူ-၁၆ အသင်းကို အောင်သူနဲ့အဖွဲ့ သွားရောက်အားပေး 

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပြီး ၂၁ ရက်နေ့မှာတောာ့ ဘန်ကောက်ကောလိဂ်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုပြတ်အနိုင် ယူပြထားပါတယ်။

37647971_2134437453252824_4667071434185506816_n.jpg

Photo - FA Thailand

 

ဒီကနေ့မှာတော့ ထိုင်းလက်ရွေးစင် ယူ-၁၆ အသင်းနဲ့ ခြေစမ်းပွဲထပ်မံ ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ပထမပိုင်းကတည်းက တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပြီး ဒီရလဒ်အတိုင်း ပွဲပြီးခဲ့ပါတယ်။

မြန်မာယူ-၁၆အသင်းတွက် ဂိုးကိုတော့ နောင်နောင်စိုး မိနစ်၂၄ တွင်သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။

AFF U16 Championship 2018 မှာတော့ ယူ၁၆ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု(က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော စတဲ့ ယူ၁၆ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၁ အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

[Zawgyi Version]

ျမန္မာ ယူ-၁၆ အသင္းကို ယူ-၂၀ ကမၻာ႔ဖလား၀င္ျမန္မာအသင္းရဲ႕ လက္ေထာက္နည္းျပ ဦးညီညီလတ္တာ၀န္ယူကိုင္တြယ္ေနၿပီး အင္ဒိုနီးရွား မွာ ကစားမယ့္ အာဆီယံ ယူ-၁၆ ပဲြအတြက္ ျပင္ဆင္ေနတာပါ။

Photo - FA Thailand

 

အာဆီယံ ယူ-၁၆ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာ့လက္ေရြးစင္ ယူ-၁၆ အသင္းအေနနဲ႔ ထုိင္းႏိုင္ငံမွာ ၿပိဳင္ပြဲႀကိဳ ေျခ စမ္းပြဲမ်ား ကစားေနပါတယ္။

ထိုင္းေရာက္ ယူ-၁၆ အသင္းကို ေအာင္သူနဲ႔အဖြဲ႕ သြားေရာက္အားေပး 

ၿပီးခ့ဲတဲ့ ၂၀ ရက္ေန႔က ထိုင္းႏိုင္ငံကို ထြက္ခြာသြားတာျဖစ္ၿပီး ၂၁ ရက္ေန႔မွာေတာာ့ ဘန္ေကာက္ေကာလိဂ္အသင္းကို ၄-၁ ဂိုးနဲ႔ ဂိုျပတ္အႏိုင္ ယူျပထားပါတယ္။

Photo - FA Thailand

 

ဒီကေန႔မွာေတာ့ ထုိင္းလက္ေရြးစင္ ယူ-၁၆ အသင္းန႔ဲ ေျခစမ္းပြဲထပ္မံ ကစားခဲ့ၿပီး တစ္ဖက္ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ပထမပိုင္းကတည္းက တစ္ဖက္တစ္ဂိုးစီ သေရက်ေနခဲ့တာ ျဖစ္ၿပီး ဒီရလဒ္အတုိင္း ပြဲၿပီးခဲ့ပါတယ္။

ျမန္မာယူ-၁၆အသင္းတြက္ ဂုိ္းကုိ​ေတာ့ ​ေနာင္​​ေနာင္​စုိး မိနစ္​၂၄ တြင္​သြင္​းယူ​ေပးခဲ့တယ္လို႔ သိရပါတယ္။

AFF U16 Championship 2018 မွာေတာ့ ယူ၁၆ ျမန္မာ့လက္ေရြးစင္အသင္းဟာ အုပ္စု(က) တြင္ အိမ္ရွင္ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ တီေမာ စတဲ့ ယူ၁၆ အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး ၿပိဳင္ပြဲကိုေတာ့ ဇူလိုင္ ၂၉ ကေန ၾသဂုတ္ ၁၁ အထိ အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs