• Local Sports
    မြန်မာ ယူ-၂၃ အသင်းနဲ့ အောင်သူ ဘယ်တော့ ပူးပေါင်းမှာလဲ?
Kyawko Ko
[Unicode Version]

မြန်မာအသင်းကတော့ မနေ့က ဇူလိုင် ၂၃မှာ ပြိုင်ပွဲကျင်းပမယ့် မန္တလေးကို ထွက်ခွာသွားနှင့်ပြီ ဖြစ်ပေမယ့်လည်း အောင်သူကတော့ ဇူလိုင် ၃၀ မှ အသင်းနဲ့ ပူးပေါင်းနိုုင်မှာပါ။

36800534_10155780367423182_6378273446719127552_o.jpg

Photo - Police Tero

 

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မြန်မာအပါအဝင် တောင်ကိုရီးယား ယူ-၁၉၊ဘာရိန်း ယူ-၂၃ နဲ့ ထိုင်းယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ထိုင်းရောက် ယူ-၁၆ အသင်းကို အောင်သူနဲ့အဖွဲ့ သွားရောက်အားပေး 

မြန်မာအသင်းအနေနဲ့ အာရှအားကစားပွဲတော်အတွက် အကြို ပြင်ဆင်တဲ့အနေနဲ့ ကစားတာဖြစ်ပြီး နည်းပြချုပ်အန်တွန်နီဟေးက တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။

37255739_1144451955693615_946092221982048256_n.jpg

Photo - MFF

 

အသင်းရဲ့ ပဏာမ ကစားသမား စာရင်းကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ထုတ်ပြန်ထားပြီး ဖြစ်ကာ ယူ-၂၃ အသက်ကျော်ကစားသမား ၄ ဦးနဲ့အတူ မျက်နှာသစ်ကစားသမားအချို့ကိုလည်း ရွေးချယ်ထားတာ တွေ့ရပါတယ်။

ဆူဇူကီးအကြို မြန်မာအသင်းရဲ့ ခြေစမ်းပွဲများ 

ဒါ့အပြင် ယခုလူစာရင်းမှာ ပြည်ပကလပ်မှာ ထွက်ကစားနေတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ထိုင်းလိဂ်(၁) ကလပ် Police Tero အသင်းရဲ့ တိုက်စစ်မှူး အောင်သူ ပါဝင်လာခဲ့ပါတယ်။

36268635_1125783367560474_6123275251171196928_n.jpg

Photo - MFF

 

ဖီဖာ အသိအမှတ်ပြု ပြိုင်ပွဲမဟုတ်လို့ ယခုလို ကလပ်အသင်းတွေအနေနဲ့ ကစားသမား စေလွှတ်ဖို့ သတ်မှတ်ချက်မရှိပေမယ့်လည်း Police Tero အသင်းကတော့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာာအသင်းအနေနဲ့ မနေ့က ဇူလိုင် ၂၃မှာ ပြိုင်ပွဲကျင်းပမယ့် မန္တလေးမြို့ကို ထွက်ခွသွားနှင့်ပြီ ဖြစ်ပေမယ့်လည်းအောင်သူကတော့ ဇူလိုင် ၃၀ ရက်နေ့မှသာ လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။

37710825_1153072418164902_7045130173838000128_o.jpg

Photo - MFF

 

" အောင်သူ့ကို လာရောက်ကစားခွင့်ရဖို့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ညှိုနှိုင်းမှုတွေ ပြုလုပ်ထားခဲ့တာပါ။ Police Tero အသင်းပိုင်ရှင် ကလည်း မြန်မာ လူမျိုး ဖြစ်တာကြောင့် အခုလို စေလွှတ်ပေးတာလည်း ပါပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောပါတယ်။

အောင်သူ့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယခု Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားအတွက်သာမက လာမယ့် အာရှအားကစားပွဲ တော်အတွက်ပါ တောင်းဆိုထားတယ်လို့ သိရပြီး Police Tero အသင်းကလည်း စေလွှတ်ပေးမယ်လို့ ထုတ်ဖော်ပြောထားကြောင်းလည်း ဦးကို ကိုသိန်းက ဆက်လက်ပြောပါတယ်။

လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့က သြဂုတ်လ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

[Zawgyi Version]

ျမန္မာအသင္းကေတာ့ မေန႔က ဇူလိုင္ ၂၃မွာ ၿပိဳင္ပြဲက်င္းပမယ့္ မႏၱေလးကို ထြက္ခြာသြားႏွင့္ၿပီ ျဖစ္ေပမယ့္လည္း ေအာင္သူကေတာ့ ဇူလိုင္ ၃၀ မွ အသင္းနဲဲ႔ ပူးေပါင္းႏိုုင္မွာပါ။

Photo - Police Tero

 

Alpine Cup 2018 ေလးႏိုင္ငံ ဖိ္တ္ေခၚဖလားၿပိဳင္ပြဲကို ျမန္မာအပါအ၀င္ ေတာင္ကိုရီးယား ယူ-၁၉၊ဘာရိန္း ယူ-၂၃ နဲ႔ ထုိင္းယူ-၂၃ အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ထိုင္းေရာက္ ယူ-၁၆ အသင္းကို ေအာင္သူနဲ႔အဖြဲ႕ သြားေရာက္အားေပး 

ျမန္မာအသင္းအေနနဲ႔ အာရွအားကစားပြဲေတာ္အတြက္ အႀကိဳ ျပင္ဆင္တဲ့အေနနဲ႔ ကစားတာျဖစ္ၿပီး နည္းျပခ်ဳပ္အန္တြန္နီေဟးက တာ၀န္ယူ ကိုင္တြယ္မွာ ျဖစ္ပါတယ္။

Photo - MFF

 

အသင္းရဲ႕ ပဏာမ ကစားသမား စာရင္းကိုေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက ထုတ္ျပန္ထားၿပီး ျဖစ္ကာ ယူ-၂၃ အသက္ေက်ာ္ကစားသမား ၄ ဦးနဲ႔အတူ မ်က္ႏွာသစ္ကစားသမားအခ်ိဳ႕ကိုလည္း ေရြးခ်ယ္ထားတာ ေတြ႕ရပါတယ္။

ဆူဇူကီးအႀကိဳ ျမန္မာအသင္းရဲ႕ ေျခစမ္းပြဲမ်ား 

ဒါ့အျပင္ ယခုလူစာရင္းမွာ ျပည္ပကလပ္မွာ ထြက္ကစားေနတဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ ထိုင္းလိဂ္(၁) ကလပ္ Police Tero အသင္းရဲ႕ တိိုက္စစ္မွဴး ေအာင္သူ ပါ၀င္လာခဲ့ပါတယ္။

Photo - MFF

 

ဖီဖာ အသိအမွတ္ျပဳ ၿပိဳင္ပြဲမဟုတ္လို႔ ယခုလို ကလပ္အသင္းေတြအေနနဲ႔ ကစားသမား ေစလႊတ္ဖို႔ သတ္မွတ္ခ်က္မရွိေပမယ့္လည္း Police Tero အသင္းကေတာ့ ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာာအသင္းအေနနဲဲ႔ မေန႔က ဇူလိုင္ ၂၃မွာ ၿပိဳင္ပြဲက်င္းပမယ့္ မႏၱေလးၿမိဳ႕ကို ထြက္ခြသြားႏွင့္ၿပီ ျဖစ္ေပမယ့္လည္းေအာင္သူကေတာ့ ဇူလိုင္ ၃၀ ရက္ေန႔မွသာ လာေရာက္ပူးေပါင္းမယ္လို႔ သိရပါတယ္။

Photo - MFF

 

" ေအာင္သူ႔ကို လာေရာက္ကစားခြင့္ရဖို႔ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက ညိႈႏႈိင္းမႈေတြ ျပဳလုပ္ထားခဲ့တာပါ။ Police Tero အသင္းပိုင္ရွင္ ကလည္း ျမန္မာ လူမ်ိဳး ျဖစ္တာေၾကာင့္ အခုလို ေစလႊတ္ေပးတာလည္း ပါပါတယ္။" လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရး မွဴး ဦးကိုကိုသိန္းက ေျပာပါတယ္။

ေအာင္သူ႔ကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ယခု Alpine Cup 2018 ေလးႏိုင္ငံ ဖိတ္ေခၚဖလားအတြက္သာမက လာမယ့္ အာရွအားကစားပြဲ ေတာ္အတြက္ပါ ေတာင္းဆိုထားတယ္လို႔ သိရၿပီး Police Tero အသင္းကလည္း ေစလႊတ္ေပးမယ္လို႔ ထုတ္ေဖာ္ေျပာထားေၾကာင္းလည္း ဦးကို ကိုသိန္းက ဆက္လက္ေျပာပါတယ္။

ေလးႏိုင္ငံ ဖိတ္ေခၚဖလားၿပိဳင္ပြဲကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁ ရက္ေန႔က ၾသဂုတ္လ ၅ ရက္ေန႔အထိ မႏၱေလးၿမိဳ႕ မႏၱလာသီရိ အားကစားကြင္း မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs