• Local Sports
    ဆူဇူကီးအကြို မြန်မာအသင်းရဲ့ ခြေစမ်းပွဲများ
Kyawko Ko
[Unicode Version]

မြန်မာအသင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အိမ်ရှင် လုပ်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ကာ ဒီတစ်ကြိမ်မှာတော့ အနိမ့်ဆုံး ပစ် မှတ်က ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ရေးလို့ သိထားရပါတယ်။

colin-lions-2.jpg

Photo - The Straits Times

 

အာရှအားကစားပွဲတော်အပြီး ဆက်လက်ကစားရဖို့ ရှိနေတဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၈ ခုနှစ် အတွင်း အဓိက ပစ်မှတ်ထားတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

မြန်မာ ယူ-၂၃ အသင်းနဲ့ အောင်သူ ဘယ်တော့ ပူးပေါင်းမှာလဲ? 

အဓိက ပစ်မှတ်ထားပေမယ့်လည်း ဒီပြိုင်ပွဲကို မြန်မာအသင်းအနေနဲ့ အမြင့်ဆုံး ဆီမီးဖိုင်နယ်အထိသာ တက်လှမ်းထားဖူးသလို ပြိုင်ပွဲ သမိုင်း တစ်လျှောက် ၂ ကြိမ်သာ တက်လှမ်းထားနိုင်တာလည်း ဖြစ်ပါတယ်။

Draw-Preview_Article.jpg

Photo - AFF Suzuki Cup

 

လက်ရှိမှာတော့ ဆူဇူကီး ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့က ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲကျင်းပပုံ ပြောင်းလဲလိုက်လို့ အိမ်ရှင် အတိအကျ မရှိတော့ပါဘူး။

အုပ်စုပွဲစဉ်များလည်း ထွက်ပေါ်နေပြီ ဖြစ်ပြီး ဒီနှစ်မှာတော့ ထူခြားစွာပင် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတုန်းက အသင်းတွေပင် အုပ်စု တွင်း ပြန်လည်ကျရောက်နေခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

1481253185_1-org.jpg

Photo - thephuketnews.com

 

မြန်မာ အုပ်စုမှာဆိုရင် မြန်မာ၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှားတို့ ပြန်လည်ကျရောက်နေပြီး ပြောင်းလဲလိုက်တဲ့ စနစ်အရ အုပ်စုတွင်း ၅ သင်း ဖြစ်လာလို့ လာအိုတစ်သင်း ထပ်မံ ပါဝင်လာပါတယ်။

တစ်ဖက်အုပ်စုမှာဆိုရင်လည်း ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်နဲ့ ခြေစစ်ပွဲအောာင်အသင်းတို့ ပါဝင်လာမှာ ဖြစ်ပြီး ခြေစစ်ပွဲကိုတော့ ဘရူ နိုင်း၊နဲ့အရှေ့တီမောတို့ လာမယ့် စက်တင်ဘာလ ၁ ရက်နဲ့ ၈ ရက်နေ့တွေမှာ အိမ်ကွင်း အဝေးကွင်းနှစ်ပွဲကစားပြီး အနိုင်ရတဲ့ အသင်းက လက် ကျန်တစ်နေရာ ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အိမ်ရှင် လုပ်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ကာ ဒီတစ်ကြိမ်မှာတော့ အနိမ့်ဆုံး ပစ် မှတ်က ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ရေးလို့ သိထားရပါတယ်။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ထားနှင့်ပြီးဖြစ်ပြီး Alpine Cup 2018 နဲ့ အာရှအားကစားပွဲတော်က လူ စာရင်းတွေကိုလည်း ဆူဇူကီးအတွက် ရည်ရွယ် ရွေးချယ်ထားတယ်လို့လည်း နည်းပြ အန်တွန်နီဟေးက ပြောထားခဲ့ဖူးပါတယ်။

အဆိုပါ ပြိုင်ပွဲများအပြီးမှာတော့ လက်ရွေးစင်အသင်း စစ်စစ်ကို ထပ်မံ ဖွဲ့စည်းကာ ခြေစမ်းပွဲများ ဆက်လက်ကစားပြီး ပြင်ဆင်သွားအုံးမှာ ဖြစ်ပြီး ဘယ်လိုမျိုးပြင်ဆင်သွားဖို့ ရှိလဲဆိုတာကိုတော့ -" ခြေစမ်းပွဲတွေက စက်တင်ဘာမှာ ၂ ပွဲ အောက်တိုဘာမှာ ၂ ပွဲ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲတွေ ကစားပါမယ်။ စက်တင်ဘာလအတွက်ကတော့ ဟောင်ကောင်နဲ့ နီပေါအသင်းတွေကို ကမ်းလှမ်းထားပြီး မသေချာသေးပါဘူး။ အောက်တိုဘာမှာတော့ အင်ဒိုနီးရှားနဲ့ အာဖဂန်နစ္စတန်အသင်းတွေနဲ့ ခြေစမ်းဖို့ သေချာပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

ခြေစမ်းပွဲကစားဖို့ သေချာထားတဲ့ အင်ဒိုနီးရှားနဲ့ ပွဲစဉ်ကို လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ အဝေးကွင်းမှာလည်းကောင်း၊ အာဖဂန်နစ္စ တန် အသင်းနဲ့မူ အောက်တိုဘာ ၁၄ မှာ အိမ်ကွင်းပွဲအဖြစ် လည်းကောင်း အသီးသီး ကစားဖို့ ရှိနေပါတယ်။

ခြေစမ်းပွဲစဉ်အပြီးမှာ တစ်ဆက်တည်းပဲ Joint Training ပုံစံမျိုးနဲ့ တစ်လခန့် သွားရောက်လေ့ကျင့်ဖို့ရှိပြီး သွားရောက်လေ့ကျင့်မယ့် နိုင်ငံကို တောာ့ အတိအကျမသိသေးပါဘူး။

" အဓိကကတော့ ဟိုတယ် ကျွန်တော်တို့ ခြေစမ်းကစားရမယ့် အသင်းတွေရဲ့ ခြေစွမ်းအနေအထား ဘယ်လောက်ရှိတယ်၊ကိုယ့်အသင်း ခြေစမ်း လေ့ကျင့်ချိန်မှာ အကျိုးဘယ်လောက်ရနိုင်မယ်ဆိုတာတွေကို တွက်ချက်ပြီး အခု ပြိုင်ပွဲတွေအပြီးမှာ နည်းပြအဖွဲ့နဲ့ တိုင်ပင်သွားမှာပါ။ ဒါ ကြောင့်အတိအကျမသိရသေးပါဘူး။" လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

Joint Training ကိုတော့ လက်ရှိမှာ အာရှတိုက်တွင်းက World Class အဆင့်ရှိ နိုင်ငံတွေကို စဉ်းစားထားတယ်လို့ သိရပြီး ဥရောပတိုက်အတွင်း မှ နိုင်ငံတွေကိုလည်း ပစ်မှတ်ထားစီစဉ်ထားသေးတယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ယခု Alpine Cup 2018 ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူမယ့် ဂျာမန်လူမျိုး နည်းပြ အန်တွန်နီဟေးက နည်းပြချုပ်အဖြစ် ဆက်လက်တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပါတယ်။

ဆူဇူကီးမှာတော့ မြန်မာအသင်းက ပြောင်းလဲလိုက်တဲ့စနစ်သစ်ကြောင့် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကို အိမ်ကွင်းကစားရမှာ ဖြစ်ပြီး လာအိုနဲ့ မ လေးရှားကိုတော့ အဝေးကွင်းလိုက်ကစားရပါမယ်။

ဆီမီးဖိုင်နယ်ကိုတော့ အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ ကစားပြီး ဗိုလ်လုပွဲကိုလည်း နှစ်ကျော့စနစ်နဲ့သာ ဆက်လက်ကစားရပါမယ်။

[Zawgyi Version]

ျမန္မာအသင္းကေတာ့ ၿပီးခဲ့တဲဲ့ ၂၀၁၆ ခုႏွစ္တုန္းက အိမ္ရွင္ လုပ္ခဲ့ၿပီး ဆီမီးဖိုင္နယ္အထိ တက္လွမ္းႏိုင္ခဲ့ကာ ဒီတစ္ႀကိမ္မွာေတာ့ အနိမ့္ဆုံး ပစ္ မွတ္က ဗုိလ္လုပြဲအထိ တက္လွမ္းႏိုင္ေရးလို႔ သိထားရပါတယ္။

Photo - The Straits Times

 

အာရွအားကစားပြဲေတာ္အၿပီး ဆက္လက္ကစားရဖို႔ ရွိေနတဲ့ အာဆီယံ ဆူဇူကီးဖလားၿပိဳင္ပြဲကေတာ့ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ရဲ႕ ၂၀၁၈ ခုႏွစ္ အတြင္း အဓိက ပစ္မွတ္ထားတဲ့ ၿပိဳင္ပြဲ ျဖစ္ပါတယ္။

ျမန္မာ ယူ-၂၃ အသင္းနဲ႔ ေအာင္သူ ဘယ္ေတာ့ ပူးေပါင္းမွာလဲ? 

အဓိက ပစ္မွတ္ထားေပမယ့္လည္း ဒီၿပိဳင္ပြဲကို ျမန္မာအသင္းအေနနဲ႔ အျမင့္ဆုံး ဆီမီးဖိုင္နယ္အထိသာ တက္လွမ္းထားဖူးသလို ၿပိဳင္ပြဲ သမုိင္း တစ္ေလွ်ာက္ ၂ ႀကိမ္သာ တက္လွမ္းထားႏိုင္တာလည္း ျဖစ္ပါတယ္။

Photo - AFF Suzuki Cup

 

လက္ရွိမွာေတာ့ ဆူဇူကီး ဖလားၿပိဳင္ပြဲကို လာမယ့္ ႏို၀င္ဘာ ၈ ရက္ေန႔က ဒီဇင္ဘာ ၁၅ ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ၿပီး ၿပိဳင္ပြဲက်င္းပပုံ ေျပာင္းလဲလိုက္လို႔ အိမ္ရွင္ အတိအက် မရွိေတာ့ပါဘူး။

အုပ္စုပြဲစဥ္မ်ားလည္း ထြက္ေပၚေနၿပီ ျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ထူျခားစြာပင္ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားၿပိဳင္ပြဲတုန္းက အသင္းေတြပင္ အုပ္စု တြင္း ျပန္လည္က်ေရာက္ေနခဲဲ့တာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Photo - thephuketnews.com

 

ျမန္မာ အုပ္စုမွာဆိုရင္ ျမန္မာ၊ ဗီယက္နမ္၊ကေမၻာဒီးယား၊မေလးရွားတို႔ ျပန္လည္က်ေရာက္ေနၿပီး ေျပာင္းလဲလိုက္တဲ့ စနစ္အရ အုပ္စုတြင္း ၅ သင္း ျဖစ္လာလို႔ လာအိုတစ္သင္း ထပ္မံ ပါ၀င္လာပါတယ္။

တစ္ဖက္အုပ္စုမွာဆိုရင္လည္း ထိုင္း၊စင္ကာပူ၊အင္ဒိုနီးရွား၊ဖိလစ္ပိုင္နဲ႔ ေျခစစ္ပြဲေအာာင္အသင္းတို႔ ပါ၀င္လာမွာ ျဖစ္ၿပီး ေျခစစ္ပြဲကိုေတာ့ ဘရူ ႏုိင္း၊နဲ႔အေရွ႕တီေမာတို႔ လာမယ့္ စက္တင္ဘာလ ၁ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာ အိမ္ကြင္း အေ၀းကြင္းႏွစ္ပြဲကစားၿပီး အႏိုင္ရတဲ့ အသင္းက လက္ က်န္တစ္ေနရာ ရမွာ ျဖစ္ပါတယ္။

ျမန္မာအသင္းကေတာ့ ၿပီးခဲ့တဲဲ့ ၂၀၁၆ ခုႏွစ္တုန္းက အိမ္ရွင္ လုပ္ခဲ့ၿပီး ဆီမီးဖိုင္နယ္အထိ တက္လွမ္းႏိုင္ခဲ့ကာ ဒီတစ္ႀကိမ္မွာေတာ့ အနိမ့္ဆုံး ပစ္ မွတ္က ဗုိလ္လုပြဲအထိ တက္လွမ္းႏိုင္ေရးလို႔ သိထားရပါတယ္။

ဒါေၾကာင့္ ျမန္မာအသင္းအေနနဲ႔ အခုကတည္းက ျပင္ဆင္မႈေတြ ျပဳလုပ္ထားႏွင့္ၿပီးျဖစ္ၿပီး Alpine Cup 2018 နဲ႔ အာရွအားကစားပြဲေတာ္က လူ စာရင္းေတြကိုလည္း ဆူဇူကီးအတြက္ ရည္ရြယ္ ေရြးခ်ယ္ထားတယ္လို႔လည္း နည္းျပ အန္တြန္နီေဟးက ေျပာထားခဲဲ့ဖူးပါတယ္။

အဆုိပါ ၿပိဳင္ပြဲမ်ားအၿပီးမွာေတာ့ လက္ေရြးစင္အသင္း စစ္စစ္ကို ထပ္မံ ဖြဲ႕စည္းကာ ေျခစမ္းပြဲမ်ား ဆက္လက္ကစားၿပီး ျပင္ဆင္သြားအုံးမွာ ျဖစ္ၿပီး ဘယ္လိုမ်ိဳးျပင္ဆင္သြားဖို႔ ရွိလဲဆိုတာကိုေတာ့ -" ေျခစမ္းပြဲေတြက စက္တင္ဘာမွာ ၂ ပြဲ ေအာက္တိုဘာမွာ ၂ ပြဲ ဖီဖာ အသိအမွတ္ျပဳ ေျခစမ္းပြဲေတြ ကစားပါမယ္။ စက္တင္ဘာလအတြက္ကေတာ့ ေဟာင္ေကာင္နဲ႔ နီေပါအသင္းေတြကို ကမ္းလွမ္းထားၿပီး မေသခ်ာေသးပါဘူး။ ေအာက္တိုဘာမွာေတာ့ အင္ဒိုနီးရွားနဲဲ႔ အာဖဂန္နစၥတန္အသင္းေတြနဲ႔ ေျခစမ္းဖို႔ ေသခ်ာပါတယ္။" လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမွဴး ဦးကိုကိုသိန္းက ေျပာပါတယ္။

ေျခစမ္းပြဲကစားဖို႔ ေသခ်ာထားတဲ့ အင္ဒိုနီးရွားနဲ႔ ပြဲစဥ္ကို လာမယ့္ ေအာက္တိုဘာလ ၉ ရက္ေန႔မွာ အေ၀းကြင္းမွာလည္းေကာင္း၊ အာဖဂန္နစၥ တန္ အသင္းနဲ႔မူ ေအာက္တိုဘာ ၁၄ မွာ အိမ္ကြင္းပြဲအျဖစ္ လည္းေကာင္း အသီးသီး ကစားဖို႔ ရွိေနပါတယ္။

ေျခစမ္းပြဲစဥ္အၿပီးမွာ တစ္ဆက္တည္းပဲ Joint Training ပုံစံမ်ိဳးနဲ႔ တစ္လခန္႔ သြားေရာက္ေလ့က်င့္ဖို႔ရွိၿပီး သြားေရာက္ေလ့က်င့္မယ့္ ႏိုင္ငံကို ေတာာ့ အတိအက်မသိေသးပါဘူး။

" အဓိကကေတာ့ ဟိုတယ္ ကၽြန္ေတာ္တို႔ ေျခစမ္းကစားရမယ့္ အသင္းေတြရဲ႕ ေျခစြမ္းအေနအထား ဘယ္ေလာက္ရွိတယ္၊ကုိယ့္အသင္း ေျခစမ္း ေလ့က်င့္ခ်ိန္မွာ အက်ိဳးဘယ္ေလာက္ရႏိုင္မယ္ဆိုတာေတြကို တြက္ခ်က္ၿပီး အခု ၿပိဳင္ပြဲေတြအၿပီးမွာ နည္းျပအဖြဲ႕နဲ႔ တိုင္ပင္သြားမွာပါ။ ဒါ ေၾကာင့္အတိအက်မသိရေသးပါဘူး။" လို႔ ဦးကိုကိုသိန္းက ဆက္လက္ေျပာပါတယ္။

Joint Training ကိုေတာ့ လက္ရွိမွာ အာရွတိုက္တြင္းက World Class အဆင့္ရွိ ႏိုင္ငံေတြကို စဥ္းစားထားတယ္လို႔ သိရၿပီး ဥေရာပတိုက္အတြင္း မွ ႏိုင္ငံေတြကိုလည္း ပစ္မွတ္ထားစီစဥ္ထားေသးတယ္လို႔ သိရပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းကို ယခု Alpine Cup 2018 ၿပိဳင္ပြဲ၀င္ ျမန္မာ ယူ-၂၃ အသင္းကို နည္းျပခ်ဳပ္အျဖစ္ တာ၀န္ယူမယ့္ ဂ်ာမန္လူမ်ိဳး နည္းျပ အန္တြန္နီေဟးက နည္းျပခ်ဳပ္အျဖစ္ ဆက္လက္တာ၀န္ယူကိုင္တြယ္မွာ ျဖစ္ပါတယ္။

ဆူဇူကီးမွာေတာ့ ျမန္မာအသင္းက ေျပာင္းလဲလိုက္တဲဲ့စနစ္သစ္ေၾကာင့္ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္ကို အိမ္ကြင္းကစားရမွာ ျဖစ္ၿပီး လာအိုနဲ႔ မ ေလးရွားကိုေတာ့ အေ၀းကြင္းလိုက္ကစားရပါမယ္။

ဆီမီးဖိုင္နယ္ကိုေတာ့ အိမ္ကြင္းအေ၀းကြင္းႏွစ္ေက်ာ့ ကစားၿပီး ဗုိလ္လုပြဲကိုလည္း နွစ္ေက်ာ့စနစ္နဲဲ႔သာ ဆက္လက္ကစားရပါမယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs