• Local Sports
    ဒီလေးယောက်မှာ ကျန်ခဲ့မယ်တစ်ယောက်က ဘယ်သူလဲ?
Kyawko Ko
[Unicode Version]

အာရှအားကစားပြိုင်ပွဲမှာ ယူ-၂၃ နဲ့အထက် ၃ ဦးပါဝင်ခွင့်ရှိလို့ မြန်မာအသင်းကို ဖွဲ့စည်းရမှာ လက်ရှိ ပဏာမ စာရင်းမှာ အသက်ကျော် ကစား သမား ၄ ဦးရွေးချယ်ထားတာ ဖြစ်ပါတယ်။

37709683_1153123934826417_6982125726614945792_o.jpg

Photo - MFF

 

အာရှ အားကစားပွဲတော် ကစားဖို့ မြန်မာ ယူ-၂၃ အသင်းကို ပြင်ဆင်လျက်ရှိနေပြီး မကြာခင်မှာတော့ မြန်မာနိုင်ငံမှာ လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီလေးနိုင်ငံ ဖိတ်ခေါ်ဖလားကြီးကိုတော့ ကျွန်တော်တို့ မြန်မာအသင်းအပါအဝင် တောင်ကိုရီးယား ယူ-၁၉ ၊ ဘာရိန်း ယူ-၂၃ နဲ့ ထိုင်း ယူ-၂၃ အသင်းတို့ ပါဝင်ကစားကြမှာ ဖြစ်ပါတယ်။

37255739-1144451955693615-946092221982048256-n.jpg

Photo - MFF

 

မြန်မာအသင်းကတော့ အိမ်ရှင်ပီပီ ပြင်ဆင်မှု အားကောင်းကောင်းနဲ့ ပြိုင်ပွဲကြို အတွေ့အကြုံရရှိဖို့ ကစားမယ့် ပြိုင်ပွဲဖြစ်ပေမယ့်လည်း အောင် မြင်မှုပါ တစ်ပါတည်း ပူးတွဲ ရရှိရေး အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေပါတယ်။

သူက မြန်မာ မဟုတ်ဘူး 

အာရှအားကစားပွဲအတွက် ရွေးချယ်ထားတဲ့ဒီလူစာရင်းမှာ ယူ-၂၃နှင့်အထက် ကစားသမား ၄ ဦးကိုလည်း ထည့်သွင်းရွေးချယ်ထားပါတယ်။ အကြောင်းကတော့ အာရှအားကစားပွဲမှာ ယူ-၂၃ ပြိုင်ပွဲဖြစ်ပေမယ့်လည်း အသက်ကျော် ကစားသမား ၃ ဦး ထည့်သွင်းယှဉ်ပြိုင်ခွင့်ရှိလို့ မြန်မာ အသင်းကတော့ ကျော်ဇင်ထက်၊ဇော်မင်းထွန်း၊ရဲကိုဦးနဲ့ ဒွေးကိုကိုချစ် ၄ ဦးကို အခု ရွေးချယ်ထားတဲ့ ပဏာမ စာရင်းမှာ ထည့်သွင်းထားပါတယ်။

နောက်ဆုံး ဆန်ကာတင် စာရင်းမှာ ၃ ဦးသာ ပါဝင်ခွင့်ရမှာ ဖြစ်လို့ ဒီ ၄ ဦးထဲက ၁ ဦးကတော့သေချာပေါက် နေခဲ့ရမှာ ဖြစ်ပါတယ်။ဒါကြောင့် မို့ လို့ မြန်မာအသင်းရဲ့ လက်ရှိ ယူ-၂၃ လူစာရင်းမှာ အမှန်တစ်ကယ် အားဖြည့်သင့်တဲ့ နေရာတွေက ဘယ်နေရာတွေလဲဆိုတာကို လေ့လာ ဆန်း စစ်ကြည့်ပါမယ်။

37790621_1154598024679008_7603998177456291840_n.jpg

Photo - MFF

 

ဂိုး - ကျော်ဇင်ထက်

--------------------

ကျော်ဇင်ထက်က ၂၀၀၇ ခုနှစ် ထိုင်းဆီးဂိမ်းတုန်းက မြန်မာအသင်းကို ဗိုလ်လုပွဲထိ တက်ရောက်စေခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ ဗီယက်နမ် အသင်းရဲ့ ပင်နယ်တီကို ကာကွယ်ပေးခဲ့ပြီး မြန်မာအသင်းကို ဗိုလ်လုပွဲတက်ရောက်စေခဲ့တာ ဖြစ်ပြီး အောင်အောင်ဦးနောက်ပိုင်း အားကိုးရမယ့် ဂိုးသမားလို့ လူသိခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ခေတ်ကိုပြောင်းတဲ့ ၂၀၀၉ ခုနှစ်အစမှာတော့ ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇအသင်းမှာ ကစားခဲ့ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် လက်စွမ်းပိုင်း အားနည်းခဲ့ရပြီး လက်ရွေးစင်အသင်းနဲ့ အတန်ကြာဝေးကွာခဲ့ရပါတယ်။

၎င်းရဲ့အမှားတွေကို ပြုပြင်ပြီး ဇွဲကပင်အသင်းနဲ့ ပြန်လည်ကြိုးပမ်းခဲ့ရာမှာတော့ ထင်ပေါ်လို့ စင်တော်က ကောက်လို့ ဆိုရသလို ရန်ကုန်ယူနိုက် တက်အသင်းက ခေါ်ယူခဲ့ပါတယ်။ရန်ကုန်နဲ့အတူ လက်စွမ်းပြကစားလာခဲ့ပြီးတဲ့နောက်မှာတော့ ကျော်ဇင်ထက်ဟာ ၎င်းရဲ့ အိပ်မက်ဖြစ်တဲ့ လက် ရွေးစင်အဆင့်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒါဟာ သူ့ရဲ့ လက်စွမ်းပိုင်း ဘယ်လောက်ထိ တိုးတက်လာခဲ့လဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အသက်အရွယ်အားဖြင့် (၃၁)နှစ်(wikipedia) ရှိနေပြီ ဖြစ်ပေမယ့်လည်း ဂိုးသမားတစ်ယောက်အတွက်တော့ အကောင်းဆုံးအချိန်မှာ ရှိနေပါ သေးတယ်။အသင်းကို ဦးဆောင်နိုင်မှုအရရော၊ပြည်တွင်း၊ပြည်ပ ပွဲအတွေ့အကြုံနဲ့ လက်ရှိ ရန်ကုန်အသင်းမှာ ပွဲထွက်ကစားနေတဲ့ လက်စွမ်းအရ ပါဆိုရင်ကျော်ဇင်ထက်ဟာ မြန်မာအသင်းအတွက် အားကိုးထိုက်တဲ့ လက်စွမ်းရှိတဲ့ ဂိုးသမားတစ်ဦးပါ။လူငယ်ဂိုးသမားတွေကို တွဲခေါ်ပြီးအ ကောင်းဆုံး ဦးဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

zaw-min-tun.jpg

Photo - Football Tribe

 

နောက်တန်း - ဇော်မင်းထွန်း

----------------------------

ဇော်မင်းထွန်းက ဒီ ၄ ယောက်မှာ အထူးခြားဆုံးပါပဲ။အကြောင်းကတော့ သူ့လို ခန္ဓာကိုယ်တောင့်တင်းပြီး အရပ်အမောင်းမြင့်မားတဲ့ ခံစစ်မှူး မြန်မာ့ဘောလုံးလောကမှာရှာပါတယ်။ဒါကလည်း သူ့ရဲ့ထူးခြားချက်ပါ။ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့တစ်ခုတစ်လုံးကို မိခင် ကလပ် ရန်ကုန်နဲ့ ကစားခွင့်လွဲချော်ထားလို့ ကိုယ်ပိုင်လေ့ကျင့်မှုတွေကို ကိုယ်ပိုင်အစီအစဉ်နဲ့သာလေ့ကျင့်နေရတဲ့ ကစားသမားပြီး ပြီးခဲ့တဲ့ အာရှ ခြေစစ်ပွဲလူစာရင်းမှာ လမ်းခွဲသွားပြီဖြစ်တဲ့ နည်းပြ ဂတ်က ခေါ်ခဲ့လို့ အနည်းငယ် ဂယက်ရိုက်ခဲ့ပါသေးတယ်။ဒါပေမယ့် ဇော်မင်းထွန်းကို လိုအပ် ချက်က သိသိသာသာရှင်းလင်းနေသလို ဇော်မင်းထွန်းကလည်း အကောင်းဆုံး ဦးဆောင်ပြနိုင်ခဲ့ပါတယ်။ ဇော်မင်းထွန်းရဲ့ အကောင်းဆုံး ခြေစွမ်းက မကြာသေးခင်က ပြီးခဲ့တဲ့ ၂၀၁၆ ဆူဇူကီးပြိုင်ပွဲတုန်းက ဖြစ်ပြီး မြန်မာအသင်းကို ၎င်းရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ အကြိမ်ကြိမ် ကယ်တင် ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ရင် အသင်းအတွက် ဂိုးပါသွင်းယူပေးတတ်တဲ့ ဇော်မင်းထွန်းကို ထိုင်းကလပ်တွေကလည်း စိတ်ဝင်စား နေပြီး လာမယ့်နှစ်မှာ သွားကစားမယ့် အရပ်အယောင်တွေ မြင်နေရပါတယ်။ ဒီလို ကစားသမားမျိုးကို နည်းပြအန်တွန်နီဟေး အားကိုးတာ အဆန်းတကြယ်ထုတ်ပြောစရာ မလိုတော့ပါဘူး။

24-ye-ko-oo.jpg

အလယ်တန်း - ရဲကိုဦး

----------------------

ရဲကိုဦးလို့ ဆိုလိုက်ရင် ၂၀၁၅ ဆီးဂိမ်းကို သတိရကြမှာပါ။ စင်ကာပူကို ၎င်းရဲ့ အလွတ်တည်ကန်ဘောကနေ သွင်းယူတဲ့ တိုက်ရိုက်သွင်းဂိုးနဲ့ အနိုင်ယူပြီး မြန်မာကို ဂုဏ်တက်စေခဲ့သူပါ။အဲ့ဒီတုန်းက ကန်ခဲ့တဲ့ ကန်ချက်ကိုလည်း ၎င်းက ဘယ်လိုလေ့ကျင့်ပြင်ဆင်ခဲ့ရလဲဆိုတာ ထုတ် ဖော်ပြောဖူးပါတယ်။ဒါကြောင့် နည်းစနစ်ပိုင်းအရ ကျေညက်သလို ၊နည်းပြရဲ့ နည်းစနစ်ကိုလည်း အံ့ဝင်အောင်ကစားနိုင်သူ၊ကွင်းလယ်ကနေ ဘောလုံး ဖြန့်ဝေမှု အားကောင်းသူကို နည်းပြအန်တွန်နီဟေး ရွေးချယ်ထားတယ်လို့ ယူဆပါတယ်။ လက်ရှိမှာလည်း ရတနာပုံ အသင်းကို ဦးဆောင် ကစားနေသူ တစ်ဦးဖြစ်ပြီး ကျောနံပါတ် ၇ ပိုင်ရှင် ရဲကိုဦးကလည်း အားထားရတဲ့ ကွင်းလယ်လူတစ်ယောက်အဖြစ်နဲ့ မြန်မာအသင်း ကို ဘယ်လောက်ထိ ကူညီပေးနိုင်မှာလဲ။

37564160_1895813517105624_7164503657344401408_o.jpg

Photo - Shan Utd FC

 

ရှေ့တန်း - ဒွေးကိုကိုချစ်

-----------------------

ဒွေးကိုကိုချစ်ကတော့ ၁၉၉၃ ခုနှစ်ဖွား(WIKIPEDIA) ဖြစ်လို့ လက်ရှိ ူ-၂၃ အသင်းရဲ့ တိုက်စစ်မှူးတွေနဲ့ အသက်သိပ်မကွာပါဘူး။ဒါပေမယ့် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားနေနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးမှာ နည်းပြစိတ်ကြိုက် အားသာချက်တွေ ရှိနေနိုင်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ရှားပါးတဲ့ တိုက်စစ်မှူးတွေထဲမှာ ဒွေးကိုကိုချစ်က သူမတူတဲ့ အားသာချက်တွေ ရှိနေပါသေးတယ်။အရပ်အမောင်းကောင်းတဲ့ ဒွေးကိုကိုချစ်ကို ရှမ်းယူနိုက်တက်မှာ နိုင်ငံခြားသား နည်းပြက နိုင်ငံခြားသား ကစားသမားတွေနဲ့တန်းတူ ပွဲထွက်ခွင့်ပေးထားပြီး ဒီနှစ်မှာရှမ်းအတွက် ၁၆ ပွဲကစားပေးထားပြီး ၅ဂိုးသွင်းထားပါတယ်။ တိုက်စစ်မှူး ကျော်ကိုကို ဒဏ်ရာရနေချိန် အသင်းရဲ့ တိုက်စစ်ကို ကူဖို့ ဒွေးကိုကိုချစ်က အရပ်အမောင်းကောင်းကောင်းနဲ့ ပါဝင်လာခဲ့ချိန်မှာတော့ နည်းပြစိတ်ကြိုက် နည်းစနစ်ပိုင်းအံဝင်ဖို့ မျှော်လင့်ရပါတယ်။

ဒီကစားသမား ၄ ယောက်စလုံးက လက်ရှိ ပဏာမ အဆင့်မှာ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေပေမယ့် ပြိုင်ပွဲနီးလို့ အပြီးသတ်စာရင်းတင်တဲ့ အခါမှာတော့ တစ်ယောက်ကို မဖြစ်မနေ ချန်ခဲ့ရမှာပါ။ ဒါကြောင့် ဘယ်ကစားသမားက နိုင်ငံအတွက် အလုပ်အကျွေးပြုခွင့်လွဲချော်မလဲဆိုတာ စိတ်မကောင်းစွာနဲ့ စောင့်ကြည့် အားပေးရတော့မှာပါ။

[Zawgyi Version]

အာရွအားကစားၿပိဳင္ပြဲမွာ ယူ-၂၃ နဲ႔အထက္ ၃ ဦးပါ၀င္ခြင့္ရွိလို႔ ျမန္မာအသင္းကို ဖြဲ႕စည္းရမွာ လက္ရွိ ပဏာမ စာရင္းမွာ အသက္ေက်ာ္ ကစား သမား ၄ ဦးေရြးခ်ယ္ထားတာ ျဖစ္ပါတယ္။

Photo - MFF

 

အာရွ အားကစားပြဲေတာ္ ကစားဖို႔ ျမန္မာ ယူ-၂၃ အသင္းကို ျပင္ဆင္လ်က္ရွိေနၿပီး မၾကာခင္မွာေတာ့ ျမန္မာႏုိင္ငံမွာ ေလးႏိုင္ငံ ဖိတ္ေခၚဖလား ၿပိဳင္ပြဲႀကီး က်င္းပေတာ့မွာ ျဖစ္ပါတယ္။

ဒီေလးႏိုင္ငံ ဖိတ္ေခၚဖလားႀကီးကိုေတာ့ ကၽြန္ေတာ္တို႔ ျမန္မာအသင္းအပါအ၀င္ ေတာင္ကိုရီးယား ယူ-၁၉ ၊ ဘာရိန္း ယူ-၂၃ နဲ႔ ထုိင္း ယူ-၂၃ အသင္းတို႔ ပါ၀င္ကစားၾကမွာ ျဖစ္ပါတယ္။

Photo - MFF

 

ျမန္မာအသင္းကေတာ့ အိမ္ရွင္ပီပီ ျပင္ဆင္မႈ အားေကာင္းေကာင္းနဲ႔ ၿပိဳင္ပြဲႀကိဳ အေတြ႕အၾကဳံရရွိဖို႔ ကစားမယ့္ ၿပိဳင္ပြဲျဖစ္ေပမယ့္လည္း ေအာင္ ျမင္မႈပါ တစ္ပါတည္း ပူးတြဲ ရရွိေရး အျပင္းအထန္ေလ့က်င့္ျပင္ဆင္ေနပါတယ္။

သူက ျမန္မာ မဟုတ္ဘူး 

အာရွအားကစားပြဲအတြက္ ေရြးခ်ယ္ထားတဲ့ဒီလူစာရင္းမွာ ယူ-၂၃ႏွင့္အထက္ ကစားသမား ၄ ဦးကိုလည္း ထည့္သြင္းေရြးခ်ယ္ထားပါတယ္။ အေၾကာင္းကေတာ့ အာရွအားကစားပြဲမွာ ယူ-၂၃ ၿပိဳင္ပြဲျဖစ္ေပမယ့္လည္း အသက္ေက်ာ္ ကစားသမား ၃ ဦး ထည့္သြင္းယွဥ္ၿပိဳင္ခြင့္ရွိလို႔ ျမန္မာ အသင္းကေတာ့ ေက်ာ္ဇင္ထက္၊ေဇာ္မင္းထြန္း၊ရဲကိုဦးနဲ႔ ေဒြးကိုကိုခ်စ္ ၄ ဦးကို အခု ေရြးခ်ယ္ထားတဲ့ ပဏာမ စာရင္းမွာ ထည့္သြင္းထားပါတယ္။

ေနာက္ဆုံး ဆန္ကာတင္ စာရင္းမွာ ၃ ဦးသာ ပါ၀င္ခြင့္ရမွာ ျဖစ္လို႔ ဒီ ၄ ဦးထဲက ၁ ဦးကေတာ့ေသခ်ာေပါက္ ေနခဲ့ရမွာ ျဖစ္ပါတယ္။ဒါေၾကာင့္ မို႔ လို႔ ျမန္မာအသင္းရဲ႕ လက္ရွိ ယူ-၂၃ လူစာရင္းမွာ အမွန္တစ္ကယ္ အားျဖည့္သင့္တဲ့ ေနရာေတြက ဘယ္ေနရာေတြလဲဆိုတာကို ေလ့လာ ဆန္း စစ္ၾကည့္ပါမယ္။

Photo - MFF

 

ဂိုး - ေက်ာ္ဇင္ထက္

--------------------

ေက်ာ္ဇင္ထက္က ၂၀၀၇ ခုႏွစ္ ထုိင္းဆီးဂိမ္းတုန္းက ျမန္မာအသင္းကို ဗုိလ္လုပြဲထိ တက္ေရာက္ေစခဲဲ့တဲ့ ဂိုးသမားတစ္ဦးျဖစ္ပါတယ္။ ဗီယက္နမ္ အသင္းရဲ႕ ပင္နယ္တီကို ကာကြယ္ေပးခဲ့ၿပီး ျမန္မာအသင္းကို ဗုိလ္လုပြဲတက္ေရာက္ေစခဲ့တာ ျဖစ္ၿပီး ေအာင္ေအာင္ဦးေနာက္ပိုင္း အားကိုးရမယ့္ ဂိုးသမားလို႔ လူသိခဲ့ပါတယ္။

ပေရာ္ဖက္ရွင္နယ္ေခတ္ကိုေျပာင္းတဲ့ ၂၀၀၉ ခုႏွစ္အစမွာေတာ့ ရွမ္းျပည္နယ္ကိုယ္စားျပဳ ကေမၻာဇအသင္းမွာ ကစားခဲ့ၿပီးေနာက္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ လက္စြမ္းပိုင္း အားနည္းခဲ့ရၿပီး လက္ေရြးစင္အသင္းနဲ႔ အတန္ၾကာေ၀းကြာခဲ့ရပါတယ္။

၎ရဲ႕အမွားေတြကို ျပဳျပင္ၿပီး ဇြဲကပင္အသင္းနဲ႔ ျပန္လည္ႀကိဳးပမ္းခဲ့ရာမွာေတာ့ ထင္ေပၚလို႔ စင္ေတာ္က ေကာက္လို႔ ဆိုရသလို ရန္ကုန္ယူႏုိက္ တက္အသင္းက ေခၚယူခဲဲ့ပါတယ္။ရန္ကုန္နဲ႔အတူ လက္စြမ္းျပကစားလာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေက်ာ္ဇင္ထက္ဟာ ၎ရဲ႕ အိပ္မက္ျဖစ္တဲ့ လက္ ေရြးစင္အဆင့္ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ဒါဟာ သူ႔ရဲ႕ လက္စြမ္းပိုင္း ဘယ္ေလာက္ထိ တိုးတက္လာခဲ့လဲဆိုတာ မွန္းဆၾကည့္ႏုိင္ပါတယ္။ အသက္အရြယ္အားျဖင့္ (၃၁)ႏွစ္(wikipedia) ရွိေနၿပီ ျဖစ္ေပမယ့္လည္း ဂိုးသမားတစ္ေယာက္အတြက္ေတာ့ အေကာင္းဆုံးအခ်ိန္မွာ ရွိေနပါ ေသးတယ္။အသင္းကို ဦးေဆာင္ႏုိင္မႈအရေရာ၊ျပည္တြင္း၊ျပည္ပ ပြဲအေတြ႕အၾကဳံနဲ႔ လက္ရွိ ရန္ကုန္အသင္းမွာ ပြဲထြက္ကစားေနတဲ့ လက္စြမ္းအရ ပါဆိုရင္ေက်ာ္ဇင္ထက္ဟာ ျမန္မာအသင္းအတြက္ အားကိုးထိုက္တဲ့ လက္စြမ္းရွိတဲ့ ဂိုးသမားတစ္ဦးပါ။လူငယ္ဂိုးသမားေတြကို တြဲေခၚၿပီးအ ေကာင္းဆုံး ဦးေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

Photo - Football Tribe

 

ေနာက္တန္း - ေဇာ္မင္းထြန္း

----------------------------

ေဇာ္မင္းထြန္းက ဒီ ၄ ေယာက္မွာ အထူးျခားဆုံးပါပဲ။အေၾကာင္းကေတာ့ သူ႔လို ခႏၶာကိုယ္ေတာင့္တင္းၿပီး အရပ္အေမာင္းျမင့္မားတဲဲ့ ခံစစ္မွဴး ျမန္မာ့ေဘာလုံးေလာကမွာရွာပါတယ္။ဒါကလည္း သူ႔ရဲ႕ထူးျခားခ်က္ပါ။ၿပီးခဲ့တဲ့ ျမန္မာေနရွင္နယ္လိဂ္ ပထမအေက်ာ့တစ္ခုတစ္လုံးကို မိခင္ ကလပ္ ရန္ကုန္နဲ႔ ကစားခြင့္လြဲေခ်ာ္ထားလို႔ ကိုယ္ပိုင္ေလ့က်င့္မႈေတြကို ကိုယ္ပိုင္အစီအစဥ္နဲ႔သာေလ့က်င့္ေနရတဲ့ ကစားသမားၿပီး ၿပီးခဲ့တဲ့ အာရွ ေျခစစ္ပြဲလူစာရင္းမွာ လမ္းခြဲသြားၿပီျဖစ္တဲဲ့ နည္းျပ ဂတ္က ေခၚခဲ့လို႔ အနည္းငယ္ ဂယက္ရိုက္ခဲ့ပါေသးတယ္။ဒါေပမယ့္ ေဇာ္မင္းထြန္းကို လိုအပ္ ခ်က္က သိသိသာသာရွင္းလင္းေနသလို ေဇာ္မင္းထြန္းကလည္း အေကာင္းဆုံး ဦးေဆာင္ျပႏုိင္ခဲ့ပါတယ္။ ေဇာ္မင္းထြန္းရဲ႕ အေကာင္းဆုံး ေျခစြမ္းက မၾကာေသးခင္က ၿပီးခဲဲ့တဲ့ ၂၀၁၆ ဆူဇူကီးၿပိဳင္ပြဲတုန္းက ျဖစ္ၿပီး ျမန္မာအသင္းကို ၎ရဲ႕ ေခါင္းတို္က္ဂိုးေတြနဲ႔ အႀကိမ္ႀကိမ္ ကယ္တင္ ေပးခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိုအပ္ရင္ အသင္းအတြက္ ဂိုးပါသြင္းယူေပးတတ္တဲ့ ေဇာ္မင္းထြန္းကို ထုိင္းကလပ္ေတြကလည္း စိတ္၀င္စား ေနၿပီး လာမယ့္ႏွစ္မွာ သြားကစားမယ့္ အရပ္အေယာင္ေတြ ျမင္ေနရပါတယ္။ ဒီလို ကစားသမားမ်ိဳးကို နည္းျပအန္တြန္နီေဟး အားကိုးတာ အဆန္းတၾကယ္ထုတ္ေျပာစရာ မလိုေတာ့ပါဘူး။

အလယ္တန္း - ရဲကိုဦး

----------------------

ရဲကိုဦးလို႔ ဆိုလိုက္ရင္ ၂၀၁၅ ဆီးဂိမ္းကို သတိရၾကမွာပါ။ စင္ကာပူကို ၎ရဲ႕ အလြတ္တည္ကန္ေဘာကေန သြင္းယူတဲဲ့ တိုက္ရိုက္သြင္းဂိုးနဲ႔ အႏိုင္ယူၿပီး ျမန္မာကို ဂုဏ္တက္ေစခဲ့သူပါ။အဲ့ဒီတုန္းက ကန္ခဲ့တဲ့ ကန္ခ်က္ကိုလည္း ၎က ဘယ္လိုေလ့က်င့္ျပင္ဆင္ခဲ့ရလဲဆိုတာ ထုတ္ ေဖာ္ေျပာဖူးပါတယ္။ဒါေၾကာင့္ နည္းစနစ္ပိုင္းအရ ေက်ညက္သလို ၊နည္းျပရဲ႕ နည္းစနစ္ကိုလည္း အံ့၀င္ေအာင္ကစားႏိုင္သူ၊ကြင္းလယ္ကေန ေဘာလုံး ျဖန္႔ေ၀မႈ အားေကာင္းသူကို နည္းျပအန္တြန္နီေဟး ေရြးခ်ယ္ထားတယ္လို႔ ယူဆပါတယ္။ လက္ရွိမွာလည္း ရတနာပုံ အသင္းကို ဦးေဆာင္ ကစားေနသူ တစ္ဦးျဖစ္ၿပီး ေက်ာနံပါတ္ ၇ ပိုင္ရွင္ ရဲကိုဦးကလည္း အားထားရတဲဲ့ ကြင္းလယ္လူတစ္ေယာက္အျဖစ္နဲ႔ ျမန္မာအသင္း ကို ဘယ္ေလာက္ထိ ကူညီေပးႏိုင္မွာလဲ။

Photo - Shan Utd FC

 

ေရွ႕တန္း - ေဒြးကိုကိုခ်စ္

-----------------------

ေဒြးကိုကိုခ်စ္ကေတာ့ ၁၉၉၃ ခုႏွစ္ဖြား(WIKIPEDIA) ျဖစ္လို႔ လက္ရွိ ူ-၂၃ အသင္းရဲ႕ တုိက္စစ္မွဴးေတြနဲ႔ အသက္သိပ္မကြာပါဘူး။ဒါေပမယ့္ လက္ရွိ ျမန္မာေနရွင္နယ္လိဂ္ ခ်န္ပီယံ ရွမ္းယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ကစားေနႏိုင္တဲဲ့ တိုက္စစ္မွဴး တစ္ဦးမွာ နည္းျပစိတ္ႀကိဳက္ အားသာခ်က္ေတြ ရိွေနႏိုင္ပါတယ္။ ျမန္မာေနရွင္နယ္လိဂ္မွာ ရွားပါးတဲ့ တိုက္စစ္မွဴးေတြထဲမွာ ေဒြးကိုကိုခ်စ္က သူမတူတဲ့ အားသာခ်က္ေတြ ရွိေနပါေသးတယ္။အရပ္အေမာင္းေကာင္းတဲ့ ေဒြးကိုကိုခ်စ္ကို ရွမ္းယူႏိုက္တက္မွာ ႏုိင္ငံျခားသား နည္းျပက ႏိုင္ငံျခားသား ကစားသမားေတြနဲ႔တန္းတူ ပြဲထြက္ခြင့္ေပးထားၿပီး ဒီႏွစ္မွာရွမ္းအတြက္ ၁၆ ပြဲကစားေပးထားၿပီး ၅ဂိုးသြင္းထားပါတယ္။ တိုက္စစ္မွဴး ေက်ာ္ကိုကို ဒဏ္ရာရေနခ်ိန္ အသင္းရဲ႕ တုိက္စစ္ကို ကူဖို႔ ေဒြးကိုကိုခ်စ္က အရပ္အေမာင္းေကာင္းေကာင္းနဲ႔ ပါ၀င္လာခဲ့ခ်ိ္န္မွာေတာ့ နည္းျပစိတ္ႀကိဳက္ နည္းစနစ္ပိုင္းအံ၀င္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီကစားသမား ၄ ေယာက္စလုံးက လက္ရွိ ပဏာမ အဆင့္မွာ အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ေနေပမယ့္ ၿပိဳင္ပြဲနီးလို႔ အၿပီးသတ္စာရင္းတင္တဲ့ အခါမွာေတာ့ တစ္ေယာက္ကို မျဖစ္မေန ခ်န္ခဲ့ရမွာပါ။ ဒါေၾကာင့္ ဘယ္ကစားသမားက ႏိုင္ငံအတြက္ အလုပ္အေကၽြးျပဳခြင့္လြဲေခ်ာ္မလဲဆိုတာ စိတ္မေကာင္းစြာနဲ႔ ေစာင့္ၾကည့္ အားေပးရေတာ့မွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs