• Duwun Logo
    Local Sports
    နိုင်နိုင်၊ ရှုံးရှုံး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို စွန့်လွှတ်မယ့် အောင်လအန်ဆန်
Kyawko Ko
[Unicode Version]

ယနေ့ညမှာ ခရာကီကို မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လာမယ့်မတ်လမှာ ဂျပန်နိုင်ငံကို သွားရောက်ထိုးသတ်ပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်သွားဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အောင်လအန်ဆန်က ယင်းသတင်းနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ထိုးသတ်မယ့်ပြိုင်ပွဲမှာ နိုင်နိုင်၊ ရှုံးရှုံး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို အခြားသူတစ်ယောက်ကို လွှဲပေးတော့မယ်လို့ Duwun Sports နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။

44848454_616204488777212_1845418817115652096_n.jpg

အောင်လအန်ဆန်ဟာ ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး ယနေ့မှာလည်း မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို စိန်ခေါ်တဲ့ လက်ဘနွန်နိုင်ငံသား ခရာကီကို ပထမအချီမှာပဲ အလဲထိုးပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်ဟာ လာမယ့်မတ်လ ဂျပန်နိုင်ငံမှာ ထိုးသတ်ရမယ့် လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကာကွယ်ပွဲအပြီးမှာ အနိုင်ရရှိသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို အခြားသူတစ်ဦးဆီ လွှဲပြောင်းပေးတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

IMG_0720.JPG

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ခရာကီကို အနိုင်ရရှိပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ပွဲအပြီးမှာ Duwun Sports နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အချိန်မှာ အခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အနေနဲ့ မစ်ဒယ်ဝိတ်ချန်ပီယံဘဲွဲ့ကိုပဲ အာရုံစိုက်သွားမှာပါ။ နောက်လာမယ့် ဂျပန်မှာထိုးရမယ့်ပွဲကျရင် လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်မယ်။ တစ်ကြိမ်ပဲ ကာကွယ်ပါမယ်"

"တစ်ကြိမ်ကာကွယ်ပြီးတာနဲ့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ထပ်ကစားသမားတစ်ယောက်ကို လွှဲပေးခဲ့ပါမယ်။ ရှေ့ဆက်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကိုပဲ အဓိကကာကွယ်သွားတော့မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ယေန႔ညမွာ ခရာကီကို မစ္ဒယ္ဝိတ္တန္းခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏုိင္ခဲ့တဲ့ ေအာင္လအန္ဆန္ဟာ လာမယ့္မတ္လမွာ ဂ်ပန္ႏုိင္ငံကို သြားေရာက္ထုိးသတ္ၿပီး လုိက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္သြားဖို႔ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ ေအာင္လအန္ဆန္က ယင္းသတင္းနဲ႔ပတ္သက္ၿပီး ဂ်ပန္ႏုိင္ငံမွာ ထုိးသတ္မယ့္ၿပိဳင္ပြဲမွာ ႏုိင္ႏုိင္၊ ရံႈးရံႈး လုိက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို အျခားသူတစ္ေယာက္ကို လႊဲေပးေတာ့မယ္လုိ႔ Duwun Sports နဲ႔ သီးသန္႔ေတြ႕ဆံုေမးျမန္းမႈမွာ ေျပာၾကားခဲ့ပါတယ္။

44848454_616204488777212_1845418817115652096_n.jpg

ေအာင္လအန္ဆန္ဟာ ဘရာဇီးလ္ႏုိင္ငံသား အလက္ဇႏၵားမာခ်ာဒိုကို အႏုိင္ယူၿပီး လုိက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို ရရွိခဲ့သူျဖစ္ၿပီး ယေန႔မွာလည္း မစ္ဒယ္ဝိတ္ခ်န္ပီယံဘြဲ႕ကို စိန္ေခၚတဲ့ လက္ဘႏြန္ႏုိင္ငံသား ခရာကီကို ပထမအခ်ီမွာပဲ အလဲထုိးၿပီး အႏုိင္ယူခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ လက္ရွိအခ်ိန္မွာ မစ္ဒယ္ဝိတ္၊ လုိက္ဟဲဗီးဝိတ္ခါးပတ္ႏွစ္ခုကို ပိုင္ဆုိင္ထားတဲ့ ေအာင္လအန္ဆန္ဟာ လာမယ့္မတ္လ ဂ်ပန္ႏုိင္ငံမွာ ထုိးသတ္ရမယ့္ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကာကြယ္ပြဲအၿပီးမွာ အႏုိင္ရရွိသည္ျဖစ္ေစ၊ ရံႈးနိမ့္သည္ျဖစ္ေစ လုိက္ဟဲဗီးဝိတ္ကမၻာ့ခ်န္ပီယံဘြဲ႕ကို အျခားသူတစ္ဦးဆီ လႊဲေျပာင္းေပးေတာ့မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

IMG_0720.JPG

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ ခရာကီကို အႏုိင္ရရွိၿပီး မစ္ဒယ္ဝိတ္ခ်န္ပီယံဘဲြ႕ကို ကာကြယ္ႏုိင္ခဲ့တဲ့ပြဲအၿပီးမွာ Duwun Sports နဲ႔ သီးသန္႔ေတြ႕ဆံုခဲ့တဲ့အခ်ိန္မွာ အခုလို ေျပာၾကားခဲ့ပါတယ္။

"ကၽြန္ေတာ့္အေနနဲ႔ မစ္ဒယ္ဝိတ္ခ်န္ပီယံဘဲဲြ႕ကိုပဲ အာရံုစိုက္သြားမွာပါ။ ေနာက္လာမယ့္ ဂ်ပန္မွာထုိးရမယ့္ပြဲက်ရင္ လုိက္ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္မယ္။ တစ္ႀကိမ္ပဲ ကာကြယ္ပါမယ္"

"တစ္ႀကိမ္ကာကြယ္ၿပီးတာနဲ႔ ႏုိင္သည္ျဖစ္ေစ၊ ရံႈးသည္ျဖစ္ေစ ေနာက္ထပ္ကစားသမားတစ္ေယာက္ကို လႊဲေပးခဲ့ပါမယ္။ ေရွ႕ဆက္ၿပီး မစ္ဒယ္ဝိတ္ခ်န္ပီယံဘဲြ႕ကိုပဲ အဓိကကာကြယ္သြားေတာ့မွာပါ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs