• Local Sports
    တစ်ဦးချင်းကစားအားကို မယှဉ်နိုင်လို့ အင်ဒိုကို မြန်မာဂိုးပြတ်ရှုံးနိမ့်
Kyawko Ko
[Unicode Version]

တစ်ဦးချင်းကစားပုံ အားနည်းပြီး မယှဉ်နိုင်ခဲ့လို့ အခုလို ရှုံးနိမ့်ခဲ့ရတာပါလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြချုပ် ဦးဌေးမြင့်က ပြောခဲ့တာ ဖြစ်ပါတယ်။

45442002_935771856607646_6430995914034249728_o.jpg

Photo - MFF

 

အာဆီယံ MNC ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ဒီကနေ့ နေ့လည်ကတော့ မြန်မာအသင်းဟာ အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ စတင်ကစားရပါတယ်။

ဆူဇူကီးပြိုင်ပွဲရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်မှတ်တမ်းများ 

အင်ဒိုနီးရှားအသင်းကတော့ အဖွင့်ပွဲပီပီ မြန်မာကို ဖိဖိစီးစီး ကစားသွားပြီး ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

45472839_935772079940957_714679998253891584_o.jpg

Photo - MFF

 

အခုလို မြန်မာအသင်း အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြချုပ်း ဦးဌေးမြင့်ကတော့ - " ကျွန်တော်တို့ ကစားသမားတွေပထမပိုင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနေခဲ့ပေမဲ့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ တစ်ဦးချင်းကစားအားကို မယှဉ်နိုင်ခဲ့တာကြောင့် ရှုံးခဲ့ရတာပါ။ အင်ဒိုနီးရှားအသင်းကတော့ မနှစ်က ဗီယက်နမ်ပြိုင်ပွဲ ကလိုမဟုတ်ပဲကြံ့ခိုင်မှုပိုင်းမှာ အများကြီးတိုးတက်ခဲ့ပါတယ်"လို့ ပွဲပြီး သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းကတော့ ဒီအုပ်စုမှာ အိမ်ရှင် အင်ဒိုနီးရှားအပါအဝင် မလေးရှား၊ကမ္ဘောဒီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် ဒုတိယပွဲအဖြစ် မနက်ဖြန်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆက်လက်ကစားပါမယ်။

45520442_935771846607647_4292174214342901760_o.jpg

Photo - MFF

 

ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ထိုင်းအသင်းဖြစ်ပြီး မြန်မာအသင်းကတော့ ၂၀၁၆ တုန်းက ဒုတိယငွေတံဆိပ်နဲ့ မနှစ်က တတိယကြေးတံ ဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

[Zawgyi Version]

တစ္ဦးခ်င္းကစားပုံ အားနည္းၿပီး မယွဥ္ႏိုင္ခဲ့လို႔ အခုလို ရႈံးနိမ့္ခဲ့ရတာပါလို႔ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ နည္းျပခ်ဳပ္ ဦးေဌးျမင့္က ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo - MFF

 

အာဆီယံ MNC ဖူဆယ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို အင္ဒိုနီးရွားက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနၿပီး ဒီကေန႔ ေန႔လည္ကေတာ့ ျမန္မာအသင္းဟာ အိမ္ရွင္ အင္ဒိုနီးရွားအသင္းနဲ႔ စတင္ကစားရပါတယ္။

ဆူဇူကီးျပိဳင္ပြဲရဲ႕ စိတ္၀င္စားဖြယ္ အခ်က္အလက္မွတ္တမ္းမ်ား 

အင္ဒိုနီးရွားအသင္းကေတာ့ အဖြင့္ပြဲပီပီ ျမန္မာကို ဖိဖိစီးစီး ကစားသြားၿပီး ၅-၁ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ ျမန္မာအသင္းအတြက္ တစ္လုံး တည္းေသာ ေခ်ပဂိုးကို လိႈင္မင္းထြန္းက သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

Photo - MFF

 

အခုလို ျမန္မာအသင္း အဖြင့္ပြဲမွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့အတြက္ နည္းျပခ်ဳပ္း ဦးေဌးျမင့္ကေတာ့ - " ကၽြန္ေတာ္တို႔ ကစားသမားေတြပထမပိုင္းမွာ ၄-၁ ဂိုးနဲ႔ ႐ံႈးေနခဲ့ေပမဲ့ ေကာင္းေကာင္းကစားႏိုင္ခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ တစ္ဦးခ်င္းကစားအားကို မယွဥ္ႏိုင္ခဲ့တာေၾကာင့္ ႐ံႈးခဲ့ရတာပါ။ အင္ဒိုနီးရွားအသင္းကေတာ့ မႏွစ္က ဗီယက္နမ္ၿပိဳင္ပြဲ ကလိုမဟုတ္ပဲႀကံ့ခိုင္မႈပိုင္းမွာ အမ်ားႀကီးတိုးတက္ခဲ့ပါတယ္"လို႔ ပြဲၿပီး သတင္းစာရွင္းလင္း ပြဲမွာ ေျပာခဲဲ့ပါတယ္။

ျမန္မာအသင္းကေတာ့ ဒီအုပ္စုမွာ အိမ္ရွင္ အင္ဒိုနီးရွားအပါအ၀င္ မေလးရွား၊ကေမၻာဒီးယားအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနတာေၾကာင့္ ဒုတိယပြဲအျဖစ္ မနက္ျဖန္မွာ ကေမၻာဒီးယားအသင္းနဲ႔ ဆက္လက္ကစားပါမယ္။

Photo - MFF

 

ဒီၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံကေတာ့ ထုိင္းအသင္းျဖစ္ၿပီး ျမန္မာအသင္းကေတာ့ ၂၀၁၆ တုန္းက ဒုတိယေငြတံဆိပ္နဲ႔ မႏွစ္က တတိယေၾကးတံ ဆိပ္ဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs