• Local Sports
    ဒဏ်ရာရခဲ့လို့ အသင်းလူစာရင်းက နှုတ်ထွက်ခဲ့ရတဲ့ ထိုက်ထိုက်အောင် နဲ့ မျိုးကိုထွန်း
Pyae Phyo Thein
[Unicode Version]

ပဏာမ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမား (၂)ဦးဖြစ်တဲ့ နောက်ခံလူ ထိုက်ထိုက်အောင် နဲ့ ကွင်းလယ်လူ မျိုးကိုထွန်းတို့ဟာ ဒဏ်ရာအသီးသီး ရရှိနေခဲ့လို့ လာမယ့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် သွားခဲ့ပါတယ်။

45447434_1230839207054889_8565664655228272640_n.jpg

Photo : MFF

 

ထိုက်ထိုက်အောင်ဟာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မျိုးကိုထွန်းကတော့ ဒူးဒဏ်ရာ ရရှိခဲ့တာလို့ ဖော်ပြခဲ့ပြီး အသင်းကနေ ပြန်လည်စေလွှတ်လိုက်တယ်လို့လည်း သိရပါတယ်။ မကြာခင်ကျင်ပးတော့မယ့် ဆူဇူကီးဖလားပြိုင်ပွဲ နီးကပ်လာမှ ဒဏ်ရာရရှိခဲ့တဲ့အတွက် ထိုက်ထိုက်အောင် နဲ့ မျိုးကိုထွန်းတို့အတွက်တော့ စိတ်ပျက်စရာ ဒဏ်ရာရရှိခဲ့မှု ဖြစ်ခဲ့ပါတယ်။

45442011_1230839193721557_7882729009367220224_n.jpg

Photo : MFF

 

ထိုက်ထိုက်အောင် နဲ့ မျိုးကိုထွန်းတို့ဟာ မြန်မာအသင်းအတွက် အားထားရတဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး သူတို့နှစ်ဦး ဒဏ်ရာရရှိခဲ့မှုဟာ မြန်မာအသင်းအတွက်လည်း နစ်နာမှုဖြစ်ခဲ့ရပါတယ်။ ဘိုလီဗီယားနဲ့ ရန်ကုန်မြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း သူတို့နှစ်ဦးစလုံး ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

45383145_1229076867231123_408245033850896384_n.jpg

Photo : MFF

 

မြန်မာအသင်းဟာ ဆူဇူကီးဖလားအဖွင့်ပွဲကို နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ မန္တလေးမြို့မှာ ကစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေငြာမှု မရှိသေးပါဘူး။ မြန်မာအသင်းကတော့ ဆူဇူကီးပြိုင်ပွဲအတွက် ကာကာနိုင်ငံကို သွားရောက်လေ့ကျင့်ခဲ့ပြီး ဘာရိန်းလက်ရွေးစင်အသင်းအပါအဝင် ကာတာကလပ်အသင်းများနဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပြီး ဖြစ်ပါတယ်။

45241077_1229066463898830_2094442103269490688_n.jpg

Photo : MFF

 

မြန်မာအသင်းကတော့ (၁၂)ရက်နေ့မှာ ကမ္ဘောဒီယားအသင်းနဲ့ ကစားသွားမှာဖြစ်ပြီး နိုဝင်ဘာလ (၁၆)ရက်နေ့မှာ လာအိုအသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ (၂၀)ရက်နေ့မှာ ဗီယက်နမ်အသင်းကို အိမ်ကွင်းပွဲအဖြစ် ဧည့်ခံကစားရမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲကိုတော့ နိုဝင်ဘာလ (၂၄)ရက်နေ့မှာ မလေးရှားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။

[Zawgyi Version]

ပဏာမ ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ ကစားသမား (၂)ဦးျဖစ္တဲ့ ေနာက္ခံလူ ထိုက္ထိုက္ေအာင္ နဲ႔ ကြင္းလယ္လူ မ်ိဳးကိုထြန္းတို႔ဟာ ဒဏ္ရာအသီးသီး ရရွိေနခဲ့လို႔ လာမယ့္ ၂၀၁၈ ဆူဇူကီးဖလားျပိဳင္ပြဲကို လြဲေခ်ာ္ခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ သြားခဲ့ပါတယ္။

Photo : MFF

 

ထိုက္ထိုက္ေအာင္ဟာ ေပါင္ၾကြက္သားဒဏ္ရာ ရရွိခဲ့တာျဖစ္ျပီး မ်ိဳးကိုထြန္းကေတာ့ ဒူးဒဏ္ရာ ရရွိခဲ့တာလို႔ ေဖာ္ျပခဲ့ျပီး အသင္းကေန ျပန္လည္ေစလႊတ္လိုက္တယ္လို႔လည္း သိရပါတယ္။ မၾကာခင္က်င္ပးေတာ့မယ့္ ဆူဇူကီးဖလားျပိဳင္ပြဲ နီးကပ္လာမွ ဒဏ္ရာရရွိခဲ့တဲ့အတြက္ ထိုက္ထိုက္ေအာင္ နဲ႔ မ်ိဳးကိုထြန္းတို႔အတြက္ေတာ့ စိတ္ပ်က္စရာ ဒဏ္ရာရရွိခဲ့မႈ ျဖစ္ခဲ့ပါတယ္။

Photo : MFF

 

ထိုက္ထိုက္ေအာင္ နဲ႔ မ်ိဳးကိုထြန္းတို႔ဟာ ျမန္မာအသင္းအတြက္ အားထားရတဲ့ ကစားသမားေတြထဲမွာ အပါအ၀င္ျဖစ္ျပီး သူတို႔ႏွစ္ဦး ဒဏ္ရာရရွိခဲ့မႈဟာ ျမန္မာအသင္းအတြက္လည္း နစ္နာမႈျဖစ္ခဲ့ရပါတယ္။ ဘိုလီဗီယားနဲ႔ ရန္ကုန္ျမိဳ႕မွာ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာလည္း သူတို႔ႏွစ္ဦးစလံုး ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။

Photo : MFF

 

ျမန္မာအသင္းဟာ ဆူဇူကီးဖလားအဖြင့္ပြဲကို ႏို၀င္ဘာလ (၁၂)ရက္ေန႔မွာ ကေမၻာဒီးယားအသင္းနဲ႔ မႏၱေလးျမိဳ႕မွာ ကစားရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ျမန္မာအသင္းရဲ႕ အျပီးသတ္လူစာရင္းကို ထုတ္ျပန္ေၾကျငာမႈ မရွိေသးပါဘူး။ ျမန္မာအသင္းကေတာ့ ဆူဇူကီးျပိဳင္ပြဲအတြက္ ကာကာႏိုင္ငံကို သြားေရာက္ေလ့က်င့္ခဲ့ျပီး ဘာရိန္းလက္ေရြးစင္အသင္းအပါအ၀င္ ကာတာကလပ္အသင္းမ်ားနဲ႔ ေျခစမ္းပြဲေတြ ကစားခဲ့ျပီး ျဖစ္ပါတယ္။

Photo : MFF

 

ျမန္္မာအသင္းကေတာ့ (၁၂)ရက္ေန႔မွာ ကေမၻာဒီယားအသင္းနဲ႔ ကစားသြားမွာျဖစ္ျပီး ႏို၀င္ဘာလ (၁၆)ရက္ေန႔မွာ လာအုိအသင္းနဲ႔ အေ၀းကြင္းမွာ ကစားရမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ (၂၀)ရက္ေန႔မွာ ဗီယက္နမ္အသင္းကို အိမ္ကြင္းပြဲအျဖစ္ ဧည့္ခံကစားရမွာ ျဖစ္ျပီး ရန္ကုန္ျမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ အုပ္စုေနာက္ဆံုးပြဲကိုေတာ့ ႏို၀င္ဘာလ (၂၄)ရက္ေန႔မွာ မေလးရွားအသင္းနဲ႔ အေ၀းကြင္းမွာ သြားေရာက္ကစားမွာ ျဖစ္တယ္လို႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs