• Local Sports

    ဆူဇူကီးဖလားပွဲတွေကို Free to Air ရုပ်သံလိုင်းတွေမှာ ဘာလို့မပြသတာလဲ?

Pyae Phyo Thein
[Unicode Version]

2018 AFF Suzuki Cup ပြိုင်ပွဲကြီးက မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အရှေ့တောင်အာရှက နိုင်ငံပေါင်း (၁၀)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အာဆီယံဒေသတွင်းရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တာမို့ ပါဝင်ကစားကြမယ့် အသင်းတိုင်းရော၊ သက်ဆိုင်ရာ နိုင်ငံအသင်းတွေရဲ့ ပရိသတ်တွေကပါ စိတ်ဝင်စားမှု များပြားတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

45002910_1226561597482650_107792039768227840_n.jpg

Photo : MFF

 

ဒီပြိုင်ပွဲကို ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီအပေါ်မှာ မြန်မာဘောလုံး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက မြင့်တက်နေပြီး နိုင်ငံလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေကို အခပေးရုပ်သံလိုင်းတွေကနေပဲ ကြည့်ရှုရတော့မှာလားဆိုတဲ့ ဝေဖန်မှုတွေ ရှိလာခဲ့ပြီး ပြင်းထန်တဲ့ ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

 

ပြည်တွင်းက အခကြေးငွေမပေးရတဲ့ ရုပ်သံလိုင်းတွေက တိုက်ရိုက်မထုတ်လွှင့်ရတဲ့အကြောင်းရင်း နဲ့ Sky Net ကပဲ တိုက်ရိုက်ထုတ်လွှင့်သွားမယ့် ကိစ္စနဲ့ပတ်သက်ပြီး Duwun Sports က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ CEO ဦးဘုန်းနိုင်ဇော်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ဦးဘုန်းနိုင်ဇော်က အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Untitled.png 

"ဆူဇူကီးပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင်ခွင့်က ကျွန်တော်တို့ မြန်မာဘောလုံးအဖွဲ့ချုပ်က မပိုင်ပါဘူး၊ ဒီဟာကို ပိုင်တာက အာဆီယံဘောလုံး အဖွဲ့ချုပ်ပေါ့နော်၊ သူတို့ဆီကနေမှ တဆင့်ပြန်လည်ဝယ်ယူပြီးတော့ ပြသရတာပါ၊ ဒီအပေါ်မှာ Sky Net ကလည်း သူတို့ရဲ့ စီးပွားရေးအရ ဝယ်ယူပြီး တဆင့်ပြန်လည်ထုတ်လွှင့်တာပါ၊ ကျွန်တော်တို့အနေနဲ့ ဘာမှဝင်ပြီးတော့ ပြောဆိုလို့မရပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ကတော့ နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေကို ပုံမှန်အားဖြင့် နိုင်ငံတွင်းက Free to Air ရုပ်သံလိုင်းတွေကနေ ကြည့်ရှုနေရတာပါ။ ဒါပေမယ့်လည်း ဆူဇူကီးဖလားလို ပြိုင်ပွဲကိုတော့ ယခင်လို ကြည့်ရှုလို့မရတဲ့အပေါ်မှာ စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲကို MRTV, MRTV-4 တို့က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ။

 လက်ရှိမှာတော့ Sky Net က ဆူဇူကီးပွဲစဉ်အားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။ ဒီအပေါ်မှာ MRTV, MRTV-4 ရုပ်သံလိုင်းတွေက မြန်မာအသင်းရဲ့ ပွဲစဉ်တွေကိုပဲ ရွေးချယ်ပြီး တိုက်ရိုက်ပြသ မှာလား၊ မပြသဘူးလားဆိုတာကတော့ မသေချာသေးဘူးလို့ သိရပါတယ်။

[Zawgyi Version]

2018 AFF Suzuki Cup ျပိဳင္ပြဲၾကီးက မၾကာခင္မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွက ႏိုင္ငံေပါင္း (၁၀)ႏိုင္ငံ ပါ၀င္ယွဥ္ျပိဳင္ၾကမွာျဖစ္ျပီး အာဆီယံေဒသတြင္းရဲ႕ အဆင့္ျမင့္ဆံုး ျပိဳင္ပြဲတစ္ခုျဖစ္တာမို႔ ပါ၀င္ကစားၾကမယ့္ အသင္းတိုင္းေရာ၊ သက္ဆိုင္ရာ ႏိုင္ငံအသင္းေတြရဲ႕ ပရိသတ္ေတြကပါ စိတ္၀င္စားမႈ မ်ားျပားတဲ့ ျပိဳင္ပြဲလည္း ျဖစ္ပါတယ္။

Photo : MFF

 

ဒီျပိဳင္ပြဲကို ျပည္တြင္းက Free to Air ရုပ္သံလိုင္းေတြက တိုက္ရိုက္ထုတ္လႊင့္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒီအေပၚမွာ ျမန္မာေဘာလံုး ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈေတြက ျမင့္တက္ေနျပီး ႏိုင္ငံလက္ေရြးစင္အသင္းရဲ႕ ပြဲစဥ္ေတြကို အခေပးရုပ္သံလိုင္းေတြကေနပဲ ၾကည့္ရႈရေတာ့မွာလားဆိုတဲ့ ေ၀ဖန္မႈေတြ ရွိလာခဲ့ျပီး ျပင္းထန္တဲ့ ျပစ္တင္ေျပာဆိုမႈေတြလည္း ရွိခဲ့ပါတယ္။

 

ျပည္တြင္းက အခေၾကးေငြမေပးရတဲ့ ရုပ္သံလိုင္းေတြက တိုက္ရိုက္မထုတ္လႊင့္ရတဲ့အေၾကာင္းရင္း နဲ႔ Sky Net ကပဲ တိုက္ရိုက္ထုတ္လႊင့္သြားမယ့္ ကိစၥနဲ႔ပတ္သက္ျပီး Duwun Sports က ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ CEO ဦးဘုန္းႏိုင္ေဇာ္နဲ႔ သီးသန္႔ေတြ႕ဆံု ေမးျမန္းခဲ့ပါတယ္။ ဒီအေပၚမွာေတာ့ ဦးဘုန္းႏိုင္ေဇာ္က အခုလိုပဲ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

 

"ဆူဇူကီးျပိဳင္ပြဲရဲ႕ ရုပ္သံထုတ္လႊင္ခြင့္က ကၽြန္ေတာ္တို႔ ျမန္မာေဘာလံုးအဖြဲ႕ခ်ဳပ္က မပိုင္ပါဘူး၊ ဒီဟာကို ပိုင္တာက အာဆီယံေဘာလံုး အဖြဲ႕ခ်ဳပ္ေပါ့ေနာ္၊ သူတို႔ဆီကေနမွ တဆင့္ျပန္လည္၀ယ္ယူျပီးေတာ့ ျပသရတာပါ၊ ဒီအေပၚမွာ Sky Net ကလည္း သူတို႔ရဲ႕ စီးပြားေရးအရ ၀ယ္ယူျပီး တဆင့္ျပန္လည္ထုတ္လႊင့္တာပါ၊ ကၽြန္ေတာ္တို႔အေနနဲ႔ ဘာမွ၀င္ျပီးေတာ့ ေျပာဆိုလို႔မရပါဘူး" လို႔ ေျဖၾကားခဲ့ပါတယ္။

ပရိသတ္ေတြအေနနဲ႔ကေတာ့ ႏိုင္ငံအသင္းရဲ႕ ပြဲစဥ္ေတြကို ပံုမွန္အားျဖင့္ ႏိုင္ငံတြင္းက Free to Air ရုပ္သံလိုင္းေတြကေန ၾကည့္ရႈေနရတာပါ။ ဒါေပမယ့္လည္း ဆူဇူကီးဖလားလို ျပိဳင္ပြဲကိုေတာ့ ယခင္လို ၾကည့္ရႈလို႔မရတဲ့အေပၚမွာ စိတ္ပ်က္ေနၾကတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၆ ဆူဇူကီး ဖလားျပိဳင္ပြဲကို MRTV, MRTV-4 တို႔က တိုက္ရိုက္ထုတ္လႊင့္ျပသခဲ့တာပါ။

 လက္ရွိမွာေတာ့ Sky Net က ဆူဇူကီးပြဲစဥ္အားလံုးကို တိုက္ရိုက္ထုတ္လႊင့္ျပသသြားမွာပါ။ ဒီအေပၚမွာ MRTV, MRTV-4 ရုပ္သံလိုင္းေတြက ျမန္မာအသင္းရဲ႕ ပြဲစဥ္ေတြကိုပဲ ေရြးခ်ယ္ျပီး တိုက္ရိုက္ျပသ မွာလား၊ မျပသဘူးလားဆိုတာကေတာ့ မေသခ်ာေသးဘူးလို႔ သိရပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs