• Local Sports
    MNC ဖူဆယ်ပွဲ ဒုတိယပွဲမှာ ကမ္ဘောဒီးယားကို ဂိုးပြတ်နိုင်ခဲ့တဲ့ မြန်မာ
Pyae Phyo Thein
[Unicode Version]

ဒီနေ့မှာ ဆက်လက်ကျင်းပခဲ့တဲ့ AFF MNC ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဒုတိယပွဲမှာ မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းကို (၁၁)ဂိုးအထိသွင်းပြီး ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ အင်ဒိုနီးရှားအသင်းကို (၅-၁) ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ထားတဲ့ မြန်မာအသင်းဟာ နိုင်ပွဲရဖို့ လိုအပ်တဲ့အပြင် ဂိုးအများအပြားလည်း သွင်းနိုင်မှဖြစ်တာမို့ ဒီနေ့မှာ အားထုတ်ကစားသွားခဲ့ပါတယ်။

45563374_936263026558529_1865551141308203008_n.jpg

Photo : MFF Futsal Facebook Page

 

ဒီအတွက်ကြောင့် တိုက်စစ်ကို အဓိကအားပြုပြီး တရစပ်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းက ဖိအားပေးမှုကို ကမ္ဘောဒီးယားအသင်း ကြံ့ကြံ့မခံနိုင်ခဲ့တော့ပဲ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပြီး (၁၁-၂)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို နိုင်လင်းထွန်းကျော်က (၃)ဂိုး၊ ပြည့်ဖြိုးမောင် (၂) နဲ့ ပြည့်ဖြိုးမောင် (၃)တို့က (၂)ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

45558813_936263069891858_3447648829220847616_n.jpg

Photo : MFF Futsal Facebook Page

ကျော်စိုးမိုး၊ အောင်ဇင်ဦး၊ ငြိမ်းမင်းစိုး နဲ့ နိုင်ရဲကျော်တို့က တစ်ဂိုးစီ သွင်းပေးခဲ့တာမို့ မြန်မာအသင်း ဂိုးပြတ်အနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် (၂)ပွဲကစားအပြီးမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး ရဂိုး (၁၂)ဂိုး၊ ပေးဂိုး (၇)ဂိုး ရှိခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး နိုဝင်ဘာလ (၇)ရက်နေ့ နံနက် (၁၁)နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။

45542364_936263083225190_5422082408004452352_n.jpg

Photo : MFF Futsal Facebook Page

 

MFF Futsal Facebook Page က ဖော်ပြခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်က "ကျွန်တော် ကစားသမားတွေ အားလုံး ကြိုးစားကစားခဲ့ကြပါတယ်။ လိုချင်တဲ့ ဂိုးအရေအတွက်ကို မရရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ မလေးရှား အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင် ရဖို့ ကြိုးစားသွားပါမယ်။ မလေးရှားအသင်းကစားတဲ့ ပွဲကိုလည်း ဗီဒီယိုပြန်ကြည့်မယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတွေကိုလည်း ဗီဒီယိုပြန်ကြည့်ပြီး အမှားတွေကို ပြင်ဆင်သွားပါမယ်"ဟု ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ဒီေန႔မွာ ဆက္လက္က်င္းပခဲ့တဲ့ AFF MNC ဖူဆယ္ခ်န္ပီယံရွစ္ျပိဳင္ပြဲရဲ႕ ဒုတိယပြဲမွာ ျမန္မာအသင္းဟာ ကေမၻာဒီးယားအသင္းကို (၁၁)ဂိုးအထိသြင္းျပီး ဂိုးျပတ္အႏိုင္ရရွိသြားခဲ့ပါတယ္။ အဖြင့္ပြဲမွာ အင္ဒိုနီးရွားအသင္းကို (၅-၁) ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ထားတဲ့ ျမန္မာအသင္းဟာ ႏိုင္ပြဲရဖို႔ လိုအပ္တဲ့အျပင္ ဂိုးအမ်ားအျပားလည္း သြင္းႏိုင္မွျဖစ္တာမို႔ ဒီေန႔မွာ အားထုတ္ကစားသြားခဲ့ပါတယ္။

Photo : MFF Futsal Facebook Page

 

ဒီအတြက္ေၾကာင့္ တိုက္စစ္ကို အဓိကအားျပဳျပီး တရစပ္တိုက္စစ္ဆင္ ကစားခဲ့ပါတယ္။ ျမန္မာအသင္းရဲ႕ တိုက္စစ္ပိုင္းက ဖိအားေပးမႈကို ကေမၻာဒီးယားအသင္း ၾကံ့ၾကံ့မခံႏိုင္ခဲ့ေတာ့ပဲ သြင္းဂိုးေတြ ခြင့္ျပဳခဲ့ရျပီး (၁၁-၂)ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္သြားခဲ့ပါတယ္။ ျမန္မာအသင္းအတြက္ အႏိုင္ဂိုးေတြကို ႏိုင္လင္းထြန္းေက်ာ္က (၃)ဂိုး၊ ျပည့္ျဖိဳးေမာင္ (၂) နဲ႔ ျပည့္ျဖိဳးေမာင္ (၃)တို႔က (၂)ဂိုးစီ သြင္းယူေပးခဲ့ပါတယ္။

Photo : MFF Futsal Facebook Page

ေက်ာ္စိုးမိုး၊ ေအာင္ဇင္ဦး၊ ျငိမ္းမင္းစိုး နဲ႔ ႏိုင္ရဲေက်ာ္တို႔က တစ္ဂိုးစီ သြင္းေပးခဲ့တာမို႔ ျမန္မာအသင္း ဂိုးျပတ္အႏို္င္ပြဲ ရရွိသြားခဲ့ပါတယ္။ ျမန္မာအသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္ (၂)ပြဲကစားအျပီးမွာ တစ္ပြဲႏိုင္၊ တစ္ပြဲရံႈးထားျပီး ရဂိုး (၁၂)ဂိုး၊ ေပးဂိုး (၇)ဂိုး ရွိခဲ့ပါတယ္။ အုပ္စုေနာက္ဆံုးပြဲအျဖစ္ မေလးရွားအသင္းနဲ႔ ကစားသြားရမွာျဖစ္ျပီး ႏို၀င္ဘာလ (၇)ရက္ေန႔ နံနက္ (၁၁)နာရီမွာ ကစားသြားမွာ ျဖစ္ပါတယ္။

Photo : MFF Futsal Facebook Page

 

MFF Futsal Facebook Page က ေဖာ္ျပခဲ့တဲ့ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ျမန္မာ့လက္ေရြးစင္ ဖူဆယ္အသင္းနည္းျပခ်ဳပ္ ဦးေဌးျမင့္က "ကၽြန္ေတာ္ ကစားသမားေတြ အားလံုး ႀကိဳးစားကစားခဲ့ၾကပါတယ္။ လိုခ်င္တဲ့ ဂိုးအေရအတြက္ကို မရရွိခဲ့ေပမဲ့ ကစားသမားေတြရဲ႕ စြမ္းေဆာင္မႈကို ေက်နပ္ပါတယ္။ မေလးရွား အသင္းနဲ႔ ပြဲစဥ္မွာ မျဖစ္မေန အႏိုင္ ရဖို႔ ႀကိဳးစားသြားပါမယ္။ မေလးရွားအသင္းကစားတဲ့ ပြဲကိုလည္း ဗီဒီယိုျပန္ၾကည့္မယ္။ ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ ပြဲေတြကိုလည္း ဗီဒီယိုျပန္ၾကည့္ၿပီး အမွားေတြကို ျပင္ဆင္သြားပါမယ္"ဟု ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs