• Local Sports
    Warrix နဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ဂျာစီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တဲ့ အဖွဲ့ချုပ်
Kyawko Ko
[Unicode Version]

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ထိုင်းနိုင်ငံအခြေစိုက် အားကစားအသုံးအဆောင်ကုမ္ပဏီဖြစ်တဲ့ Warrix Sports Co.,Ltd တို့ ယနေ့နေ့လည်မှာ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး Warrix ကုမ္ပဏီနဲ့ လက်တွဲပြီး မြန်မာဘောလုံးအသင်းကို အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

u zaw zaw.jpg 

မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ FBT တို့ ချုပ်ဆိုထားတဲ့ ဂျာစီစပွန်ဆာသက်တမ်း ကုန်ဆုံးသွားတာကြောင့် မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်က စပွန်ဆာအဖြစ် လက်တွဲလုပ်ဆောင်မယ့် ကုမ္ပဏီများကို ခေါ်ယူခဲ့ပြီး Warrix ကုမ္ပဏီနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဂျာစီစပွန်ဆာဖြစ်လာတဲ့ Warrix Sportwear ကုမ္ပဏီဟာ ထိုင်းလက်ရွေးစင်အသင်းကိုလည်း ဂျာစီစပွန်ဆာပေးပြီး လက်တွဲလုပ်ဆောင်နေတဲ့ အားကစားအသုံးအဆောင်ကုမ္ပဏီဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

Warrix နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ဟာ ၂၀၁၈ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အနေ့အထိ ၆ နှစ်သက်တမ်းရှိ ဂျာစီစပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်တန်ဖိုးဟာ ပစ္စည်းနဲ့ ငွေသားအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၆၇ သန်းရှိတယ်လို့ သိရပါတယ်။ Warrix ကုမ္ပဏီရဲ့ CEO Mr. Wisan က မြန်မာ့ဘောလုံးအဆင့်အတန်းဟာ တဖြည်းဖြည်းချင်း အဆင့်အတန်းမြင့်မားလာနေပြီး မြန်မာ့ဘောလုံးနဲ့ မိသားစုတွေလိုမျိုး ရေရှည်လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ရည်ရွယ်တာကြောင့် ယခုလို စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

u zaw zaw11.jpg 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က Warrix နဲ့ သဘောတူစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားမှာ ယခင် ဂျာစီစပွန်ဆာမရရှိခင်က ကြုံတွေ့ရတဲ့အခက်အခဲတွေအကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ဘောလုံးအားကစားကို ကစားဖို့ဆိုရင် နေရှင်နယ်ဂျာစီပေါ့နော်။ သူများနိုင်ငံတွေမှာဆိုလို့ရှိရင် အရင်တုန်းကတည်းက ဂျာစီစပွန်ဆာလည်းရတယ်။ စပွန်ဆာကြေးလည်းရတယ်ပေါ့။ ကျွန်တော်တို့ အဲဒီလို မဖြတ်သန်းရတာ တော်တော်လေးကြာခဲ့ပါပြီ။ ဒီမတိုင်မီ FBT နဲ့ ပထမစာချုပ်မှာ အဝတ်အစားအနေနဲ့ ပံ့ပိုးမှုပေးတယ်။ ဒါပေမယ့် ငွေကြေးထောက်ပံ့မှုမပါဘူး"

"ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံအရဆိုရင် ဂျာစီ ရှာဝယ်ရတာမျိုးနဲ့ ကြုံခဲ့ရတယ်။ ဂျာစီက ပြည့်ပြည့်စုံစုံ မရတဲ့အတွက် တံဆိပ်တွေက တမျိုးစီတွေပေါ့။ တံဆိပ်အမျိုးမျိုးဝယ်ပြီး ဝတ်ရတဲ့အခြေအနေအထိ ကြုံခဲ့ရဖူးတယ် ကျွန်တော့်ရဲ့ဘောလုံးဥက္ကဌသက်တမ်းတလျှောက်မှာ။ အခု FBT နဲ့စာချုပ်ကုန်ဆုံးသွားတဲ့အခါမှာ Warrix က ကျွန်တော်တို့ကို ကမ်းလှမ်းတယ်။ ကျွန်တော်တို့ကို ကမ်းလှမ်းတဲ့ဟာက ၄၊ ၅ ခုရှိတဲ့အထဲမှာ Warrix လောက် ဘယ်သူကမှ မပေးနိုင်ဘူး။ Warrix က အနာဂတ်မှာ ပိုကောင်းမွန်တဲ့အမှတ်တံဆိပ်ဖြစ်အောင်လို့ သွားနေတဲ့အတွက် ကျွန်တော်တို့ Win-Win ပုံစံမျိုးနဲ့ သွားလို့ရမယ်ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္နဲ႔ ထုိင္းႏုိင္ငံအေျခစိုက္ အားကစားအသံုးအေဆာင္ကုမၸဏီျဖစ္တဲ့ Warrix Sports Co.,Ltd တို႔ ယေန႔ေန႔လည္မွာ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကၿပီး Warrix ကုမၸဏီနဲ႔ လက္တြဲၿပီး ျမန္မာေဘာလံုးအသင္းကို ေအာင္ျမင္မႈေတြ ရရွိႏုိင္ပါေစလို႔ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ ဦးေဇာ္ေဇာ္က ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

u zaw zaw.jpg 

ျမန္မာႏုုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္နဲ႔ FBT တို႔ ခ်ဳပ္ဆုိထားတဲ့ ဂ်ာစီစပြန္ဆာသက္တမ္း ကုန္ဆံုးသြားတာေၾကာင့္ ျမန္မာႏုုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က စပြန္ဆာအျဖစ္ လက္တြဲလုပ္ေဆာင္မယ့္ ကုမၸဏီမ်ားကို ေခၚယူခဲ့ၿပီး Warrix ကုမၸဏီနဲ႔ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ ျမန္မာႏုုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ဂ်ာစီစပြန္ဆာျဖစ္လာတဲ့ Warrix Sportwear ကုမၸဏီဟာ ထုိင္းလက္ေရြးစင္အသင္းကိုလည္း ဂ်ာစီစပြန္ဆာေပးၿပီး လက္တြဲလုပ္ေဆာင္ေနတဲ့ အားကစားအသံုးအေဆာင္ကုမၸဏီျဖစ္ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

Warrix နဲ႔ ျမန္မာႏုိင္္ငံေဘာလံုးအဖြဲ႕ခ်ဳပ္တုိ႔ဟာ ၂၀၁၈ ႏိုဝင္ဘာလ ၁ ရက္ေန႔ကေန ၂၀၂၄ ဒီဇင္ဘာ ၃၁ ရက္အေန႔အထိ ၆ ႏွစ္သက္တမ္းရွိ ဂ်ာစီစပြန္ဆာစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး စာခ်ဳပ္တန္ဖိုးဟာ ပစၥည္းနဲ႔ ေငြသားအပါအဝင္ စုစုေပါင္း အေမရိကန္ေဒၚလာ ၅.၆၇ သန္းရွိတယ္လို႔ သိရပါတယ္။ Warrix ကုမၸဏီရဲ႕ CEO Mr. Wisan က ျမန္မာ့ေဘာလံုးအဆင့္အတန္းဟာ တျဖည္းျဖည္းခ်င္း အဆင့္အတန္းျမင့္မားလာေနၿပီး ျမန္မာ့ေဘာလံုးနဲ႔ မိသားစုေတြလိုမ်ိဳး ေရရွည္လက္တြဲပူးေပါင္းေဆာင္ရြက္သြားဖို႔ရည္ရြယ္တာေၾကာင့္ ယခုလို စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ ဦးေဇာ္ေဇာ္က Warrix နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုတဲ့အခမ္းအနားမွာ ယခင္ ဂ်ာစီစပြန္ဆာမရရွိခင္က ႀကံဳေတြ႕ရတဲ့အခက္အခဲေတြအေၾကာင္းကို အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။

"ေဘာလံုးအားကစားကုိ ကစားဖို႔ဆုိရင္ ေနရွင္နယ္ဂ်ာစီေပါ့ေနာ္။ သူမ်ားႏုိင္ငံေတြမွာဆိုလုိ႔ရွိရင္ အရင္တုန္းကတည္းက ဂ်ာစီစပြန္ဆာလည္းရတယ္။ စပြန္ဆာေၾကးလည္းရတယ္ေပါ့။ ကၽြန္ေတာ္တုိ႔ အဲဒီလို မျဖတ္သန္းရတာ ေတာ္ေတာ္ေလးၾကာခဲ့ပါၿပီ။ ဒီမတိုင္မီ FBT နဲ႔ ပထမစာခ်ဳပ္မွာ အဝတ္အစားအေနနဲ႔ ပံ့ပိုးမႈေပးတယ္။ ဒါေပမယ့္ ေငြေၾကးေထာက္ပံ့မႈမပါဘူး"

"ကၽြန္ေတာ္ ျဖတ္သန္းခဲ့ရတဲ့အေတြ႕အႀကံဳအရဆုိရင္ ဂ်ာစီ ရွာဝယ္ရတာမ်ိဳးနဲ႔ ႀကံဳခဲ့ရတယ္။ ဂ်ာစီက ျပည့္ျပည့္စံုစံု မရတဲ့အတြက္ တံဆိပ္ေတြက တမ်ိဳးစီေတြေပါ့။ တံဆိပ္အမ်ိဳးမ်ိဳးဝယ္ၿပီး ဝတ္ရတဲ့အေျခအေနအထိ ႀကံဳခဲ့ရဖူးတယ္ ကၽြန္ေတာ့္ရဲ႕ေဘာလံုးဥကၠဌသက္တမ္းတေလွ်ာက္မွာ။ အခု FBT နဲဲ႔စာခ်ဳပ္ကုန္ဆံုးသြားတဲ့အခါမွာ Warrix က ကၽြန္ေတာ္တုိ႔ကို ကမ္းလွမ္းတယ္။ ကၽြန္ေတာ္တုိ႔ကို ကမ္းလွမ္းတဲ့ဟာက ၄၊ ၅ ခုရွိတဲ့အထဲမွာ Warrix ေလာက္ ဘယ္သူကမွ မေပးႏုိင္ဘူး။ Warrix က အနာဂတ္မွာ ပိုေကာင္းမြန္တဲ့အမွတ္တံဆိပ္ျဖစ္ေအာင္လို႔ သြားေနတဲ့အတြက္ ကၽြန္ေတာ္တို႔ Win-Win ပံုစံမ်ိဳးနဲ႔ သြားလို႔ရမယ္ထင္ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs