• Local Sports
    အောင်သူကို ခေါ်ယူနိုင်ဖို့ Sapporo အသင်း ဒီဇင်ဘာ ၄ ရက်နေ့ လာရောက်ဆွေးနွေးမည်
Kyawko Ko
[Unicode Version]
မနေ့က အွန်လိုင်းစာမျက်နှာအချို့မှာ အောင်သူကို ဂျေလိဂ်ကလပ် ဆာပိုရိုအသင်းက ခေါ်ယူဖို့ ကြိုးပမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက် အခုလို ရတနာပုံအသင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဒီဇင်ဘာ ၄ ရက်နေ့ လာရောက်ဆွေးနွေးမယ်လို့ ထပ်မံ ကြားသိရတာပါ။
IMG_2272.jpg 
ရတနာပုံအသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူနိုင်ဖို့အတွက် ဂျပန် လိဂ်(၁) ကလပ် ဆာပိုရို အနေနဲ့ လာမယ့် ၄ ရက်နေ့မှာ ရတနာပုံအသင်းနဲ့ တရားဝင် လာရောက်ဆွေးနွေး မယ်လို့ ရတနာပုံအသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အောင်သူကို ဂျေလိဂ်(၂)နဲ့ ထိုင်းလိဂ်(၁)က နှစ်သင်းသာ တရားဝင်ကမ်းလှမ်းထား 
အခုလို မသိရခင် တစ်ရက်အလိုလောက်မှာ အောင်သူကို ဂျပန်လိဂ်(၁) ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဆာပိုရိုအသင်းက ခေါ်ယူနိုင်ဖို့ ကြိုးစားမယ်လို့လည်း သတင်းတွေထွက် ပေါ်ခဲ့ပါတယ်။
10252.jpg
Photo - J League
ဒီအခြေအနေအပေါ်မှာတော့ DuwuSportsအနေနဲ့ အောင်သူအတွက် အပြောင်းအရွှေ့ ကိစ္စတွေ လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ အောင်သူ့ အကို ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ -“ ကျွန်တော် တို့ ၄ ရက်နေ့မှာ ညှိုနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိပါတယ်။ အခုတော့ ဘာမှ သေချာ မသိရ သေးပါဘူး။ အဲ့နေ့ကျရင်တော့ အားလုံးမထင်မှတ်ထားတဲ့ အပြောင်းအရွှေ့လည်း ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ ထိုင်းကလပ်အသင်းကြီးတွေလည်း ချိတ်ဆက်ထားတာ ဟုတ်ပါတယ်။ ဒါပေမယ့် ၄ ရက်နေ့မှာတော့ အဲ့ဒီထက်ပိုထူးခြားတဲ့ သတင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
IMG_0131.jpg 
အောင်သူအနေနဲ့ မနှစ်က ထိုင်းလိဂ်ကို သွားကစားချိန်ကတည်းက လာမယ့် ၂၀၁၉ ခုနှစ်မှာ ဂျေလိဂ်ကို ထိပ်တိုးမြင့်တက် ကစားဖွယ်ရှိတဲ့ သတင်းတွေက ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး မနေ့က ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်ရဲ့ ပြောပြ ချက်အရဆိုရင် ဂျေလိဂ်(၂)က အသင်း အချို့ကလည်း တရားဝင် ကမ်းလှမ်းထားတာ သိရပါတယ်။
အခုလာရောက်ဆွေးနွေးမယ်လို့ သတင်းထွက်ပေါ်လာတဲ့ ဆာပိုရိုအသင်းကတော့ ဂျေလိဂ်(၁)ရဲ့ အသင်းကြီး တစ်သင်းဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ ဂျေလိဂ်(၁)ရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်တဲ့အသင်းပါ။
ဒါ့အပြင် ဒီအသင်းမှာ အာဆီယံ ဒေသတွင်းက ထိုင်းလက်ရွေးစင် ကွင်းလယ်ကစားသမား ချနသစ်ဆောင် ခရာဆင်ကိုလည်း ခေါ်ယူထားတာကြောင့် အောင်သူသာ ပြောင်းရွှေ့ရောက်ရှိသွားမယ်ဆိုရင် ထိုင်းကစားသမားနဲ့ မြန်မာကစားသမား ပထမဆုံး ပူးတွဲကစားမယ့် မြင်ကွင်းကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။
[Zawgyi Version]
Photo - J League
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs