• Local Sports
    ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပွဲမှာ အိမ်ရှင်နဲ့ ပွဲဦးထွက်တွေ့ဆုံနေ
Kyawko Ko
[Unicode Version]

ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်မြန်မာ၊မလေးရှားနဲ့တောင်ကိုရီးယား နေရှင်နယ်လိဂ် ကလပ် gimhae cfc အသင်းတို့ ပါဝင်ပါတယ်။

43000369_1211027909036019_8689829621429960704_o.jpg 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် လေးသင်းဖိတ်ခေါ် ယူ-၂၁ အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း ဝင် ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်နေပါတယ်။

အောင်သူကို ခေါ်ယူနိုင်ဖို့ Sapporo အသင်း ဒီဇင်ဘာ ၄ ရက်နေ့ လာရောက်ဆွေးနွေးမည် 

လက်ရှိမှာ ဖိတ်ခေါ်ပြိုင်ပွဲဝင်အသင်း ၄ သင်းထွကပေါ်လာခဲ့ပြီ ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ် ယူ-၂၁၊ မြန်မာ ယူ-၂၁၊မလေးရှား ယူ-၂၁ နဲ့အတူ တောင်ကိုရီးယား နှေရှင်နယ်လိဂ် ကလပ် gimhae cfc အသင်းတို့ ပါဝင်ယှဥၤပြိုင်မယ်လို့ သိရပါတယ်။

42996734_1211027749036035_1364840280527732736_o.jpg 

ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းကတော့ ပွဲဦးထွက်မှာ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ စတင်ကစားရပါမယ်။

အဲ့နောက် ဒုတိယပွဲအဖြစ် တောင်ကိုရီးယားကလပ် gimhae cfc အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး မလေးရှားအသင်းနဲ့တော့ အုပ်စုနောက်ဆုံးပွဲ အဖြစ် ကစားရမှာ ဖြစ်ပါတယ်။

42975822_1211028092369334_2924433868817694720_o.jpg 

လေးသင်းပတ်လည် အမှတ်ပေးစနစ်မှာ အမှတ်အနည်းဆုံး ၂ သင်းက တတိယနေရာအတွက် ပြန်ကစားရမှာ ဖြစ်ပြီး အမှတ်အများဆုံံး အသင်း နှစ်သင်းကတော့ ဗိုလ်လုပွဲအဖြစ် ကစားရပါမယ်။

ဒီပြိုင်ပွဲက အာဆီယံ ဒေသတွင်းက ၃ သင်းစလုံးအတွက် ၂၀၁၉ ခုနှစ်မှာ ကစားရမယ့် အဓိက ပြိုင်ပွဲတွေအတွက် အကြို ခြေစမ်းတဲ့ အနေနဲ့ ကစားတဲ့ ပွဲလည်း ဖြစ်လာမှာပါ။

မြန်မာ ယူ-၂၁ အသင်းမှာဆိုရင် ၂၀၁၉ ခုနှစ်အတွင်း အဓိက ပြိုင်ပွဲကြီး ၃ ရပ်ရှိနေပြီး မတ်လမှာ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊အဲ့နောက် အာရှ ယူ-၂၃ ခြေစစ်ပွဲတွေကစားရမယ်။

နောက်ဆုံး ဒီဇင်ဘာမှာ အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့နည်းပြချုပ် ဦးကြည်လွင် တာဝန်ယူကိုင်တွယ်နေပြီး ပြည်တွင်း နေရှင်နယ်လိဂ် ကလပ်အသင်း ၃သင်းနဲ့ ခြေစမ်းကစားထားရမှာတော့ ၃ ပွဲစလုံးအနိုင်ရထားပါတယ်။

[Zawgyi Version]

ဒီဇင္ဘာ ၁၂ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ ဗီယက္နမ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမွာ ျဖစ္ၿပီး အိမ္ရွင္ ဗီယက္နမ္ျမန္မာ၊မေလးရွားနဲ႔ေတာင္ကိုရီးယား ေနရွင္နယ္လိဂ္ ကလပ္ gimhae cfc အသင္းတို႔ ပါ၀င္ပါတယ္။

ဗီယက္နမ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ေလးသင္းဖိတ္ေခၚ ယူ-၂၁ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲကို ျမန္မာ့လက္ေရြးစင္အသင္း ၀င္ ေရာက္ယွဥ္ၿပိဳင္ဖို႔ ေလ့က်င့္ျပင္ဆင္ေနပါတယ္။

ေအာင္သူကို ေခၚယူႏိုင္ဖို႔ Sapporo အသင္း ဒီဇင္ဘာ ၄ ရက္ေန႔ လာေရာက္ေဆြးေႏြးမည္ 

လက္ရွိမွာ ဖိတ္ေခၚၿပိဳင္ပြဲ၀င္အသင္း ၄ သင္းထြကေပၚလာခဲ့ၿပီ ျဖစ္ၿပီး အိမ္ရွင္ ဗီယက္နမ္ ယူ-၂၁၊ ျမန္မာ ယူ-၂၁၊မေလးရွား ယူ-၂၁ နဲ႔အတူ ေတာင္ကိုရီးယား ေနွရွင္နယ္လိဂ္ ကလပ္ gimhae cfc အသင္းတို႔ ပါ၀င္ယွဥၤၿပိဳင္မယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲကို ဒီဇင္ဘာ ၁၂ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာအသင္းကေတာ့ ပြဲဦးထြက္မွာ အိမ္ရွင္ ဗီယက္နမ္အသင္းနဲ႔ စတင္ကစားရပါမယ္။

အဲ့ေနာက္ ဒုတိယပြဲအျဖစ္ ေတာင္ကိုရီးယားကလပ္ gimhae cfc အသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး မေလးရွားအသင္းနဲ႔ေတာ့ အုပ္စုေနာက္ဆုံးပြဲ အျဖစ္ ကစားရမွာ ျဖစ္ပါတယ္။

ေလးသင္းပတ္လည္ အမွတ္ေပးစနစ္မွာ အမွတ္အနည္းဆုံး ၂ သင္းက တတိယေနရာအတြက္ ျပန္ကစားရမွာ ျဖစ္ၿပီး အမွတ္အမ်ားဆုံံး အသင္း ႏွစ္သင္းကေတာ့ ဗိုလ္လုပြဲအျဖစ္ ကစားရပါမယ္။

ဒီၿပိဳင္ပြဲက အာဆီယံ ေဒသတြင္းက ၃ သင္းစလုံးအတြက္ ၂၀၁၉ ခုႏွစ္မွာ ကစားရမယ့္ အဓိက ၿပိဳင္ပြဲေတြအတြက္ အႀကိဳ ေျခစမ္းတဲ့ အေနနဲ႔ ကစားတဲ့ ပြဲလည္း ျဖစ္လာမွာပါ။

ျမန္မာ ယူ-၂၁ အသင္းမွာဆိုရင္ ၂၀၁၉ ခုႏွစ္အတြင္း အဓိက ၿပိဳင္ပြဲႀကီး ၃ ရပ္ရွိေနၿပီး မတ္လမွာ အာဆီယံ ယူ-၂၂ ၿပိဳင္ပြဲ၊အဲ့ေနာက္ အာရွ ယူ-၂၃ ေျခစစ္ပြဲေတြကစားရမယ္။

ေနာက္ဆုံး ဒီဇင္ဘာမွာ အေရွ႕ေတာင္အာရွ ဆီးဂိမ္း ၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့နည္းျပခ်ဳပ္ ဦးၾကည္လြင္ တာ၀န္ယူကိုင္တြယ္ေနၿပီး ျပည္တြင္း ေနရွင္နယ္လိဂ္ ကလပ္အသင္း ၃သင္းနဲ႔ ေျခစမ္းကစားထားရမွာေတာ့ ၃ ပြဲစလုံးအႏိုင္ရထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs