ပွဲထွက်ခွင့်များများရဖို့လိုတယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွန်နီဟေးက တိုက်တွန်းခဲ့လို့ ဆောက်သမ်းမြန်မာအသင်းကို ပြောင်းဖြစ်တာလို့ ရှိုင်းသူရက ပြောပါတယ်။
Photo - Getty Images
ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင်ဟောင်းကစားသမားတစ်ဦးဖြစ်တဲ့ ရှိုင်းသူရအနေနဲ့ ၂၀၁၉ ဘောလုံးရာသီသစ်မှာ ဆောက်သမ်းမြန်မာ အသင်းနဲ့ ပါဝင်ကစားတော့မှာပါ။
အောင်သူကို ခေါ်ယူနိုင်ဖို့ Sapporo အသင်း ဒီဇင်ဘာ ၄ ရက်နေ့ လာရောက်ဆွေးနွေးမည်
ရတနာပုံအသင်းမှာ ပွဲပယ်ပြစ်ဒဏ်တွေနဲ့အတူ ပွဲထွက်ခွင့် နည်းပါးခဲ့တဲ့အတွက် ရှိုင်းသူရအနေနဲ့ ဒီနှစ်မှာတော့ ပွဲထွက်ခွင့်ပိုမိုရရှိနိုင်မယ့် ဆောက်သမ်းမြန်မာအသင်းကို ပြောင်းရွှေ့ခဲ့တာလို့လည်းသိရပါတယ်။
Photo - The Straits Times
ရှိုင်းသူရအနေနဲ့ ရတနာပုံအသင်းမှာ မနှစ်က ဘောလုံးရာသီက ပွဲထွက် ၈ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ကျန်ပွဲစဉ်တွေမှာ လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရခဲ့တယ်လို့လည်းဆိုပါတယ်။
"ကျွန်တော် ရတနာပုံအသင်းမှာ ပွဲထွက်နည်းခဲ့ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ အာရှ ယူ-၂၃ ပဏာမ စာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ အကြောင်းကတော့ ကျွန်တော် ဒဏ်ရာရသွားလို့ပါ။ ဒီအချိန်မှာ နည်းပြ အန်တွန်နီဟေးက မင်းကိုငါသဘောကျတယ်။မင်းစကေးကိုလည်း ကြိုက်တယ်။ဒါပေမယ့် ဒဏ်ရာမရအောင် ပွဲများများကစားဖို့တော့လိုမယ်။ဒါကြောင့် နောက်နှစ်ကျရင် ပွဲများများ ကစားခွင့်ရဖို့ ကြိုးစားဆိုပြီး ပြောခဲ့ပါတယ်။ဒါကြောင့် ကျွန်တော် ပွဲများများကစားခွင့်ရမယ့် ဆောက်သမ်းအသင်းကို ပြောင်းဖြစ်ခဲ့တာပါ။"လို့ ရှိုင်းသူရက DuwunSports ကို ပြောပါတယ်။
Photo - www.mundial11.com
ရှိုင်းသူရနဲ့ ဆောက်သမ်းမြန်မာအသင်းတို့ဟာ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာလို့ သိရပြီး ဆောက်သမ်းမြန်မာအသ်င်းက တော့ မနှစ်က အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
နည်းပြအန်တွန်နီဟေးလက်ထက်မှာ ရှိုင်းသူရဟာ အာရှ ယူ-၂၃ အသင်းမှာ ပဏာမအဆင့် ရွေးချယ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တာကြောင့် အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဆောက်သမ်းမြန်မာအသင်းမှာ မြန်မာ့လက်ရွေးစင်ဟောင်းကစားသမားများဖြစ်ကြတဲ့ အောင်မိုး၊ကောင်းစည်သူ အစရှိတဲ့ ဝါရင့်ကစားသမား တွေလည်း ရှိနေလို့ ဆောက်သမ်းမြန်မာအသင်းနဲ့အတူ ရှိုင်းသူရတစ်ယောက် မြန်မာ့လက်ရွေးစင်အသင်းကို ပြန်လာနိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရပါတော့မယ်။
ရှိုင်းသူရက ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ် ပြီး လူငယ်အဆင့် ပြိုင်ပွဲတွေတုန်းကလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာ အငှားနဲ့သွားရောက်က စားဖူးပါသေးတယ်။