တားမြစ်ဆေး စစ်ဆေးမှုကိုတော့ ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီကို ပို့ဆောင် စစ်ဆေးသွားမှာ ဖြစ်တာကြောင့် ထိုင်းနဲ့ တရုတ်မှာ ရှိတဲ့ WADA အဖွဲ့စည်းက အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေကို ပို့ဆောင်စစ်ဆေးစေမှာပါ။
Photo - International Paralympic Committee
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲက ကစားသမားတွေကို တားမြစ်ဆေး သုံးစွဲမှု ရှိမရှိကို လာမယ့် ၂၀၂၀ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ကစတင်ပြီး ပြုလုပ်သွားတော့မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ MNL - MEDICAL WORKSHOP မှာ အတည်ပြုခဲ့ပါတယ်။
အန်တွန်နီဟေးကြောင့် ဆောက်သမ်းကို ရွေးချယ်ဖြစ်တဲ့ ရှိုင်းသူရ
တားမြစ်ဆေး စစ်ဆေးတဲ့ အရာက နိုင်ငံတကာ လိဂ်တွေမှာ လုပ်ဆောင်နေပြီ ဖြစ်ပေမယ့်လည်း မြန်မာနေရှင်နယ်လိဂ်မှာတော့ တစ်ကြိမ်တစ်ခါ မှ လုပ်ဆောင်ဖူးခြင်းမရှိပါဘူး။
မနေ့က ကျင်းပတဲ့ MNL-MEDICAL WORKSHOP မှာ ဒေါက်တာအောင်ကျော်ဦး ရှင်းလင်းပြောစဉ်။
အခုလိုမျိုး တားမြစ်ဆေး သုံးထားခြင်းရှိမရှိ လုပ်ဆောင်ချက်တွေကိုတော့ ကျပန်းစနစ်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး စတင်လုပ်ဆောင်မယ့်အ ချိန်မှာတော့ သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းမှာ ကစားတဲ့ ပွဲတွေကိုသာ လုပ်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။
"အဓိကကတော့ ကျွန်တော်တို့ တစ်နှစ်ကို ၅ ပွဲလုပ်ပါမယ်။ ရှုံးထွက်ပွဲ ၂ ပွဲနဲ့ လိဂ်ပွဲ ၃ ပွဲကို လုပ်ပါမယ်။ ဒီအချိန်မှာတော့ သုဝဏ္ဏကွင်းနဲ့ အောင် ဆန်းကွင်းမှာ ကစားတဲ့ ပွဲတွေကိုပဲ လုပ်နိုင်ပါဦးမယ်။အကြောင်းကတော့ ဆေးစစ်ဆေးလို့ရမယ့် medical centre က လောလောဆယ်လိဂ်မှာ ဒီ ကွင်းနှစ်ကွင်းသာ ရှိသေးလို့ပါ။" လို့ မြန်မာနေရှင်နယ်လိဂ် ရဲ့ ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက ပြောပါတယ်။
မနေ့က ကျင်းပတဲ့ MNL-MEDICAL WORKSHOP ကိုတက်ရောက်လာကြတဲ့ သီဟစည်သူ၊စိုးမင်းဦးနဲ့ဦးမျိုးမင်းထွန်း။
တားမြစ်ဆေးစစ်ဆေးမှုတွေကိုတော့ Myanmar National Anti-Doping Agency နဲ့ ပူးပေါင်းပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှု ကိုတော့ ထိုင်းနဲ့ တရုတ်မှာရှိတဲ့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA)က သတ်မှတ်ထားတဲ့ ဓာတ်ခွဲခန်းတွေကိုသာ ပို့ ဆောင်စစ်ဆေးစေမှလို့လည်း သိရပါတယ်။
"တားမြစ်ဆေး စစ်တော့မှာ ဖြစ်တဲ့အတွက် ကစားသမားတွေကို ပြောချင်တာကတော့ အားဆေးတွေ မှီဝဲတဲ့အခါ တတ်သိနားလည်တဲ့ သူတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သုံးစွဲပါ။တစ်စုံတစ်ယောက်က ဒီအားဆေးကောင်းတယ် ဆိုပြီး ပြောလို့ ကိုယ်ဘာသာ ဝယ်သောက်တဲ့ပုံစံ မျိုးတွေကို သတိထားကြပါလို့ ပြောချင်ပါတယ်။" လို့ ဒေါက်တာ အောင်ကျော်ဦးက ဆက်လက်ပြောပါတယ်။
၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာတော့ တားမြစ်ဆေး သုံးစွဲမှု ရှိမရှိကို စစ်ဆေးနိုင်ခြင်းမရှိသေးပဲ ကစားသမားတွေအတွက် ဆေး စစ်မှုတွေကိုတော့ မြန်မာနေရှင်နယ်လိဂ်က ဦးစီး လုပ်ဆောင်ပေးသွားတော့မယ်လို့ သိရပါတယ်။