• Local Sports
    ထိုင်း ၂-၂ မလေးရှား (သို့) အာဆီယံ ဘုရင်ကြီး ကျဆုံးခန်း
Kyawko Ko
[Unicode Version]

ပွဲပြီးဖို့ တစ်မိနစ်အလိုမှာ ကံကြမ္မာက ထိုင်းဖက်ကို မျက်နှာသာပေးခဲ့ပြီး ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဒီအခွင့်အရေးကို အပြည့်အ၀ အသုံးမချ နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

47373373_271543587044880_3577590062579187712_n.jpg

Photo - Suzuki Cup 2018

 

ထိုင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ဒီကနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ ရာမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဇော်မင်းထွန်း ထိုင်းလိဂ်ကို သွားဖို့ သေချာပြီ 

ပထမအကျော့ မလေးရှားမြေမှာ ဂိုးမရှိသရေကျခဲ့လို့ အခု ဒုတိယအကျော့ ထိုင်းမြေမှာ အကြိတ်အနယ်ရှိခဲ့ပြီး မလေးရှားအသင်းက အဝေးဂိုး ၂ ဂိုးအထိရရှိပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

47429979_2423053757723744_6702517188072308736_n.jpg

Photo - Suzuki Cup 2018

 

ပထမပိုင်းမှာ ထိုင်းအသင်း ဦးဆောင်ဂိုးရခဲ့ပေမယ့် မလေးရှားအသင်းက ပြန်လည်ချေပနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဂိုးတွေ အပြန်အလှန် သွင်းခဲ့တာကြောင့် မလေးရှားအသင်းက အဝေးဂိုး စည်းမျဉ်းနဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားတာပါ။

ပွဲချိန် မိနစ်၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ်သတ်မှတ်ပေးရာမှာတော့ ထိုင်းအသင်းအတွက် ကံကြမ္မာ မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ် ပြီး မလေးရှားကစားသမား ပင်နယ်တီ ဧရိယာထဲ လက်နဲ့ဘောလုံးကို ဟန့်တားခဲ့လို့ ကွင်းလယ်ဒိုင်က ထိုင်းအသင်းဖက်ကို ပင်နယ်တီ ကန်ခွင့်ပြု ခဲ့ပါတယ်။

47427688_2423053571057096_962961487721136128_n.jpg

Photo - Suzuki Cup 2018

 

ဒီပင်နယ်တီကိုတော့ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်လို့ ဆိုနိုင်မယ့် အဒီဆစ်က ကန်သွင်းခဲ့ရာမှာတော့ စိတ်လှုပ်ရှားလွန်ခဲ့ဟန်တူပြီး ဂိုးဘားတန်းပေါ် ကျော်တက်သွားခဲ့ပါတယ်။

ဒါကြောင့် ထိုင်းအသင်းအတွက် ကံကြမ္မာကောင်းဟာ ပျက်စီးခဲ့ရပြီး မလေးရှားအသင်းကတော့ သေမင်းခံတွင်းဝက လွတ်မြောက်ခဲ့သလို ဗိုလ် လုပွဲကို တက်လှမ်းနိုင်ခဲ့တာပါ။

47449789_2423053577723762_1148161766014844928_n.jpg 

ဗိုလ်လုပွဲမှာတော့ မနက်ဖြန်မှာ ဗီယက်နမ် - ဖိလစ်ပိုင်အသင်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဗီယက်နမ် အသင်းက ပထမအကျော့ ဖိလစ်ပိုင်မြေမှာ ၂-၁ ဂိုးနဲ့ နိုင်ထားလို့ အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။

ဗိုလ်လုပွဲကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နှစ်ကျော့စနစ်နဲ့ ဆက်လက်ကစားသွားစေဦးမှာ ဖြစ်ပြီး မလေးရှားအသင်းကတော့ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲတုန်းက ချန်ပီယံ တစ်ကြိမ်ဖြစ်ထားပါတယ်။

လက်ရှိ နှစ်ကြိမ်ဆက် ချန်ပီယံကြီးထိုင်းအသင်းကတော့ မလေးရှားအသင်းကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့လို့ ဆူဇူကီးဖလား ပြိုင်ပွဲကြီး ကို ဒီတစ်ကြိမ်မှာတော့ ဆီမီးဖိုင်နယ်ကသာ လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

[Zawgyi Version]

ပြဲၿပီးဖို႔ တစ္မိနစ္အလိုမွာ ကံၾကမၼာက ထုိင္းဖက္ကို မ်က္ႏွာသာေပးခဲ့ၿပီး ပင္နယ္တီ ကန္ခြင့္ရခဲ့ေပမယ့္ ဒီအခြင့္အေရးကို အျပည့္အ၀ အသုံးမခ် ႏိုင္ခဲ့တာေၾကာင့္ ဗိုလ္လုပြဲတက္ခြင့္နဲဲ႔ လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။

Photo - Suzuki Cup 2018

 

ထိုင္းနဲ႔ မေလးရွားအသင္းတို႔ရဲ႕ ၂၀၁၈ ခုႏွစ္ အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္ကိုေတာ့ ဒီကေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့ ရာမွာေတာ့ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ပါတယ္။

ေဇာ္မင္းထြန္း ထိုင္းလိဂ္ကို သြားဖို႔ ေသခ်ာၿပီ 

ပထမအေက်ာ့ မေလးရွားေျမမွာ ဂိုးမရွိသေရက်ခဲ့လို႔ အခု ဒုတိယအေက်ာ့ ထုိင္းေျမမွာ အႀကိတ္အနယ္ရွိခဲ့ၿပီး မေလးရွားအသင္းက အေ၀းဂိုး ၂ ဂိုးအထိရရွိၿပီး ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

Photo - Suzuki Cup 2018

 

ပထမပိုင္းမွာ ထိုင္းအသင္း ဦးေဆာင္ဂိုးရခဲ့ေပမယ့္ မေလးရွားအသင္းက ျပန္လည္ေခ်ပႏိုင္ခဲ့သလို ဒုတိယပိုင္းမွာလည္း ဂိုးေတြ အျပန္အလွန္ သြင္းခဲ့တာေၾကာင့္ မေလးရွားအသင္းက အေ၀းဂိုး စည္းမ်ဥ္းနဲ႔ ဗိုလ္လုပြဲကို တက္လွမ္းသြားတာပါ။

ပြဲခ်ိန္ မိနစ္၉၀ ျပည့္လို႔ နာက်င္အခ်ိန္ပို ၅ မိနစ္သတ္မွတ္ေပးရာမွာေတာ့ ထုိင္းအသင္းအတြက္ ကံၾကမၼာ မ်က္ႏွာသာေပးခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ ၿပီး မေလးရွားကစားသမား ပင္နယ္တီ ဧရိယာထဲ လက္နဲ႔ေဘာလုံးကို ဟန္႔တားခဲ့လို႔ ကြင္းလယ္ဒိုင္က ထိုင္းအသင္းဖက္ကို ပင္နယ္တီ ကန္ခြင့္ျပဳ ခဲ့ပါတယ္။

Photo - Suzuki Cup 2018

 

ဒီပင္နယ္တီကိုေတာ့ ဒီၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္လို႔ ဆိုႏို္င္မယ့္ အဒီဆစ္က ကန္သြင္းခဲ့ရာမွာေတာ့ စိတ္လႈပ္ရွားလြန္ခဲ့ဟန္တူၿပီး ဂိုးဘားတန္းေပၚ ေက်ာ္တက္သြားခဲ့ပါတယ္။

ဒါေၾကာင့္ ထုိင္းအသင္းအတြက္ ကံၾကမၼာေကာင္းဟာ ပ်က္စီးခဲ့ရၿပီး မေလးရွားအသင္းကေတာ့ ေသမင္းခံတြင္း၀က လြတ္ေျမာက္ခဲ့သလို ဗိိုလ္ လုပြဲကို တက္လွမ္းႏိုင္ခဲ့တာပါ။

ဗိုလ္လုပြဲမွာေတာ့ မနက္ျဖန္မွာ ဗီယက္နမ္ - ဖိလစ္ပိုင္အသင္းပြဲစဥ္က အႏိုင္ရတဲ့အသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ဗီယက္နမ္ အသင္းက ပထမအေက်ာ့ ဖိလစ္ပိုင္ေျမမွာ ၂-၁ ဂိုးနဲ႔ ႏိုင္ထားလို႔ အေျခအေနေကာင္းတစ္ရပ္ ပိုင္ဆိုင္ထားပါတယ္။

ဗိုလ္လုပြဲကိုေတာ့ ဒီဇင္ဘာ ၁၁ ရက္ေန႔နဲ႔ ၁၅ ရက္ေန႔ေတြမွာ ႏွစ္ေက်ာ့စနစ္နဲ႔ ဆက္လက္ကစားသြားေစဦးမွာ ျဖစ္ၿပီး မေလးရွားအသင္းကေတာ့ ၂၀၁၀ ဆူဇူကီးဖလားၿပိဳင္ပြဲတုန္းက ခ်န္ပီယံ တစ္ႀကိမ္ျဖစ္ထားပါတယ္။

လက္ရွိ ႏွစ္ႀကိမ္ဆက္ ခ်န္ပီယံႀကီးထိုင္းအသင္းကေတာ့ မေလးရွားအသင္းကို အိမ္ကြင္းမွာ သေရသာ ကစားႏိုင္ခဲ့လို႔ ဆူဇူကီးဖလား ၿပိဳင္ပြဲႀကီး ကို ဒီတစ္ႀကိမ္မွာေတာ့ ဆီမီးဖိုင္နယ္ကသာ လက္ျပ ႏႈတ္ဆက္ခဲ့ရၿပီ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs