• Local Sports

    စွမ်းဆောင်ရည်ကြောင့် ငြိမ်းချမ်းအောင်ကို တက္ကသိုလ်လက်ရွေးစင်အသင်းက ချန်လှပ်ခဲ့

Kyawko Ko
[Unicode Version]

ငြိမ်းချမ်းအောင်က ယူ-၂၀ ကမ္ဘာ့ဖလားနဲ့အတူ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် လူသိလာခဲ့တာ ဖြစ်ပေမယ့်လည်း ဒူးဒဏ် ရာကြောင့် ကာလရှည် အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။

IMG_0272.jpg 

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ငြိမ်းချမ်းအောင်ကို ၁၉ ကြိမ်မြောက် အာဆီယံ တက္ကသိုလ် ကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် တက္ကသိုလ်အသင်းအတွက် ပဏာမ ရွေးချယ်ခဲ့ပါတယ်။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက လှိုင်းဘိုဘိုကို ကမ်းလှမ်း 

ဒါပေမယ့် အခုချိန်မှာ အပြီးသတ်စာရင်း ထုတ်ပြန်ခဲ့ရာမှာတော့ ငြိမ်းချမ်းအောင်ကို ချန်လှပ်ခဲ့တာကို တွေ့မြင်ရပြီး ဘာကြောင့်ချန်လှပ်ခဲ့ရတယ် ဆိုတာကတော့ ပြိုင်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဇော်မြင့်က ရှင်းလင်းပြောပြပါတယ်။

IMG_0277.jpg 

"ကျွန်တော်တို့ သူ့ကို အများကြီး မျှော်လင့်ပြီး ခေါ်ခဲ့တယ်။ဒါပေမယ့် ဒဏ်ရာကြောင့်ထင်တယ် သူ့စွမ်းဆောင်ရည်က ကျွန်တော်တို့ မျှော်လင့် ထားသလောက် အနေအထားမှာရှိမနေဘူး။ သာမာန်လောက်သာရှိတဲ့ ခြေစွမ်းအနေအထားမှာတော့ ကျွန်တော်တို့က တစ်နှစ်ပတ်လုံး အသင်း မှာ ပူးပေါင်းထားတဲ့ ကစားသမားကို ဦးစားပေးချင်တာကြောင့် အခုလို ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။" လို့ ဦးဇော်မြင့်က ပြောပါတယ်။

ငြိမ်းချမ်းအောင်အနေနဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု အပြီးမှာတော့ ထိုင်းနိုင်ငံမှာ ကာလရှည် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အခုအခါ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။

IMG_0300.jpg 

နောက်ဆုံးတစ်ခေါက် ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုအပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာချိန်မှာပဲ ငြိမ်းချမ်းအောင်ကို တက္ကသိုလ်လက်ရွေးစင် အသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော် ဒဏ်ရာ ကောင်းနေပါပြီ။ ဆရာဝန်ကလည်း ကျွန်တော့်ကို ကောင်းနေပြီ ဘောလုံး ပြန်ကစားလို့ ရနေပြီလို့ ပြောတာကြောင့် အခု လို ကျွန်တော် ပြန်ကစားနေတာပါ။ သူတို့က ကျွန်တော့်ကို ဒဏ်ရာ မကောင်းသေးလို့ မရွေးတာဆိုတော့ ကျွန်တော် နားလည်ရခက်ပါတယ်။" လို့ ငြိမ်းချမ်းအောင်က ပြောပါတယ်။

အာဆီယံ တက္ကသိုလ်လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ တက္ကသိုလ် ကစားသမားများနဲ့သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ငြိမ်းချမ်းအောင်မှာ လည်း တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ရူပဗေဒ ပညာရပ်ကို ရန်ကုန်အရှေ့ပိုင်း တာ၀ မှာ ပညာသင်ကြားနေသူ တစ်ယောက်ဖြစ်ကာ အခုတော့ ဘွဲ့ရသွားပါပြီ။

မြန်မာ့လက်ရွေးစင် တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းကတော့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ၁၇ ရက်နေ့အထိ နေပြည်တော် မှာ ကျင်းပမယ့် အာဆီယံ တက္ကသိုလ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကစားမှာ ဖြစ်ပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို အသင်းတို့နဲ့ ပတ်လည် စနစ် ကစားရမှာပါ။

[Zawgyi Version]

ၿငိမ္းခ်မ္းေအာင္က ယူ-၂၀ ကမၻာ႔ဖလားနဲ႔အတူ ျမန္မာ့လက္ေရြးစင္ ကစားသမားတစ္ေယာက္အျဖစ္ လူသိလာခဲ့တာ ျဖစ္ေပမယ့္လည္း ဒူးဒဏ္ ရာေၾကာင့္ ကာလရွည္ အနားယူေနခဲ့ရသူ ျဖစ္ပါတယ္။

 

ျမန္မာ့လက္ေရြးစင္ကစားသမားေဟာင္း ၿငိမ္းခ်မ္းေအာင္ကို ၁၉ ႀကိမ္ေျမာက္ အာဆီယံ တကၠသိုလ္ ကစားၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာ့ လက္ေရြးစင္ တကၠသိုလ္အသင္းအတြက္ ပဏာမ ေရြးခ်ယ္ခဲ့ပါတယ္။

ထိုင္းလိဂ္(၁)ကလပ္ PT ပရာခ်တ္အသင္းက လိႈင္းဘိုဘိုကို ကမ္းလွမ္း 

ဒါေပမယ့္ အခုခ်ိန္မွာ အၿပီးသတ္စာရင္း ထုတ္ျပန္ခဲ့ရာမွာေတာ့ ၿငိမ္းခ်မ္းေအာင္ကို ခ်န္လွပ္ခဲ့တာကို ေတြ႕ျမင္ရၿပီး ဘာေၾကာင့္ခ်န္လွပ္ခဲ့ရတယ္ ဆိုတာကေတာ့ ၿပိဳင္ပြဲ ေအာင္ႏုိင္ေရး ေကာ္မတီ၀င္ ဦးေဇာ္ျမင့္က ရွင္းလင္းေျပာျပပါတယ္။

 

"ကၽြန္ေတာ္တို႔ သူ႔ကို အမ်ားႀကီး ေမွ်ာ္လင့္ၿပီး ေခၚခဲ့တယ္။ဒါေပမယ့္ ဒဏ္ရာေၾကာင့္ထင္တယ္ သူ႔စြမ္းေဆာင္ရည္က ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ ထားသေလာက္ အေနအထားမွာရွိမေနဘူး။ သာမာန္ေလာက္သာရိွတဲ့ ေျခစြမ္းအေနအထားမွာေတာ့ ကၽြန္ေတာ္တို႔က တစ္ႏွစ္ပတ္လုံး အသင္း မွာ ပူးေပါင္းထားတဲ့ ကစားသမားကို ဦးစားေပးခ်င္တာေၾကာင့္ အခုလို ခ်န္လွပ္ခဲ့ရတာ ျဖစ္ပါတယ္။" လို႔ ဦးေဇာ္ျမင့္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေအာင္အေနနဲ႔ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈ အၿပီးမွာေတာ့ ထိုင္းႏိုင္ငံမွာ ကာလရွည္ ေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ၿပီး အခုအခါ ျပန္လည္ သက္သာလာခဲ့ၿပီ ျဖစ္ပါတယ္။

 

ေနာက္ဆုံးတစ္ေခါက္ ထိုင္းႏို္င္ငံမွာ ေလ့က်င့္မႈအျပီး ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာပဲ ၿငိမ္းခ်မ္းေအာင္ကို တကၠသိုလ္လက္ေရြးစင္ အသင္းက ေခၚယူခဲ့တာ ျဖစ္ပါတယ္။

" ကၽြန္ေတာ္ ဒဏ္ရာ ေကာင္းေနပါၿပီ။ ဆရာ၀န္ကလည္း ကၽြန္ေတာ့္ကို ေကာင္းေနၿပီ ေဘာလုံး ျပန္ကစားလိဳ႔ ရေနၿပီလို႔ ေျပာတာေၾကာင့္ အခု လို ကၽြန္ေတာ္ ျပန္ကစားေနတာပါ။ သူတို႔က ကၽြန္ေတာ့္ကို ဒဏ္ရာ မေကာင္းေသးလို႔ မေရြးတာဆိုေတာ့ ကၽြန္ေတာ္ နားလည္ရခက္ပါတယ္။" လို႔ ၿငိမ္းခ်မ္းေအာင္က ေျပာပါတယ္။

အာဆီယံ တကၠသိုလ္လက္ေရြးစင္ ေဘာလုံးအသင္းအေနနဲ႔ တကၠသိုလ္ ကစားသမားမ်ားနဲ႔သာ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ၿငိမ္းခ်မ္းေအာင္မွာ လညး္ တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ရူပေဗဒ ပညာရပ္ကို ရန္ကုန္အေရွ႕ပိုင္း တာ၀ မွာ ပညာသင္ၾကားေနသူ တစ္ေယာက္ျဖစ္ကာ အခုေတာ့ ဘြဲ႕ရသြားပါၿပီ။

ျမန္မာ့လက္ေရြးစင္ တကၠသိုလ္ လက္ေရြးစင္ ေဘာလုံးအသင္းကေတာ့ ဒီဇင္ဘာ ၉ ရက္ေန႔ကေန ဒီဇင္ဘာ၁၇ ရက္ေန႔အထိ ေနျပည္ေတာ္ မွာ က်င္းပမယ့္ အာဆီယံ တကၠသိုလ္ေဘာလုံးၿပိဳင္ပြဲကို ၀င္ေရာက္ကစားမွာ ျဖစ္ၿပီး ထိုင္း၊ မေလးရွား၊ စင္ကာပူ၊ လာအို အသင္းတို႔နဲ႔ ပတ္လည္ စနစ္ ကစားရမွာပါ။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs