• Local Sports
    ဗီယက်နမ် နောက်တစ်ဆင့်တက်ဖို့ အခွင့်သာနေတဲ့ ဆူဇူကီး ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်
Kyawko Ko
[Unicode Version]

ပထမအကျော့ အဝေးကွင်းမှာ ဗီယက်နမ်က ၂-၁ ဂိုးနဲ့ နိုင်ထားသလို ဗီယက်နမ်အသင်းရဲ့ အိမ်ကွင်းမှာလည်း ဖိလစ်ပိုင်အသင်း အသာစီ ရယူ ထားနိုင်ခြင်း နည်းနေတာပါ။

Untitled-design-11.jpg 

ဒီကနေ့ညမှာတော့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်ရဲ့ ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ဗီယက်နမ် အသင်းက ဖိလစ်ပိုင်အသင်းကို အိမ်ကွင်း ဧည့်ခံ ကစားမှာပါ။

ဗီယက်နမ်အသင်းအနေနဲ့ ပထမအကျော့ ဖိလစ်ပိုင်မြေမှာ ကစားခဲ့စဉ်က ၂-၁ ဂိုးနဲ့ နိုင်ထားလို့ အဝေးဂိုး ၂ ဂိုးထိ ရထားတဲ့ အနေအထားမှာ ဖိ လစ်ပိုင်အသင်းကို အသာစီးရယူထားနိုင်တယ်လို့ ဆိုရမှာပါ။

ဖိလစ်ပိုင်အသင်းအနေနဲ့ဒီနှစ်မှာ အင်္ဂလန်နည်းပြဟော်င်း အဲရစ်ဆင်ကို နည်းပြချုပ် အဖြစ် တာဝန်ယူစေခဲ့တာကြောင့် အထင်ကြီးစရာ စွမ်း  ဆောင်ရည်တွေနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့ပါတယ်။

ထိုင်း ၂-၂ မလေးရှား (သို့) အာဆီယံ ဘုရင်ကြီး ကျဆုံးခန်း

ဗီယက်နမ်အသင်းကတော့ဒီနှစ်မှာ ထိုင်းအသင်းက အာရှပွဲအတွက် အဓိက ကစားသမားအများစု ချန်လှပ်ခဲ့တာကြောင့် ချန်ပီယံ ဖြစ်ဖို့ထိ ရေ ပန်းစားနေခဲ့ပြီး ဒီအတိုင်းပဲ လက်ရှိမှာ ဗိုလ်လုပွဲတက်ဖို့ အခြေအနေအကောင်းနေပါတယ်။

ဖိလစ်ပိုင်အသင်းကလည်း ဗီယက်နမ်အသင်းရဲ့ အိမ်ကွင်းမှာ လာကစားတိုင်း ရလဒ်ကောင်းလေ့မရှိပါဘူး။၂၀၁၄ တုန်းက ဆူဇူကီးပြိုင်ပွဲမှာ ဗီယက်နမ်အသင်းက ၃-၁ ဂိုးနဲ့ နိုင်ထားပါတယ်။

47578419_2136596816604199_398759229210492928_n-800x451.jpg

ဒါ့အပြင် ၁၉၉၃ ၊၂၀၀၀နဲ့ ၂၀၀၂ ခုနှစ် ပြိုင်ပွဲတွေမှာလည်း ဗီယက်နမ်ကွင်းမှာ လာကစားတိုင်း ဖိလစ်ပိုင် ရှုံးနိမ့်ထားပါတယ်။ ၂၀၁၂ ခုနှစ် တုန်းက တစ်ကြိမ်မှာတော့ ဖိလစ်ပိုင်အသင်း အနိုင်ရခဲ့ဖူးပါတယ်။

အိမ်ကွင်းမှာ ကစားရတိုင်း ဖိလစ်ပိုင်ကို အသာစီးရယူလေ့ရှိတဲ့ ဗီယက်နမ်အသင်း ဒီတစ်ကြိမ်မှာလည်း အိမ်ကွင်းအားသာချက် ကို ကောင်းကော်ငး အသုံးချပြီး ဗိုလ်လုပွဲ တက်လှမ်းဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။

ဗီယက်နမ်အသင်းအနေနဲ့ ဖိလစ်ပိုင်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်လှမ်းခဲ့မယ်ဆိုရင် အုပ်စုတွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရထားတဲ့ မလေးရှားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဖိလစ်ပိုင်အသင်းကတော့ဗိုလ်လုပွဲ တက်လှမ်းဖို့ဆိုရင် ဗီယက်နမ်အသင်းကို အနည်းဆုံး ၂-၀ ဂိုးနဲ့ အနိုင်ရဖို့ လိုနေပါတယ်။

[Zawgyi Version]











ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs