• Local Sports

    ရေပန်းစားခဲ့တဲ့အတိုင်း ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ဗီယက်နမ်အသင်း

Pyae Phyo Thein
[Unicode Version]

ဒီနေ့ည (ရး၀၀)နာရီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတေ့ာ ဗီယက်နမ်အသင်းက ပထမအကျော့ရလာဒ်အတိုင်း ထပ်မံအနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ ဗိုလ်လုပွဲမှာ အုပ်စုတွင်းပြိုင်ဘက် မလေးရှားနဲ့ ရင်ဆိုင်ရတော့မှာပါ ဖြစ်ပါတယ်။

Vietnam-v-Phils.jpg 

နှစ်သင်းစလုံးမှာ အဓိကကစားသမား အစုံအလင်ပါဝင်ခဲ့ပါတယ်။ ဒီအတွက် အပြန်အလှန် ထိုးဖောက်ကစားမှုတွေနဲ့အတူ ပွဲကအကြိတ်အနယ် ရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းကတော့ အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ မဖြစ်မနေ အနိုင်ရဖို့လိုအပ်နေတဲ့ အချိန်မို့ ဖိလစ်ပိုင်အသင်းဟာ ဖိအားတွေ များနေပြီး ထင်သလောက် ကစားကွက်မကောင်းခဲ့ပါဘူး။

Capture.JPG 

ဗီယက်နမ်ကတော့ ခံစစ်ကောင်းတဲ့အသင်းပီပီ ဖိလစ်ပိုင်ရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကလည်း ဗီယက်နမ်ရဲ့ တိုက်စစ်ပိုင်းထိုးဖောက်မှုတွေကို ဟန့်တားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေသာ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဒုတိယပိုင်းမှာဖိလစ်ပိုင်မှာ ကစားကွက်မြှင့်ကစားခဲ့ပေမယ့်လည်း ထင်သလောက် မထိရောက်ခဲ့ပါဘူး။

47422259_2424893370873116_8931606747999633408_n.jpg 

ဗီယက်နမ်တိုက်စစ်ပိုင်းက ပိုအလုပ်ဖြစ်ခဲ့ပြီး ဖိလစ်ပိုင်ကို ပိုမိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် ပွဲကစားချိန် (၈၃)မိနစ်မှာ ငုယင်ကွမ်ဟိုင်ရဲ့ သွင်းဂိုးနဲ့ ဗီယက်နမ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ (၈၇)မိနစ်မှာ ငုယင်ကွမ်ဖောင်က နောက်တစ်ဂိုးသွင်းခဲ့လို့ ဗီယက်နမ်တို့ ဗိုလ်လုပွဲတက်ဖို့ သေချာသွားခဲ့ပါတယ်။ ဖိလစ်ပိုင်အတွက် ဂျိမ်းစ်ဟက်ဘန့်က ချေပဂိုးတစ်ဂိုးကို (၈၉)မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် အချိန်မမီခဲ့တော့ပါဘူး။

 

ဒီအတွက် နှစ်ကျော့ပေါင်း ရလာဒ် (၄-၂)နဲ့ ဗီယက်နမ်တို့ ဗိုလ်လုပွဲတက်ခဲ့ပြီး အုပ်စုတွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိထားခဲ့တဲ့ မလေးရှားနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၁)ရက်နေ့မှာ မလေးရှားက အိမ်ကွင်းပွဲအဖြစ် လက်ခံကစားမှာဖြစ်ပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့မှာဗီယက်နမ်က အိမ်ကွင်းအဖြစ် ထပ်မံကစားရတော့မှာ ဖြစ်ပါတယ်။

[Zawgyi Version]

ဒီေန႔ည (၇း၀၀)နာရီမွာ ယွဥ္ျပိဳင္ခဲ့တဲ့ ဗီယက္နမ္ နဲ႔ ဖိလစ္ပိုင္တို႔ရဲ႕ ဆူဇူကီးဖလားျပိဳင္ပြဲ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာေတ့ာ ဗီယက္နမ္အသင္းက ပထမအေက်ာ့ရလာဒ္အတိုင္း ထပ္မံအႏိုင္ယူခဲ့ျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ဗီယက္နမ္အသင္းဟာ ဗိုလ္လုပြဲမွာ အုပ္စုတြင္းျပိဳင္ဘက္ မေလးရွားနဲ႔ ရင္ဆိုင္ရေတာ့မွာပါ ျဖစ္ပါတယ္။

 

ႏွစ္သင္းစလံုးမွာ အဓိကကစားသမား အစံုအလင္ပါ၀င္ခဲ့ပါတယ္။ ဒီအတြက္ အျပန္အလွန္ ထိုးေဖာက္ကစားမႈေတြနဲ႔အတူ ပြဲကအၾကိတ္အနယ္ ရွိခဲ့ျပီး ဖိလစ္ပိုင္အသင္းကေတာ့ အနည္းငယ္ ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့တဲ့ ပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။ မျဖစ္မေန အႏုိင္ရဖို႔လိုအပ္ေနတဲ့ အခ်ိန္မို႔ ဖိလစ္ပိုင္အသင္းဟာ ဖိအားေတြ မ်ားေနျပီး ထင္သေလာက္ ကစားကြက္မေကာင္းခဲ့ပါဘူး။

 

ဗီယက္နမ္ကေတာ့ ခံစစ္ေကာငး္တဲ့အသင္းပီပီ ဖိလစ္ပိုင္ရဲ႕ တိုက္စစ္ဆင္မႈေတြကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ကလည္း ဗီယက္နမ္ရဲ႕ တိုက္စစ္ပိုင္းထိုးေဖာက္မႈေတြကို ဟန္႔တားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရသာ ျဖစ္ခဲ့ပါတယ္။ ဒီအတြက္ ဒုတိယပိုင္းမွာဖိလစ္ပိုင္မွာ ကစားကြက္ျမွင့္ကစားခဲ့ေပမယ့္လည္း ထင္သေလာက္ မထိေရာက္ခဲ့ပါဘူး။

 

ဗီယက္နမ္တိုက္စစ္ပိုင္းက ပိုအလုပ္ျဖစ္ခဲ့ျပီး ဖိလစ္ပိုင္ကို ပိုမိုဖိအားေပးႏိုင္ခဲ့ပါတယ္။ ဒီအတြက္ ပြဲကစားခ်ိန္ (၈၃)မိနစ္မွာ ငုယင္ကြမ္ဟိုင္ရဲ႕ သြင္းဂိုးနဲ႔ ဗီယက္နမ္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ျပီး ဆက္တိုက္ဆိုသလိုပဲ (၈၇)မိနစ္မွာ ငုယင္ကြမ္ေဖာင္က ေနာက္တစ္ဂိုးသြင္းခဲ့လို႔ ဗီယက္နမ္တိဳ႔ ဗိုလ္လုပြဲတက္ဖို႔ ေသခ်ာသြားခဲ့ပါတယ္။ ဖိလစ္ပိုင္အတြက္ ဂ်ိမ္းစ္ဟက္ဘန္႔က ေခ်ပဂိုးတစ္ဂိုးကို (၈၉)မိနစ္မွာ သြင္းယူေပးခဲ့ေပမယ့္ အခ်ိန္မမီခဲ့ေတာ့ပါဘူး။

 

ဒီအတြက္ ႏွစ္ေက်ာ့ေပါင္း ရလာဒ္ (၄-၂)နဲ႔ ဗီယက္နမ္တို႔ ဗိုလ္လုပြဲတက္ခဲ့ျပီး အုပ္စုတြင္းမွာ ၂-၀ နဲ႔ အႏိုင္ရရွိထားခဲ့တဲ့ မေလးရွားနဲ႔ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဗိုလ္လုပြဲကို ဒီဇင္ဘာ (၁၁)ရက္ေန႔မွာ မေလးရွားက အိမ္ကြင္းပြဲအျဖစ္ လက္ခံကစားမွာျဖစ္ျပီး ဒီဇင္ဘာလ (၁၆)ရက္ေန႔မွာဗီယက္နမ္က အိမ္ကြင္းအျဖစ္ ထပ္မံကစားရေတာ့မွာ ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs