• Local Sports
    တစ်ပွဲချင်းစီ အာရုံစိုက်မှုနဲ့ ပတ်ဟန်ဆိုးရဲ့ ပဲ့ကိုင်မှုအောက်က ဗီယက်နမ်
Pyae Phyo Thein
[Unicode Version]

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီယက်နမ်က ဗိုလ်လုပွဲရောက်သွားခဲ့ပါပြီ။ ပွဲစဉ်တစ်လျှောက် ရှုံးပွဲလုံးဝမရှိခဲ့ပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုတွင်းပွဲစဉ်တွေမှာလည်း ပေးဂိုးလုံးဝမရှိပဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။ ဒီအတွက် ဗီယက်နမ် ခံစစ်ပိုင်းက တောင့်တင်းတယ်လို့ နာမည်ရခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက်တော့ ဂိုးပေါက်ရှာရခက်တဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်အဖြစ် ဖိလစ်ပိုင်နဲ့ နှစ်ကျော့ကစားခဲ့ရာမှာတော့ တစ်ပွဲကို တစ်ဂိုးနှုန်း ဗီယက်နမ်တု့ိ ခွင့်ပြုခဲ့ရပါတယ်။

park-2005-1544107813.jpg

Photo : Thể thao - VnExpress

 

ဗီယက်နမ်နည်းပြ ပတ်ဟန်ဆိုးက ခံစစ်ပိုင်းကို တည်ဆောက်ရာမှာ ထူးချွန်သူလို့ နာမည်ရပါတယ်။ သူက တစ်ပွဲနဲ့တစ်ပွဲမှာ ကစားကွက်ကို ပုံသေမထားပဲ ပြိုင်ဘက်အသင်းအပေါ် မူတည်ပြီး သူ့အသင်းကို တည်ဆောက်လေ့ရှိသူပါ။ အုပ်စုတွင်းပွဲစဉ်တွေဖြစ်တဲ့ မလေးရှားနဲ့ မြန်မာတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ သူက ၅-၄-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သူ့အနေနဲ့ ပြိုင်ဘက်က အန္တရာယ်ပေးနိုင်တယ်လို့ ယူဆတဲ့အခါမျိုးမှာ ဒီကစားကွက်ကို သုံးတယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ နဲ့ မလေးရှားက အုပ်စုတွင်းမှာ သူတို့ရဲ့ အဓိကပြိုင်ဘက်အဖြစ် ရှိနေခဲ့တာဆိုတော့ သတိကြီးကြီးနဲ့ ချဉ်းကပ်ပုံပေါ်ပါတယ်။

Vietnam_Malaysia.jpg

Photo : AFF Suzuki Cup

 

လာအိုနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ သူက ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ နောက်ဆုံးအုပ်စုပွဲမှာကျတော့ ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ဒီနှစ်ပွဲစလုံးမှာ ဗီယက်နမ်က သက်သက်သာသာနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာတော့ ၅-၃-၂ ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်။ တကယ်တမ်း ပတ်ဟန်ဆိုး နှစ်ခြိုက်တဲ့ ကစားကွက်က ၃-၅-၂ ကစားကွက်ပါ။ (၃)ယောက်တန်းခံစစ်မှာ ကွီငေါ့ဟိုင်၊ ထရန်ဒင်ထရောင်၊ ဒူဒိုင်မန်းတို့ကို အထိုင်ထားပြီး ဒိုအန်ဗန်ဟူ နဲ့ ငုယင်ထရောင်ဟောင်တို့ကို Wingbacks တွေအဖြစ် အသုံးပြုနေတာပါ။ ထူးခြားချက်တစ်ခုကတော့ မြန်မာနဲ့ ကစားခဲ့တဲ့ပွဲမှာ ညာအစွန်ခံစစ်လူအဖြစ် အသုံးပြုခဲ့တဲ့ ဖန်ဗန်ဒူက ဖိလစ်ပိုင်နဲ့ပွဲမှာကျတော့ ငုယင်အန်ဒူနဲ့ တွဲဖက်ပြီး တိုက်စစ်ကစားသမားအဖြစ် ပါဝင်သွားခဲ့တာပါ။

AUG_8478.JPG

Photo : AFF Suzuki Cup

 

ပတ်ဟန်ဆိုးရဲ့ မတူညီတဲ့ ကစားကွက်၊ ကစားသမားတွေကို နေရာပြောင်းလဲကစားပုံတွေက အံ့အားသင့်စရာပါပဲ။ ဗီယက်နမ် ကွင်းလယ်မှာဆိုရင် ငုယင်ကွမ်ဟိုင်၊ ငုယင်ကွမ်ဖောင် နဲ့ လူဝမ်ဇောင်ထရောင်တို့က အမာခံကစားသမားတွေဖြစ်ပါတယ်။ ဒီကစားသမား (၃)ယောက်က ပင်တိုင်ကစားသမားတွေ အဖြစ် ပါဝင်နေခဲ့ပြီး ဗီယက်နမ်ရဲ့ နောက်ဆုံးပေါ်အကောင်းဆုံးထုတ်ကုန်တွေပါ။ တိုက်စစ်ပိုင်းမှာ ငုယင်အန်ဒူလို ဝါရင့်တိုက်စစ်မှူးကို ပတ်ဟန်ဆိုးက ပင်တိုင်အသုံးပြုနေခဲ့ပါတယ်။ ဗီယက်နမ် ကွင်းလယ်ကစားသမား (၃)ယောက်ဟာ ခံစစ်ကိုရော၊ နောက်တန်းကိုပါ ကူညီပေးရပါတယ်။ လူဝမ်ဇောင်ထရောင်က ခံစစ်ပိုင်းကို ပိုမိုအားဖြည့်ပေးရပြီး ကွမ်ဟိုင် နဲ့ ကွမ်ဖောင်တို့က တိုက်စစ်ပိုင်းကို အသက်သွင်းပေးရသူတွေပါ။

4abb993df60b959bb47e3b2015bf7211866c7b15.jpg

Photo : AFF Suzuki Cup

 

ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ မနေ့ကပွဲမှာဆိုရင် တိုက်စစ်ဆင်ချိန်မှာ ဗီယက်နမ်က ၃-၅-၂ ပုံစံပြောင်းသွားပြီး ခံစစ်ဆော့ရချိန်မှာ ၅-၃-၂ ပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့ wingbacks တွေက တခြားကစားတွေထက် ပိုမိုအားထုတ်ခဲ့ရပြီး တောင်ပံ တစ်လျှောက်မှာ အတက်အဆင်း လျှင်လျှင်မြန်မြန်နဲ့ ကစားပေးခဲ့ရပါတယ်။ ခံစစ်ပိုင်းအတွက် (၃)ယောက်တန်းကွင်းလယ်က ကာဗာလုပ်ပေးဖို့ ကြိုးစားခဲ့လို့လည်း ဖိလစ်ပိုင်အတွက် နေရာလွတ်တွေ ရှာမရဖြစ်ခဲ့ပြီး ဖိလစ်ပိုင်ဘက်က အားထားရတဲ့ ကွင်းလယ်လူ ရှရော့ခ် လှုပ်မရပြုမရ ဖြစ်နေခဲ့ရတာပါ။ ဖိလစ်ပိုင်နဲ့ပွဲမှာ ငုယင်ကွမ်ဖောင်ကို ချန်လှပ်ခဲ့ပြီး ဖန်ဒူဟိုင်ကို ထည့်သွင်းကာ ခံစစ်ပိုင်းပိုမိုစိတ်ချရဖို့ ပတ်ဟန်ဆိုးက ပြင်ဆင်ခဲ့ပါတယ်။

i.jpg

Photo : AFF Suzuki Cup

 

ဆိုရရင် ပတ်ဟန်ဆိုးက အသင်းကို တစ်ပွဲချင်းစီအလိုက် အကောင်းဆုံးပြင်ဆင်သွားခဲ့တာပါ။ မလိုအပ်ပဲနဲ့ စွန့်စားကစားဖို့ မလုပ်သလို တကယ့်ပကတိအခြေအနေကို သုံးသပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တတ်တဲ့ နည်းပြလို့ ခန့်မှန်းမိပါတယ်။ သူ့အသင်းရဲ့ ခံစစ်ကို ခိုင်မာတောင့်တင်းနေအောင် အဓိကပြင်ဆင်ပြီး ပြိုင်ဘက်တွေကို ရင်ဆိုင်ပါတယ်။ ဒီအတွက် ဗီယက်နမ် ခံစစ်က ထိုးဖောက်ဖို့ ခက်ခဲနေခဲ့တာပါ။ ကစားသမား အစုအဖွဲ့ကလည်း ခြေစွမ်းခြေစထက်မြက်သူတွေ များပြားနေခဲ့တာမို့ အသင်းကို ပြောင်းလွယ်ပြင်လွယ် ဖြစ်စေခဲ့ပြီး ပတ်ဟန်ဆိုးအတွက် စိတ်ကြိုက်ဗျူဟာကို ချမှတ်စေနိုင်ခဲ့တာပါ။ ဗီယက်နမ်အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား တစ်ခုကို ရောက်ရှိသွားခဲ့တာပါ။ဆုဖလားရခဲ့မယ်ဆိုရင်လည်း အံ့သြစရာ မရှိတော့ပါဘူး။ သူတို့ရဲ့ စုဖွဲ့မှု နဲ့ တစ်ပွဲချင်းစီအပေါ် အာရုံစူးစိုက်နိုင်မှုတို့က ပြိုင်ဘက်အသင်း အားလုံးထက် နှာတဖျားအသာမှာ ရှိနေခဲ့တာမို့လို့ပါပဲ။

[Zawgyi Version]

၂၀၁၈ ဆူဇူကီးဖလားျပိဳင္ပြဲမွာ ဗီယက္နမ္က ဗိုလ္လုပြဲေရာက္သြားခဲ့ပါျပီ။ ပြဲစဥ္တစ္ေလွ်ာက္ ရံႈးပြဲလံုး၀မရွိခဲ့ပဲ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ျပီး အုပ္စုတြင္းပြဲစဥ္ေတြမွာလည္း ေပးဂိုးလံုး၀မရွိပဲ ဆီမီးဖိုင္နယ္ကို ေရာက္ရွိခဲ့တာပါ။ ဒီအတြက္ ဗီယက္နမ္ ခံစစ္ပိုင္းက ေတာင့္တင္းတယ္လို႔ နာမည္ရခဲ့ျပီး ျပိဳင္ဘက္အသင္းေတြအတြက္ေတာ့ ဂိုးေပါက္ရွာရခက္တဲ့ အသင္းတစ္သင္းနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ ဆီမီးဖိုင္နယ္အျဖစ္ ဖိလစ္ပိုင္နဲ႔ ႏွစ္ေက်ာ့ကစားခဲ့ရာမွာေတာ့ တစ္ပြဲကို တစ္ဂိုးႏႈန္း ဗီယက္နမ္တု႔ိ ခြင့္ျပဳခဲ့ရပါတယ္။

Photo : Thể thao - VnExpress

 

ဗီယက္နမ္နည္းျပ ပတ္ဟန္ဆိုးက ခံစစ္ပိုင္းကို တည္ေဆာက္ရာမွာ ထူးခၽြန္သူလို႔ နာမည္ရပါတယ္။ သူက တစ္ပြဲနဲ႔တစ္ပြဲမွာ ကစားကြက္ကို ပံုေသမထားပဲ ျပိဳင္ဘက္အသင္းအေပၚ မူတည္ျပီး သူ႔အသင္းကို တည္ေဆာက္ေလ့ရွိသူပါ။ အုပ္စုတြင္းပြဲစဥ္ေတြျဖစ္တဲ့ မေလးရွားနဲ႔ ျမန္မာတို႔ကို ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္မွာ သူက ၅-၄-၁ ကစားကြက္ကိုပဲ အသံုးျပဳခဲ့ပါတယ္။ ဒါကိုၾကည့္မယ္ဆိုရင္ သူ႔အေနနဲ႔ ျပိဳင္ဘက္က အႏၱရာယ္ေပးႏိုင္တယ္လို႔ ယူဆတဲ့အခါမ်ိဳးမွာ ဒီကစားကြက္ကို သံုးတယ္လို႔ ခန္႔မွန္းရပါတယ္။ ျမန္မာ နဲ႔ မေလးရွားက အုပ္စုတြင္းမွာ သူတို႔ရဲ႕ အဓိကျပိဳင္ဘက္အျဖစ္ ရွိေနခဲ့တာဆိုေတာ့ သတိၾကီးၾကီးနဲ႔ ခ်ဥ္းကပ္ပံုေပၚပါတယ္။

Photo : AFF Suzuki Cup

 

လာအိုနဲ႔ ကစားခဲ့တဲ့ အဖြင့္ပြဲမွာ သူက ၄-၂-၃-၁ ကစားကြက္ကို ခင္းက်င္းခဲ့ပါတယ္။ ကေမၻာဒီးယားနဲ႔ ေနာက္ဆံုးအုပ္စုပြဲမွာက်ေတာ့ ၃-၅-၂ ကစားကြက္ကို အသံုးျပဳခဲ့ပါတယ္။ ဒီႏွစ္ပြဲစလံုးမွာ ဗီယက္နမ္က သက္သက္သာသာနဲ႔ အႏိုင္ယူႏိုင္ခဲ့တာပါ။ ဖိလစ္ပိုင္နဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ႏွစ္ေက်ာ့စလံုးမွာေတာ့ ၅-၃-၂ ကစားကြက္ကို ေျပာင္းလဲခဲ့ပါတယ္။ တကယ္တမ္း ပတ္ဟန္ဆိုး ႏွစ္ျခိဳက္တဲ့ ကစားကြက္က ၃-၅-၂ ကစားကြက္ပါ။ (၃)ေယာက္တန္းခံစစ္မွာ ကြီေငါ့ဟိုင္၊ ထရန္ဒင္ထေရာင္၊ ဒူဒိုင္မန္းတို႔ကို အထိုင္ထားျပီး ဒိုအန္ဗန္ဟူ နဲ႔ ငုယင္ထေရာင္ေဟာင္တုိ႔ကို Wingbacks ေတြအျဖစ္ အသံုးျပဳေနတာပါ။ ထူးျခားခ်က္တစ္ခုကေတာ့ ျမန္မာနဲ႔ ကစားခဲ့တဲ့ပြဲမွာ ညာအစြန္ခံစစ္လူအျဖစ္ အသံုးျပဳခဲ့တဲ့ ဖန္ဗန္ဒူက ဖိလစ္ပိုင္နဲ႔ပြဲမွာက်ေတာ့ ငုယင္အန္ဒူနဲ႔ တြဲဖက္ျပီး တိုက္စစ္ကစားသမားအျဖစ္ ပါ၀င္သြားခဲ့တာပါ။

Photo : AFF Suzuki Cup

 

ပတ္ဟန္ဆိုးရဲ႕ မတူညီတဲ့ ကစားကြက္၊ ကစားသမားေတြကို ေနရာေျပာင္းလဲကစားပံုေတြက အံ့အားသင့္စရာပါပဲ။ ဗီယက္နမ္ ကြင္းလယ္မွာဆိုရင္ ငုယင္ကြမ္ဟိုင္၊ ငုယင္ကြမ္ေဖာင္ နဲ႔ လူ၀မ္ေဇာင္ထေရာင္တို႔က အမာခံကစားသမားေတြျဖစ္ပါတယ္။ ဒီကစားသမား (၃)ေယာက္က ပင္တိုင္ကစားသမားေတြ အျဖစ္ ပါ၀င္ေနခဲ့ျပီး ဗီယက္နမ္ရဲ႕ ေနာက္ဆံုးေပၚအေကာင္းဆံုးထုတ္ကုန္ေတြပါ။ တိုက္စစ္ပိုင္းမွာ ငုယင္အန္ဒူလို ၀ါရင့္တိုက္စစ္မွဴးကို ပတ္ဟန္ဆိုးက ပင္တိုင္အသံုးျပဳေနခဲ့ပါတယ္။ ဗီယက္နမ္ ကြင္းလယ္ကစားသမား (၃)ေယာက္ဟာ ခံစစ္ကိုေရာ၊ ေနာက္တန္းကိုပါ ကူညီေပးရပါတယ္။ လူ၀မ္ေဇာင္ထေရာင္က ခံစစ္ပိုင္းကို ပိုမိုအားျဖည့္ေပးရျပီး ကြမ္ဟိုင္ နဲ႔ ကြမ္ေဖာင္တို႔က တုိက္စစ္ပိုင္းကို အသက္သြင္းေပးရသူေတြပါ။

Photo : AFF Suzuki Cup

 

ဖိလစ္ပိုင္နဲ႔ ကစားခဲ့တဲ့ မေန႔ကပြဲမွာဆိုရင္ တိုက္စစ္ဆင္ခ်ိန္မွာ ဗီယက္နမ္က ၃-၅-၂ ပံုစံေျပာင္းသြားျပီး ခံစစ္ေဆာ့ရခ်ိန္မွာ ၅-၃-၂ ပံုစံကို ေျပာင္းလဲကစားခဲ့ပါတယ္။ ဒီအတြက္ သူ႔ရဲ႕ wingbacks ေတြက တျခားကစားေတြထက္ ပိုမိုအားထုတ္ခဲ့ရျပီး ေတာင္ပံ တစ္ေလွ်ာက္မွာ အတက္အဆင္း လွ်င္လွ်င္ျမန္ျမန္နဲ႔ ကစားေပးခဲ့ရပါတယ္။ ခံစစ္ပိုင္းအတြက္ (၃)ေယာက္တန္းကြင္းလယ္က ကာဗာလုပ္ေပးဖို႔ ၾကိဳးစားခဲ့လို႔လည္း ဖိလစ္ပိုင္အတြက္ ေနရာလြတ္ေတြ ရွာမရျဖစ္ခဲ့ျပီး ဖိလစ္ပိုင္ဘက္က အားထားရတဲ့ ကြင္းလယ္လူ ရွေရာ့ခ္ လႈပ္မရျပဳမရ ျဖစ္ေနခဲ့ရတာပါ။ ဖိလစ္ပိုင္နဲ႔ပြဲမွာ ငုယင္ကြမ္ေဖာင္ကို ခ်န္လွပ္ခဲ့ျပီး ဖန္ဒူဟိုင္ကို ထည့္သြင္းကာ ခံစစ္ပိုင္းပိုမိုစိတ္ခ်ရဖို႔ ပတ္ဟန္ဆိုးက ျပင္ဆင္ခဲ့ပါတယ္။

Photo : AFF Suzuki Cup

 

ဆိုရရင္ ပတ္ဟန္ဆိုးက အသင္းကို တစ္ပြဲခ်င္းစီအလိုက္ အေကာင္းဆံုးျပင္ဆင္သြားခဲ့တာပါ။ မလိုအပ္ပဲနဲ႔ စြန္႔စားကစားဖို႔ မလုပ္သလို တကယ့္ပကတိအေျခအေနကို သံုးသပ္ျပီး ျဖစ္သင့္ျဖစ္ထိုက္တာကို ေရြးခ်ယ္တတ္တဲ့ နည္းျပလို႔ ခန္႔မွန္းမိပါတယ္။ သူ႔အသင္းရဲ႕ ခံစစ္ကို ခိုင္မာေတာင့္တင္းေနေအာင္ အဓိကျပင္ဆင္ျပီး ျပိဳင္ဘက္ေတြကို ရင္ဆိုင္ပါတယ္။ ဒီအတြက္ ဗီယက္နမ္ ခံစစ္က ထိုးေဖာက္ဖို႔ ခက္ခဲေနခဲ့တာပါ။ ကစားသမား အစုအဖြဲ႕ကလည္း ေျခစြမ္းေျခစထက္ျမက္သူေတြ မ်ားျပားေနခဲ့တာမို႔ အသင္းကို ေျပာင္းလြယ္ျပင္လြယ္ ျဖစ္ေစခဲ့ျပီး ပတ္ဟန္ဆိုးအတြက္ စိတ္ၾကိဳက္ဗ်ဴဟာကို ခ်မွတ္ေစႏိုင္ခဲ့တာပါ။ ဗီယက္နမ္အတြက္ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အေနအထား တစ္ခုကို ေရာက္ရွိသြားခဲ့တာပါ။ဆုဖလားရခဲ့မယ္ဆိုရင္လည္း အံ့ၾသစရာ မရွိေတာ့ပါဘူး။ သူတို႔ရဲ႕ စုဖြဲ႕မႈ နဲ႔ တစ္ပြဲခ်င္းစီအေပၚ အာရံုစူးစိုက္ႏိုင္္မႈတို႔က ျပိဳင္ဘက္အသင္း အားလံုးထက္ ႏွာတဖ်ားအသာမွာ ရွိေနခဲ့တာမို႔လို႔ပါပဲ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs