• Local Sports
    ထိုင်းကလပ်က ကမ်းလှမ်းထားတဲ့ လှိုင်းဘိုဘိုကို ရတနာပုံအသင်း စာချုပ်သက်တမ်းတိုး
Kyawko Ko
[Unicode Version]

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက တစ်လ သိန်း (၆၀)နီးပါးနဲ့ ရတနာပုံအသင်းကိုတရားဝင် ကမ်းလှမ်းထားပေမယ့် ရတာနာပုံအသင်း က လှိုင်းဘိုဘိုကို ၂၀၂၀ အထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။

IMG_2686.jpg 

ရတနာပုံအသင်းဟာ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ လှိုင်းဘိုဘိုကို ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်တစ်ရပ်ကို ဒီကနေ့ မှာ ချုပ်ဆိုခဲ့ပြီလို့ အသင်းပိုင် ဖေ့စ်ဘုတ်ပေ့ချ်ကနေ တရားဝင် ကြေညာခဲ့ပါပြီ။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက လှိုင်းဘိုဘိုကို ကမ်းလှမ်း 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်လူ လှိုင်းဘိုဘိုကိုမကြာသေးမီ ရက်ပိုင်းကမှ ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက ခေါ် ယူနိုင်ရေး တရားဝင် ကမ်းလှမ်းထားပါတယ်။

47572912_1844280785695080_3572267657501605888_o.jpg 

ပရာချတ်အသင်းက လှိုင်းဘိုဘိုကို တစ်လလျှင် မြန်မာငွေ သိန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရတနာပုံအသင်းရဲ့အကြောင်းပြန်ကြား ချက်ကို စောင့်နေခဲ့တာ ဖြစ်တယ်လို့ ကစားသမားခေါ်ယူနိုင်ရေး အေဂျင်စီက တာဝန်ရှိသူက DuwunSportsကို ပြောထားပါတယ်။

အခုလို ရတနာပုံံအသင်းက စာချုပ်သက်တမ်း တိုးလိုက်တဲ့ အတွက် လှိုင်းဘိုဘိုအနေနဲ့ ထိုင်းလိဂ်(၁)ကို ထွက်ကစားတော့မှာ မဟုတ်တော့ပါ ဘူး။

IMG_2678.jpg 

"ရတနာပုံ အသင်းက ကျွန်တော်မိခင် အသင်းကြီးပါ။ ဆက်လက် လက်တွဲခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။အခုလိုကျွန်တော်ကို ရှိနေခွင့်ပေးလို့ အရမ်းပျော်ပါတယ်။ ရတနာပုံ အသင်းအတွက်ရော ရတနာပုံ ပရိသတ်တွေ အတွက်ပါ ကျွန်တော်ကြိုးစားသွားပါမယ်။" လို့ လှိုင်းဘိုဘိုက ရတ နာပုံအသင်း မီဒီယာကို ပြောခဲ့ပါတယ်။

လှိုင်းဘိုဘိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား အုပ်စုပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းခဲ့တဲ့အတွက် အခုလို ထိုင်းလိဂ်(၁)ကလပ်အသင်းက ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။

လှိုင်းဘိုဘိုအနေနဲ့ အုပ်စုတွင်း ၄ ပွဲစလုံး ပွဲထွက်ပါဝင်ခဲ့သလို အသင်းအတွက် ၂ ဂိုးသွင်းပေးနိုင်ခဲ့ပြီး ကမ္ဘောဒီးယားကို နိုင်တဲ့ပွဲနဲ့ ဗီယက်နမ်ကို သရေကျတဲ့ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆုတွေ ရခဲ့ပါတယ်။

ရတနာပုံအသင်းအနေနဲ့ မနှစ်က တိုက်စစ်မှူးအောင်သူကို ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းကို တစ်ရာသီ အငှားချခဲ့သလို ဒီနှစ်မှာ လည်း အခြားအသင်းတစ်သင်းကို အငှားချပေးနိုင်ရေး ကြိုးစားနေပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ စည်သူအောင်ကို ချွန်ဘူရီအသင်းကို တစ်ရာသီအငှားနဲ့ ထပ်မံ စေလွှတ်ပေးထားသလို သိန်းသန်းဝင်းကိုလည်း ရက်ချာဘူရီ အသင်းကို စေလွှတ်ပေးဖို့ ရှိနေပြန်ပါသေးတယ်။

[Zawgyi Version]

ထိုင္းလိဂ္(၁)ကလပ္ PT ပရာခ်တ္အသင္းက တစ္လ သိန္း (၆၀)နီးပါးနဲ႔ ရတနာပုံအသင္းကိုတရား၀င္ ကမ္းလွမ္းထားေပမယ့္ ရတာနာပုံအသင္း က လိႈင္းဘိုဘိုကို ၂၀၂၀ အထိ အသင္းမွာ ဆက္ရွိေစမယ့္ စာခ်ဳပ္နဲ႔ ထိန္းသိမ္းခဲ့တာပါ။

 

ရတနာပုံအသင္းဟာ ျမန္မာ့လက္ေရြးစင္ ကြင္းလယ္လူ လိႈင္းဘိုဘိုကို ၂၀၂၀ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိေစမယ့္ စာခ်ဳပ္တစ္ရပ္ကို ဒီကေန႔ မွာ ခ်ဳပ္ဆိုခဲဲ့ၿပီလို႔ အသင္းပိုင္ ေဖ့စ္ဘုတ္ေပ့ခ်္ကေန တရား၀င္ ေၾကညာခဲ့ပါၿပီ။

ထိုင္းလိဂ္(၁)ကလပ္ PT ပရာခ်တ္အသင္းက လိႈင္းဘိုဘိုကို ကမ္းလွမ္း 

အသက္ ၂၂ ႏွစ္အရြယ္သာရွိေသးတဲ့ ကြင္းလယ္လူ လိႈင္းဘိုဘိုကိုမၾကာေသးမီ ရက္ပိုင္းကမွ ထုိင္းလိဂ္(၁)ကလပ္ PT ပရာခ်တ္အသင္းက ေခၚ ယူႏိုင္ေရး တရား၀င္ ကမ္းလွမ္းထားပါတယ္။

 

ပရာခ်တ္အသင္းက လိႈင္းဘိုဘိုကို တစ္လလွ်င္ ျမန္မာေငြ သိန္း ၆၀ ၀န္းက်င္နဲ႔ ကမ္းလွမ္းခဲ့တာ ျဖစ္ၿပီး ရတနာပံုအသင္းရဲ႕အေၾကာင္းျပန္ၾကား ခ်က္ကို ေစာင့္ေနခဲ့တာ ျဖစ္တယ္လို႔ ကစားသမားေခၚယူႏိုင္ေရး ေအဂ်င္စီက တာ၀န္ရွိသူက DuwunSportsကို ေျပာထားပါတယ္။

အခုလို ရတနာပုံံအသင္းက စာခ်ဳပ္သက္တမ္း တိုးလိုက္တဲ့ အတြက္ လိႈင္းဘိုဘိုအေနနဲ႔ ထိုင္းလိဂ္(၁)ကို ထြက္ကစားေတာ့မွာ မဟုတ္ေတာ့ပါ ဘူး။

 

"ရတနာပံု အသင္းက ကြ်န္ေတာ္မိခင္ အသင္းႀကီးပါ။ ဆက္လက္ လက္တြဲခြင့္ရလို႔ အရမ္းဝမ္းသာမိတယ္။အခုလိုကြ်န္ေတာ္ကို ရွိေနခြင့္ေပးလို႔ အရမ္းေပ်ာ္ပါတယ္။ ရတနာပံု အသင္းအတြက္ေရာ ရတနာပံု ပရိသတ္ေတြ အတြက္ပါ ကြ်န္ေတာ္ႀကိဳးစားသြားပါမယ္။" လို႔ လိႈင္းဘိုဘိုက ရတ နာပုံအသင္း မီဒီယာကို ေျပာခဲ့ပါတယ္။

လိႈင္းဘိုဘိုအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား အုပ္စုပဲြစဥ္ေတြမွာ ျမန္မာအသင္းနဲ႔အတူ ေျခစြမ္းျပ ဂိုးေတြသြင္းခဲဲ့တဲ့အတြက္ အခုလို ထိုင္းလိဂ္(၁)ကလပ္အသင္းက ကမ္းလွမ္းလာတာလည္း ျဖစ္ပါတယ္။

လိႈင္းဘိုဘိုအေနနဲ႔ အုပ္စုတြင္း ၄ ပြဲစလုံး ပြဲထြက္ပါ၀င္ခဲ့သလို အသင္းအတြက္ ၂ ဂိုးသြင္းေပးႏိုင္ခဲ့ၿပီး ကေမၻာဒီးယားကို ႏိုင္တဲ့ပြဲနဲ႔ ဗီယက္နမ္ကို သေရက်တဲဲ့ပြဲေတြမွာ အေကာင္းဆုံး ကစားသမားဆုေတြ ရခဲ့ပါတယ္။

ရတနာပုံအသင္းအေနနဲ႔ မႏွစ္က တိုက္စစ္မွဴးေအာင္သူကို ထိုင္းလိဂ္(၁)ကလပ္ Police Tero အသင္းကို တစ္ရာသီ အငွားခ်ခဲ့သလို ဒီႏွစ္မွာ လည္း အျခားအသင္းတစ္သင္းကို အငွားခ်ေပးႏိုင္ေရး ႀကိဳးစားေနပါတယ္။

ဒါ့အျပင္ ဒီႏွစ္မွာ စည္သူေအာင္္ကို ခၽြန္ဘူရီအသင္းကို တစ္ရာသီအငွားနဲ႔ ထပ္မံ ေစလႊတ္ေပးထားသလို သိန္းသန္း၀င္းကိုလည္း ရက္ခ်ာဘူရီ အသင္းကို ေစလႊတ္ေပးဖို႔ ရွိေနျပန္ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs