မနက်ဖြန် အောက်တိုဘာ ၂၁ မှာ အရှေ့တီမောနဲ့ စတင်ကစားရပါမယ်။

ဗိုလ်လုပွဲရောက် နှစ်သင်းနဲ့ တတိယဆုရအသင်း စုစုပေါင်း ၃ သင်းသာ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ့် ၂၀၁၉ ခုနှစ် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ပြုလုပ်ခဲ့ပြီး မြန်မာအသင်းအနေနဲ့ ဒီပြိုင်ပွဲကနေ အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲကိုဝင်ခွင့်ရရေး အဓိက ကြိုးပမ်းသွားမယ်လို့ အုပ်ချုပ်သူ ဦးကြည်မင်းသိန်းက ပြောခဲ့ပါတယ်။



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ - “ ကျွန်တော်တို့ အချိန် ၂ ပြင်ဆင်ချိန်ရထားပါ တယ်။ ဗီယက်နမ်ကိုလည်း ကြိုလာပြီး ခြေစမ်းပွဲတွေ ကစားရင်း ပြင်ဆင်ထားပါတယ်။ အသင်းတိုင်းကို လေး စားမှုအပြည့်နဲ့ ယှဉ်ပြိုင်ကစားမှာပါ။ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အာရှအဆင့် ပြိုင်ပွဲဝင်ခွင့်ရရေးပါ။ လို့ ဦးကြည်မင်းသိန်းက ပြောခဲ့တဲ့အကြောင်း သိရပါတယ်။

အခုပြိုင်ပွဲမှာ မြန်မာအသင်းက ထိုင်း၊အရှေ့တီမော၊ကမ္ဘောဒီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေ ပါတယ်။

တစ်ဖက်အုပ်စုမှာတော့ အိမ်ရှင်ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှားနဲ့သြစတြေးလျ အသင်းတို့ ပါဝင်နေပြီး အုပ်စု ကျပ်အတွင်း ကျရောက်နေကြပါတယ်။



တာ့ခ်မင်နစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၀အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ခွင့်အတွက် အာဆီယံဇုန်မှာတော့ ယခုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲရောက်နှစ်သင်းနဲ့ တတိယဆုရအသင်းစုစုပေါင်း ၃ သင်းဝင်ခွင့်ရထားပါတယ်။

မြန်မာအသင်းကတော့ မနက်ဖြန် အောက်တိုဘာ ၂၁ မှာ အရှေ့တီမော၊၂၂ မှာ ကမ္ဘောဒီးယား၊၂၃မှာထိုင်း အသင်းတို့ ဆက်တိုက်ကစားရပါမယ်။

အုပ်စုဗိုလ်နဲ့ဒုတိယရအသင်း နှစ်သင်း ဆီမိးဖိုင်နယ်နယ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲတွေကို ၂၅ မှာ ကျင်းပမှာဖြစ်ပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကိုတော့ ၂၇ မှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။



က္က