မြန်မာ့အားကစားအဖွဲ့ချုပ် ၄၈ ဖွဲ့လုံးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။
Win Kyaw Min

နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရှိနေတာပါ။

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံဖြစ်တဲ့ အားကစားသိပ္ပံကျောင်းများကို တတ်ကျွမ်း နားလည်သူများနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန ပြ ည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက MFF-MNL AWARDS NIGHT 2019 ရဲ့ မိန့်ခွန်းပြောကြားမှာထည့်သွင်းပြော ဆိုသွားခဲ့ပါတယ်။

လက်ရွေးစင်ကစားသမားအများစုကို မွေးထုတ်ပေးနေတဲ့ အားကစားသိပ္ပံ ၆ကျောင်းတွင် ကစားသမားပေါင်း ၁၄၀၀ ကျော်က လေ့ကျင့်နေတာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက၂၀၁၉-၂၀ ဘဏ္ဍာရေးနှ စ်တစ်နှစ်တည်းမှာတင် မြန်မာကျပ်ငွေသိန်း ပေါင်း ၆၂၀၀၀ ကျော် ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတ ယ်။



ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ အကြိမ်၃ဝမြောက် အာဆီယံအားကစားပွဲတွင် အောင်မြင်မှုရဖို့ ရုန်းကန်ခဲ့ရသလို နိုင်ငံတ ကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိမှုပိုင်းကျဆင်းနေတဲ့ မြန်မာ့အားကစားလောကတိုးတက်ရေးအတွက် အခုလိုစီမံ ကိန်းချလုပ်ဆောင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

“ အားကာသိပ္ပံကျောင်း ၆ကျောင်းရှိတယ်။ ပြုပြင်မှုတွေပြုလုပ်ရမယ်။ အာဟာရပိုင်းအတွက်လည်း သေသေချာ ချာပြင်ဆင်ရဖို့ှရှိပါတယ်။ training method တွေလည်း ပြင်ရမယ်။ အား/ကာ ကတာဝန်ရှိသူတွေကိုလည်း နိုင် ငံတကာက ဗီဒီယိုဖိုင်တွေလေ့လာဖို့၊ ကိုယ်လုပ်တဲ့လေ့ကျင့်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့တွေလုပ်ဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ် ” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ထွေးက ဆိုခဲ့တာပါ။

လက်ရွေးစင်ကစားသမားအများစုပေါ်ထွက်လေ့ရှိတဲ့ ရန်ကုန်၊ မန္တလေးအားကာသိပ္ပံများအပါအဝင် စုစုပေါင်း ကျောင်း ၆ကျောင်းမှာ ကစားနည်း ၂၂မျိုးအတွက် လေ့ကျင့်မှုများပြုလုပ်နေသလို ပညာရှင်ဝန်ထမ်း ၈၃၀ က အဓိကအနီးကပ်လေ့ကျင့်ပေးနေတယ်လို့လည်း သိရပါတယ်။


က္က