အဆင့်(၉)နေရာတက်လှမ်းနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရပါဦးမယ်။
Kyaw Ko Ko Sint

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ကမ္ဘာ့အဆင့် ၄၄ နဲ့ အာရှအဆင့် ၁၀ မှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာတော့ ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲပထမအဆင့်ကို စတင်ကစားပါမယ်။



Photo - Win Thu Moe facebook page

 

ဖီဖာက ကမ္ဘာ့အဆင့် ရပ်တည်မှုတွေကို လစဉ်လစဉ် ထုတ်ပြန်ကြေညာပေးလျက်ရှိနေပြီး ဇုန်အလိုက် အဆင့်ရပ်တည်မှုတွေကိုလည်း ထုတ်ပြန် ပေးတာ ဖြစ်ပါတယ်။

ဂျပန်-မဲခေါင်း ယူ-၁၇ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာအသင်း 

ယခုလအတွက် ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီး ဘောလုံးအဆင့်မှာတော့ မြန်မာအသင်းအနေနဲ့ ကမ္ဘာ့အဆင့် ၄၄ မှာရပ်တည်နိုင်ခဲ့သလို အာရှအဆင့် မှာ ဆိုရင်လည်း အဆင့် ၁၀ နေရာမှာ ရပ်တည်ထားနိုင်တာကိုတွေ့ရပါတယ်။

Photo - Win Thu Moe facebook page

 

မြန်မာအသင်းအနေနဲ့ အခုလို အာရှအဆင့် ၁၀ မှာရပ်တည်ထားနိုင်တာဟာ စုစုပေါင်းရမှတ် ၁၅၃၉ မှတ်အထိရရှိပြီးရရှိထားတာ ဖြစ်ကာ မြန်မာအသင်းရဲ့အောက် အဆင့် ၁၁ မှာကပ်လျက်ရပ်တည်နေတဲ့ ဂျော်ဒန်အသင်းက ရမှတ်ပေါင်း ၁၄၁၃ မှတ်သာရှိထားလို့ အခုလို အဆင့် (၁၀)နေရာက အချိန်တစ်ခုကြာ ရပ်တည်ထားနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

အဆင့် (၉)နေရာကို တက်လှမ်းဖို့ဆိုရင်တော့ ဥဇဘတ်ကစ္စတန်အသင်းက ၁၅၅၇ မှတ်ရရှိထားလို့ မြန်မာအသင်းအနေနဲ့ အဆင့်(၉)နေရာကို တက်လှမ်းနိုင်ဖို့ဆိုရင် အချိန်တစ်ခုကြာ ကြိုးစားဖို့တော့ လိုပါဦးမယ်။

Photo - MFF

 

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ပထမဆုံး အဆင့် ခြေစစ်ပွဲတွေကိုတော့ မြန်မာနိုင်ငံ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ပထမအဆင့် ခြေစစ်ပွဲမှာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊နီပေါစတဲ့အသင်းတွေနဲ့ အတူကျရောက်နေပြီး နောက်တစ် ဆင့်တက်ဖို့ အခွင့်အရေးများနေပါတယ်။

ဒါကြောင့် နည်းပြချုပ် ဦးဝင်းသူမိုးက ပြည်ပ ခြေစမ်းပွဲတွေ ကစားသွားမှာ မဟုတ်ပဲ အသင်းကိုပြည်တွင်းခြေစမ်းပွဲတွေသာ ကစားစေမှာ ဖြစ် တယ်လို့လည်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က