loading...

loading...

loading...

၂၀၀၉ ခုနှစ်က အာရှချန်ပီယံလိဂ် ချန်ပီယံ နောက်ဆုံး ဖြစ်ထားပါတယ်။
Kyaw Ko Ko Sint

တောင်ကိုရီးယားနိုင်ငံ K-League ကလပ် ပိုဟန်စတီလာအသင်း လာရောက်ကစားမှာ ဖြစ်ပြီး ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ကွာာတားဖိုင်နယ်အဆင့်ပြီးရင် ခြေစမ်းခွင့်ရမယ့် ကလပ်အသင်းကို ရွေးချယ်နိုင်မယ်လို့ မြန်မာနေရှင် နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်ရဲ့ ပြောပြချက်အရသိရပါတယ်။

လာမယ့် မေလ နောက်ဆုံးပတ်ထဲမှာ မြန်မာနိုင်ငံကို တောင်ကိုရီးယား K- League ကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ပိုဟန်စတီလာ အသင်း လာရောက်ခြေစမ်းပွဲမျာ းကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ မှာ သတင်းထုတ်ပြန်လာပါတယ်။

ပိုဟန်စတီလာအသင်းအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရွေးစင် လူငယ်အသင်းနဲ့ ခြေစမ်းပွဲအပါအဝင် မြန်မာနေရှင် နယ်လိဂ် ကလပ် အသင်းတစ်သင်းနဲ့ပါ ခြေစမ်းပွဲ တစ်ပွဲ ကစားမယ်လို့ သိရပါတယ်။

“ခြေစမ်းနိုင်မယ့်အသင်းကိုတော့ ဗိုလ်ချုပ်ဒိုင်း ကွာတားဖိုင်နယ်ပြီးမှ ရွေးချယ်နိုင်ပါမယ်။လောလောဆယ်တော့ ကလပ်အသင်းကို သေချာရွေးချယ်ဖို့ အတိအကျ မရသေးပါဘူး၊ ညွန့်ပေါင်းအသင်းဖွဲ့ပြီးတော့လည်း ကစားရဖို့ ရှိနိုင်ပါတယ်။နိုင်ငံလက်ရွေးစင်အသင်းအနေနဲ့ကလည်း လူငယ်အသင်းနဲ့ပဲ ခြေစမ်းကစားဖို့ များပါတယ်။” လို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က Duwun Sportsကိုပြောပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေနဲ့လည်း အဆိုပါ မေလထဲမှာပင် တောင်ကိုရီးယားနိုင်ငံက ကျင်းပမယ့် တက္ကသိုလ်များ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိသေးတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အစောပိုင်းကတည်းက သတင်းထုတ်ပြန်ထားတာ ရှိပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်နှစ် ဘောလုံးရာသီကစပြီး K-League ကလပ် အသင်းတွေအနေနဲ့ အာဆီယံ ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူစာချုပ်ရမယ်လို့ စည်းမျဉ်းထုတ်ပြန် လိုက်တဲ့အတွက်ကြောင့် မြန်မာကစားသမားတွေအတွက် နောက်ထပ် နိုင်ငံတကာ ထွက်ကစားခွင့်တံခါးတစ် ချပ် ထပ်မံ ပွင့်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

အခုလာရောက်ကစားမယ့် ပိုဟန်စတီလာအသင်းကတော့ တောင်ကိုရီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံ ၅ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ အာရှ ချန်ပီယံလိဂ်ကို ၃ ကြိမ်ထိ ရရှိထားဖူးတဲ့ အာရှ အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ပြည်တွင်းလိဂ်မှာ အမှတ်ပေးနဲ့ရှုံးထွက်ဖလား နှစ်လုံးစလုံးကို နောက်ဆုံး ရယူထားနိုင်ပြီး အာရှ ချန်ပီယံလိဂ်ကို ၂၀၀၉ ခုနှစ်က နောက်ဆုံး ရယူထားတဲ့ ချန်ပီယံဟောင်းအသင်းတစ်သင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က