ဇူလိုင် တတိယပတ်လောက် မြန်မာနိုင်ငံကို ရောက်လာမယ်လို့သိရပါတယ်။

တရုတ်ကလပ် ဒါလီယန်အသင်းမှာ ကစားနေတဲ့ ဘရာဇီး ဖူဆယ်ကစားသမားဖြစ်ပြီး VUC အသင်းက အာရှဖူ ဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကစားဖို့ ခေါ်ယူမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်၂၀၁၉ ခုုနှစ် အာရှ ဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင် ပွဲကို မြန်မာ ဖူဆယ်ကလပ် VUC အသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။

VUC အသင်းအနေနဲ့ မနှစ်ကလည်း ဒီပြိုင်ပွဲကို ဝင်ကစားခဲ့ပြီး တရုတ်၊အင်ဒိုနီးရှား၊တရုတ်ကလပ်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ကာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒီနှစ်မှာတော့ ထူးထူးခြားခြား ပြင်ဆင်မှုအဖြစ် VUC အသင်းအနေနဲ့ တရုတ်ကလပ် ဒါလီယန်အသင်းက ဘရာဇီး ကစားသမားကို ခေါ်ယူအားဖြည့်မယ်လို့ အသင်းပိုင်ရှင် ဦးနိုင်သောင်းထိုက်က DuwunSportsကို ပြောပါတယ်။

“ ကျွန်တော်တို့ အဓိက ခေါ်ယူဖြစ်တာကတော့ အာရှဖူဆယ်ပွဲရှိလို့ပါ။ မနှစ်က ကျွန်တော်တို့ အင်ဒိုနီးရှားမှာ ကျင်းပခဲ့တုန်းက တစ်အုပ်စုတည်းကျရောက်ခဲ့တဲ့ တရုတ်ကလပ် ဒါလီယန်အသင်းက ဘရာဇီး ကစားသမား ဒီအိုဂိုဟင်းနစ်ရစ်ကို ခေါ်ယူဖို့သဘောတူညီမှု ရထားပါတယ်။လာမယ့် ဇူလိုင်လ တတိယအပတ်လောက် မြန်မာ ပြည်ကို ရောက်ဖို့များပါတယ်။” လို့ ဦးနောင်သောင်းထိုက်က ပြောပါတယ်။

တရုတ်ဖူဆယ်လိဂ်က ဇွန်လကုန်မှ ပြီးမှာ ဖြစ်ပြီး ဒီအိုဂိုအနေနဲ့ လိဂ်အပြီးမှာဘရာဇီးကို ခေတ္တပြန်မှာ ဖြစ်တယ် လို့ သိရပါတယ်။

အဲ့နောက် မြန်မာနိုင်ငံကို ရောက်လာပြီး VUC အသင်းနဲ့ ပူးပေါင်းဖို့ ဆက်လက်လုပ်ဆောင်သွားမှာလို့သိရပါ တယ်။

“ သူ့ကိုတော့ ကျွန်တော်တို့ ၃ လ ကာလတိုစာချုပ်ချုပ်ဆိုပါမယ်။လာမယ့်အေအက်ဖ်စီပြိုင်ပွဲမှာ အသင်းနဲ့ အံ့ဝင်ရင်တော့ ဆက်လက်ခေါ်ယူထားဖို့ ကြိုးစားပါမယ်။သူရောက်လာရင်လည်း သတင်းမီဒီယာ မိတ်ဆက်ပွဲ ပြုလုပ်ပေးသွားပါမယ်။” လို့ ဦးနောင်သောင်းထိုက်က ဆက်လက်ပြောပါတယ်။

ဘရာဇီး ကစားသမားရဲ့ လုပ်ခလစာပေးချေရမှုကိုတော့ VUC အသင်းအနေနဲ့ ဖော်ပြပေးနိုင်ခြင်း မရှိသေးပဲ အပြီးသတ် သဘောတူညီမှု ရမှသာ ထုတ်ပြန်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

မြန်မာ့ဖူဆယ်လိဂ်မှာ ယခင်က ပြည်ယူနိုက်တက်အသင်းက ပြည်ပ ကစားသမားတစ်ဦး ခေါ်ယူကစားဖူးထားပြီး နောက် ယခုအခါ VUC အသင်းက ထပ်မံ ခေါ်ယူမှု ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။

ဒါ့အပြင် MIU အသင်းက မြန်မာ့လက်ရွေးစင် ဖူဆယ် ကစားသမား ခင်ဇော်လင်းဟာလည်း ထိုင်းဖူဆယ်လိဂ်ကလပ် ဆူရတ်သနီအသင်းမှာ သွားရောက် ကစားလျက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က