ကစားသမားအတွက် လစာနဲ့ ကလပ်အတွက်ပေးတဲ့ အငှားစရိတ်တို့က နည်းတာကြောင့် ထပ်မံ ညှိနှိုင်းခဲ့ရာမှာ အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ မဖြစ်တော့တာလို့ ဆိုပါတယ်။
ဧရာဝတီအသင်းက မြန်မာယူ-၂၂ တိုက်စစ်မှူး အောင်ကောင်းမာန်ကို ထိုင်းလိဂ်-၁ ကလပ်အသင်းအချို့က ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဧရာဝတီယူနိုက်တက်အသင်းက စေလွှတ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
ထိုင်းလိဂ်-၁ ကလပ်အသင်းတစ်သင်း(အမည်မဖော်လို)က အောင်ကောင်းမာန်ကို တစ်လ လစာငွေ ဘတ် ၁ သိန်း၊ ဧရာဝတီယူနိုက်တက်အသင်းကို အငှားပြောင်းရွှေ့စရိတ် ဘတ် ၂ သိန်း ပေးပြီး တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ မြန်မာစပယ်ရှယ် အေးဂျင့် ကိုရဲနိုင်ဝင်း DuwunSportsကိုပြောထားတာရှိပါတယ်။
ဒါပေမယ့်လည်း ဧရာဝတီ ယူနိုက်တက်အသင်းက ကစားသမားအတွက် ပေးတဲ့ လစာနဲ့ ကလပ်ကိုပေးတဲ့ အငှားစရိတ်တို့ကို ထပ်တိုးတောင်းဆို ညှိနှိုင်းပေးခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ တာလို့ အသင်းရဲ့ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက DuwunSportsကို ပြောလာပါတယ်။
“ကျွန်တော်တို့ အသင်းဖက်က ကစားသမားကိုပေးတဲ့ လစာငွေကို ကစားသမားရဲ့ တောင်းဆိုချက်အရ နည်းတယ် ဆိုလို့ ထပ်တိုးတောင်းဆိုခဲ့ပါတယ်။အလားတူပဲ ကလပ်အသင်းအတွက်ရရှိမယ့် အငှားပြောင်းရွှေ့စရိတ်ကိုလည်း လိုအပ်တဲ့ အတိုင်းအတာတစ်ခုထိ ထပ်တိုးတောင်းဆိုခဲ့ပေမယ့် ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် အပြောင်းအ ရွှေ့မဖြစ်တောာ့တာပါ။”လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ အချိန်မှာ မြန်မာနေရှင်နယ်လိဂ်က စတင်ဖို့ ရက်ပိုင်းသာ လိုတော့ပြီး အပြောင်းအရွှေ့ကလည်း ပိတ်ဖို့ နီးစပ်နေတာကြောင့် အောင်ကောင်းမာန်ကို လက်လွှတ်ရမယ်ဆိုရင်လည်း အခြား ကစားသမားတစ် ယောက်ကို အစားထိုးခေါ်ဖို့ မလွယ်ကူတော့တာကြောင့်လည်း မစေလွှတ်တော့ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါ သေးတယ်။
လက်ရှိမှာတော့ ဧရာဝတီယူနိုက်တက်အသင်းမှာ တိုက်စစ်မှူးတွေအဖြစ် မြန်မာ့လက်ရွေးစင် သန်းထက်အောင်၊ အောင်ကောင်းမာန်တို့နဲ့အတူ နိုင်ငံခြားသားတိုက်စစ်မှူး တို့ ရှိနေပါတယ်။