အဖွင့်ပွဲမှာ ခါယာအက်ဖ်စီကို အရေးနိမ့်ခဲ့ပါသေးတယ်။

မြန်မာကလပ်ရှမ်းယူနိုက်တက်အသင်းဟာ အင်ဒိုနီးရှားကလပ် PSM ကို အရေးနိမ့်ခဲ့လို့ အုပ်စုတွင်း ၂ပွဲဆက်တိုက်ရှုံးပွဲကြုံခဲ့ရပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ ခဲယဉ်းသွားခဲ့ပြီဖြစ်ပါတယ်။


ဒီနေ့နေလည် ၃းဝ၀ နာရီက အင်ဒိုနီးရှားမှာ ကစားခဲ့တဲ့ အေအက်ဖ်စီဖလား အုပ်စုပွဲစဉ် ၂ မှာတော့ မြန်မာကလပ်ရှမ်းယူနိုက်တက်အသင်းဟာ အင်ဒိုနီးရှားကလပ် PSM ကို အရေးနိမ့်ခဲ့လို့ အုပ်စုတွင်း ၂ပွဲဆက်တိုက်ရှုံးပွဲကြုံခဲ့ရပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ ခဲယဉ်းသွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဟာ အဝေးကွင်းမှာ ၃-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်အနေနဲ့ ပုံစံကောင်းမပြသနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ခြေစွမ်းပိုင်းက ထင်သလောက်ကောင်းမွန်ခြင်းမရှိခဲ့ပေမယ့် ရှမ်းယူနိုက်တက်ရဲ့ ကစားပုံကကို သိသိသာသာအားနည်းနေခဲ့လို့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအစ ၂မိနစ်မှာပဲ အဖွင့်ဂိုးပေးခဲ့ရတာကလည်း စိတ်ဓာတ်ပိုင်းအရ ထိခိုက်မှုရှိခဲ့ရပါတယ်။ 

ပထမပိုင်းတစ်ပိုင်းလုံးမှာ အင်ဒိုနီးရှားကလပ်ကလည်း အဆိုပါတစ်ဂိုးတည်းသာ ရယူနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်ကလည်း ချေပနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ရှမ်းယူနိုက်တက်အနေနဲ့ အာရှအဆင့်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် တော်တော်လေးကွာဟမှုရှိနေသေးပြီး ပြီးခဲ့တဲ့ရာသီတွေကလိုပဲ ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကာ ဒီပွဲအရှုံးကြောင့်လည်း နောက်တဆင့်တက်နိုင်ဖို့ ဝေ၀ါးသွားခဲ့ပြိဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်မှာ PSM က နောက်တစ်ဂိုးသွင်းယူခဲ့လို့ ရှမ်းယူနိုက်တက်တို့ ပိုမိုအခက်တွေ့ခဲ့ရပြီး ကစားရခက်သွားခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ၇၈ မိနစ်မှာ ထက်ဖြိုးဝေက ဧရိယာအပြင်ဘက်ခပ်လှမ်းလှမ်းကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းကာ ရယူပေးခဲ့ပြီး သရေတစ်မှတ်ရဖို့ မျှော်လင့်နိုင်ခဲ့ပါတယ်။


ဒါပေမယ့် လက်ကျန်မိနစ်တွေမှာ PSM က ခံစစ်ကိုဦးစားပေးကစားခဲ့ပြီး ရှမ်းကို ထိန်းချုပ်ခဲ့ပါတယ်။ အပိုင်အခွင့်အရေးတစ်ကြိမ် ရှမ်းယူနိုက်တက်ရရှိခဲ့ပေမယ့်လည်း ပိတ်သွင်းတဲ့ကစားသမားနောက်ကျနေခဲ့လို့ နစ်နာခဲ့ရပြီး ပွဲပြီးခါနီးမှာ နောက်ထပ်တစ်ဂိုးထပ်ပေးခဲ့ရလို့ ၂ပွဲဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရှမ်းယူနိုက်တက်အနေနဲ့ လာမယ့်ပွဲစဉ်အဖြစ် စင်ကာပူကလပ်တန်းပနိစ်ရိုဗာနဲ့ မတ်လ ၁၀ ရက်နေ့မှာ ကစားသွားရမှာဖြစ်ပါတယ်။ 



က္က