ထိုင်းကလပ် Police Tero ကိုပြန်ရောက်မယ်လို့ သတင်းထွက်ပေါ်ထားပါ‌သေးတယ်။
Kyaw Ko Ko Sint

Police Teroအသင်းမှာ သွားကစားဖို့ များနေတယ်လို့ သတင်းထွက်ပေါ်ထားခဲ့ပေမယ့်လည်း ရတနာပုံအသင်းဖက် က အောင်သူကို ဒီနှစ် အသင်းမှာ ပြန်ရှိနေဖို့ ကြိုးပမ်းနေတယ်လို့ သိရတာပါ။

ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကတော့ ဒီနှစ်ဘောလုံးရာသီကို ပြည်ပထွက်ကစား ဖို့ထက် ပြည်တွင်းက မိခင်ကလပ် ရတနာပုံအသင်းမှာပဲ ပြန်ကစားဖို့ များနေတယ်လို့ သိရပါတယ်။



ရတနာပုံအသင်းရဲ့ အထွေထွေမန်နေဂျာ ဦးအတာဦးရဲ့ ပြောပြချက်အရ ရတနာပုံအသင်းဖက်ကလည်း အောင်သူအသင်းမှာ ကစားဖို့ ကြိုးပမ်းနေတယ်လို့ DuwunSportsကို ပြောလာပါတယ်။

“ကျွန်တော်တို့ အောင်သူ့ကို အသင်းမှာ ပြန်ကစားဖို့ ညှိနှိုင်းနေပါတယ်၊သူနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ပက လပ်တွေက ကျွန်တော်တို့ ရတနာပုံအသင်းကို တရားဝင်ကမ်းလှမ်းလာတာမျိုးမရှိပဲ အေးဂျင့်တွေကတဆင့် ကမ်း လှမ်းနေတာပဲ ရှိပါတယ်။အသင်း ဥက္ကဌရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့အနေနဲ့လည်းအောင်သူကို အသင်းမှာ ဒီနှစ် ကစားနိုင်ဖို့ လုပ်ဆောင်နေပါတယ်၊လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။”လို့ ဦး အတာဦးက ပြောပါတယ်။

အောင်သူအနေနဲ့ မနှစ်က မြောင်တောင်အသင်းမှာ ကစားခဲ့ပြီး ဒီနှစ်မှာတော့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ Police Tero အသင်းမှာ ပြန်ကစားဖို့ များတယ်လို့လည်း ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာ ဆုပေးပွဲအခမ်းအနားမှာ DuwunSportsကိုပြောထားတာရှိပါတယ်။



ဒါပေမယ့်လည်း ဒီကနေ့မှာတော့ အောင်သူအနေနဲ့ လက်ရှိအချိန်ထိ ထိုင်းကလပ် Police Teroအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပဲ ရတနာပုံအသင်းကလည်း အသင်းမှာ ဆက်ထိန်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာတာပါ။


Author


က္က