ရန်ကုန်နဲ့ပွဲအပြီးမှာ ‌ပြောသွားတာပါ။
Kyaw Ko Ko Sint

ရန်ကုန်နဲ့ပွဲကိုတော့ ဒူးဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အသင်းမှာသာ ဆက်ရှိနေမှာပါလို့ နည်းပြချုပ် ဦး အောင်ကျော်မိုးက မီဒီယာကို အတည်ပြုပြောခဲ့တာပါ။

ရတနာပုံအသင်းကနေ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေခဲ့တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေနဲ့ အသင်းမှာ ဆက်ရှိနေမှာပါလို့ နည်းပြချုပ် ဦးအောင်ကျော်မိုးက ရန်ကုန်နဲ့ ၂ဂိုးစီ သရေကျ ခဲ့တဲ့ပွဲအပြီးမှာ အတည်ပြု ပြောခဲ့ပါတယ်။

အောင်သူက အစောပိုင်းတုန်းက ထိုင်းလိဂ်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ရတနာပုံအသင်း မှာ ရှိနေခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းလိဂ်-၁ ကလပ် ပရာချပ်အသင်းက နှုတ်ဖြင့်ကမ်းလှမ်းမှု ပြုခဲ့မှု ရှိခဲ့တယ် လို့ သိရပါတယ်။


ဒါပေမယ့်လည်း အောင်သူအနေနဲ့ ပရာချပ်အသင်းကိုလည်း မ‌ရောက်ရှိခဲ့ပဲ ရတနာပုံအသင်းမှာ ဆက်ရှိနေခဲ့ရာမှာ မနေ့က ကစားခဲ့တဲ့ ရန်ကုန်နဲ့ မြန်မာဒါဘီပွဲမှာတော့ အရန်စာရင်းပင် မပါဝင်လာခဲ့တဲ့အပေါ်မှာတော့ နည်းပြချုပ် ဦးအောင်ကျော်မိုးက အခုလို ရှင်းလင်းပြောသွားပါတယ်။

“ အောင်သူ ဒူးဒဏ်ရာ အနည်းငယ်ရှိနေလို့ပါ။ သိပ်မစိုးရိမ်ရတာကြောင့် လာမယ့်အပတ်တော့ သူပြန်ကစားနိုင် မယ်ထင်ပါတယ်။အသင်းပြောင်းဖို့ သတင်းကတော့ ကျွန်တော် အခုချိန်မှာ ပြောနိုင်တာက ကျွန်တော်နဲ့သူနဲ့ ကြားက ဆက်ဆံရေးအရ သူအသင်းမှာ ဆက်ရှိနေမှာပါ။”လို့ ဦးအောင်ကျော်မိုးက သတင်းစာရှင်းလင်းပွဲမှာ ပြော သွားတာပါ။

အောင်သူအနေနဲ့ ၂၀၁၈ခုနှစ်ကစတင်ပြီး ထိုင်းလိဂ်-၁ကိုသွားရောက်ကစားနေခဲ့ရာမှာ ဒီနှစ်မှာတော့ ရတနာပုံအ သင်းမှာသာ ပြန်ကစားခဲ့ပြီး ထိုင်းလိဂ် အပြောင်းအရွှေ့က ဖေဖော်ဝါရီလ ပထမအပတ်အထိ ဖွင့်လှစ်ထာားလို့ အသင်းပြောင်းဖို့ အခွင့်အရေးရှိနေသေးတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က