၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

မြန်မာအသင်းကတော့ မနက်ဖြန်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆက်လက်ကစားရမှာ ဖြစ်ပြီး သန်ဖက်ခါမှာတော့ ထိုင်းအသင်းနဲ့ အုပ်စု နောက်ဆုံးပွဲ ကစားဖို့ရှိပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အဖွင့်ပွဲကို ဒီကနေ့မှာယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက အရှေ့တီမောအသင်းကို ၆-၁ ဂိုးနဲ့ ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ပထမပိုင်းမှာ ၂-၁ ဂိုးနဲ့သာ အနိုင်ရနေပေမယ့် ဒုတိယပိုင်းပြီးဖို့ ၇ မိနစ်အတွင်းမှာပဲ ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အခုလို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

နည်းပြချုပ် ဦးဌေးမြင့်တာဝန်ယူနေတဲ့ မြန်မာဖူဆယ်အသင်းကတော့ ယခုပြိုင်ပွဲအတွက် ၂ လခန့် လေ့ကျင့်ပြင် ဆင်ချိန်ရခဲ့ပြီး ပြိုင်ပွဲမတိုင်ခင်မှာလည်း ဗီယက်နမ် ဖူဆယ်ကလပ် ၂ သင်းနဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပါသေး တယ်။



အုပ်စုတွင်း အတူကျရောက်နေတဲ့ ထိုင်းအသင်းကတော့ ကမ္ဘောဒီးယားအသင်းကို ၁၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ မြန်မာအသင်းအနေနဲ့ ၃ မှတ်ချင်းတူသော်လည်း ဂိုးကွာခြားချက်အရ အုပ်စု ဒုတိယနေရာမှာသာ ရပ်တည်နေပါ တယ်။



က္က