ကလပ်လိုင်စင် အချိန်မီ မပြီးစီးလို့ပါ။
Kyaw Ko Ko Sint

အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ် လုပ်ထုံးအရ နှစ်စဉ်ပုံမှန် မပြတ်မကွက်တင်ပြရမယ့် ကလပ်လိုင်စင်ဆိုင် ရာလုပ်ဆောင်ချက်တွေကို ပြည့်မီအောင် တင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။

၂၀၁၉ AFC CUP ပြိုင်ပွဲမှာအာဆီယံဇုန် ချန်ပီယံဖြစ်ခဲ့တဲ့ ဟနွိုင်းအက်ဖ်စီအသင်းအနေနဲ့ လာမယ့် ၂၀၂၀ AFC CUP ပြိုင်ပွဲဝင်ခွင့် ပိတ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီလို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါ တယ်။



အာဆီယံဇုန်ချန်ပီယံဖြစ်ခဲ့ပြီးနောက် အင်တာဇုန်ဗိုလ်လုပွဲမှာတော့ မြောက်ကိုရီးယားကလပ် April 25 အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဂိုးမှာ အဝေးဂိုးစည်းမျဥ်းနဲ့ အရေးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းဗီယက်နမ်လိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ၂၀၂၀ AFC CUPကို ဆက်လက်ဝင်ခွင့်ရထားပေမယ့် အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်တဲ့ ကလပ် လိုင်စင်ဆိုင်ရာ လုပ်ဆောင် ချက်တွေကို ပြည့်မီအောင် လုပ်ဆောင် တင်ပြနိုင်ခြင်း မရှိတဲ့အတွက် လာမယ့် ၂၀၂၀ AFC CUP ပြိုင်ပွဲကို ဝင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေတာပါ။



အဓိက အကြောင်းကတော့ အားကစားဆိုင်ရာ အချက်အလက်အရ လူငယ်အသင်းတွေအနေနဲ့ လူငယ် ပြိုင်ပွဲတွေကို မဖြစ်မနေ အနည်းဆုံး တစ်ပွဲဝင်ပြိုင်ဖို့ ရှိရမယ့် အရာကို ယူ-၁၅ အသင်းကို ပြိုင်ပွဲတစ်ခုမှ ဝင်ပြိုင်ထားနိုင်ခြင်း မရှိလိုက်တဲ့အတွက် ကလပ်လိုင်စင်လုပ်ထုံးအရ စည်းကမ်းမညီညွတ်သလို ဖြစ်နေတာပါ။

ဟနွိုင်းအသင်းသာ ပါဝင်ခွင့်မရပါက လိဂ်မှာ ဒုတိယရတဲ့ ဟိုချီမင်းစီးတီးအသင်းက အစားထိုးဝင်ခွင့်ရလာမှာ ဖြစ်ပြီး အခုလို လုပ်ထုံးမပြည့်မီတဲ့ ဖြစ်စဉ်ကတော့ ၃ နှစ်အတွင်းမှာ V.League အသင်းတွေအတွက် ၂ ကြိမ်မြောက်လို့လည်းသိရပါတယ်။

၂၀၁၇ တုန်းက V.League ချန်ပီယံ ကွမ်နန်းအသင်းအနေနဲ့ လုပ်ထုံးမပြည့်မီလို့ ဒုတိယနေရာက သန်ဟွမ်အ သင်းက အစားထိုး ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က