မဲပေး ‌ရွေးချယ်ခွင့်ရှိပါတယ်။

မဲစနစ်နဲ့ ရွေးချယ်ပေးရမှာ ဖြစ်ပြီး အကောင်းဆုံးသွင်းဂိုး ၄ ဂိုးရှိနေပါတယ်။

Image may contain: one or more people, people playing sport, stadium, child, grass and outdoor

ဟိုချီမင်းစီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ AFC CUP အုပ်စုအဖွင့်ပွဲမှာ သွင်းယူခဲ့တဲ့ အဝေးကန်သွင်းချက်ဂိုးက မောင်မောင်ဝင်းကို အုပ်စုပွဲစဥ်(၁)ရဲ့အကောင်းဆုံးသွင်းဂိုး ဆန်ကာတင်စာရင်းကို ဝင်စေခဲ့ပါတယ်။

မောင်မောင်ဝင်းအနေနဲ့ ကိုက် ၃၀ နီးပါး အဝေးကနေ မနားတမ်းကန်ချက်နဲ့ အပြင်းကန်သွင်းယူခဲ့ရာမှာတော့ ဟိုချီမင်းစီးတီး ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရတာပါ။

ဒီဂိုးက မောင်မောင်ဝင်းအတွက် အေအက်ဖ်စီ ပထမဆုံးဂိုးဖြစ်သလို ရန်ကုန်အသင်းအတွက်လည်း ပထမဆုံး သွင်းဂိုး ဖြစ်လာစေခဲ့ပါတယ်။


မောင်မောင်ဝင်းနည်းတူ အကောင်းဆုံးသွင်းဂိုး ဆန်ကာတင်စာရင်းကိုတော့ ကူဝိတ်အက်စ်စီက အက်ဗ်ဒူလာ၊ဘာ လီယူနိုက်တက်က မယ်လ်ဗင်နဲ့ လာအိုတိုယိုတာက ပလာဇီပတ်တို့ရဲ့သွင်းဂိုးတွေ ပါဝင်နေပါတယ်။

AFC ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ လင်ခ့်ကနေ မိမိနှစ်သက်တဲ့ ကစားသမားရဲ့သွင်းဂိုးကို ကိုယ်တိုင် မဲပေးရွေးချယ်လို့ ရပါတယ်။

မောင်မောင်ဝင်းကတော့ ရန်ကုန်ယူနိူက်တက်အသင်းကို ဒီနှစ်မှ ဇွဲကပင်ယူနိုက်တက်အသင်းက ပြောင်းရွှေ့လာ တာဖြစ်ပြီး ကွင်းလယ်အဓိက ကစားသမားတစ်ဦးအဖြစ် ကစားနေသူပါ။



က္က