ဒီကနေ့မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံရတာပါ။

မြန်မာနေရှင်နယ်လိဂ် သက်တမ်းတစ်လျှောက် လက်ထောက်နည်းပြအဖြစ်သာ တာဝန်ယူခဲ့သူဖြစ်ပြီး အမြဲတမ်း နည်းပြအဖြစ် ပထမဆုံးအကြိမ် တရားဝင် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကတော့ မနှစ်က ဘောလုံးရာသီမှာ ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ တဲ့ နည်းပြ ဦးတင်မောင်ထွန်းကို ၂၀၂၀ ဘောလုံးရာသီသစ်ကစတင်ပြီး ၂ နှစ်သက်တမ်းရှိတဲ့ အမြဲတမ်း နည်းပြ ချုပ် စာချုပ်ကို ချုပ်ဆိုလိုက်ပြီလို့ ရန်ကုန်ယူနိုက်တက်အသင်း လူမှုကွန်ရက်က တဆင့် ဖော်ပြလာပါတယ်။



ဦးတင်မောင်ထွန်းအနေနဲ့ ယာယီနည်းပြချုပ်အဖြစ် ဆက်လက်ကိုင်တွယ်ခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အ သင်းကို ဗိုလ်ချုပ်အောင်ဆန်ဒိုင်း ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့သလို လာမယ့် ၂၀၂၀ AFC CUP ဝင်ခွင့် ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

“အခုလို ယုံကြည်မှု ပေးလို့ ပျော်ရွှင်ရပါတယ်။အမြဲတမ်း နည်းပြချုပ်ဖြစ်လာတဲ့အတွက် ဖိအားတွေရှိပေမယ့် ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးမှ လက်ခံခဲ့တာပါ။ ကျွန်တော်အနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ရှိတဲ့အားနဲ့ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။အထူးသဖြင့် လာမယ့် ၂၀၂၀ AFC CUPမှာ ဒီနှစ် ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီအသင်း ဇုန်ချန်ပီယံဖြစ်ခဲ့သလို ကျွန်တော်တို့ ရန်ကုန်အသင်းလည်း ဖြစ်ချင်ပါတယ်။ဒါကြောင့် ဇုန်ချန်ပီယံဖြစ်ဖို့ အဓိက ပစ်မှတ်ထားသွားပါမယ်။” လို့ ဦးတင်မောင်ထွန်းက Duwun Sportsကို ပြောပါတယ်။



ဦးတင်မောင်ထွန်းကတော့ မြန်မာနေရှင်နယ်လိဂ် သက်တမ်းတစ်လျှောက် ရန်ကုန်အသင်းနဲ့အတူ လက်ထောက် နည်းပြအဖြစ် အစဉ်အဆက် လက်တွဲလာခဲ့သူ ဖြစ်ပြီး တစ်ခါတရံမှာတော့ ယာယီနည်းပြချုပ် အဖြစ် အသင်းကို ကိုင်တွယ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

အမြဲတမ်း နည်းပြကိုတော့ နည်းပြသက်တမ်းတစ်လျှေက် ပထမဆုံး စတင်ပြီးတော့ တရားဝင် ကိုင်တွယ်တော့ မှာ ဖြစ်ပြီး လက်ရှိမှာတော့ ရာသီသစ်အတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဇွဲကပင်အ သင်းက ကစားသမားဟောင်း ကြည်လင်းနဲ့ ကွင်းလယ်လူ မောင်မောင်ဝင်းတို့ကို ခေါ်ယူထားနှင့်ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က