အေအက်ဖ်စီ ဒုတိယ ဥက္ကဌ ရာထူးအတွက် ဆန်ကာတင် ၃ ဦး ရှိနေရာမှ မလေးရှားဥက္ကဌ နှုတ်ထွက်သွားလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ထရွမ်ကွမ်သောင်းတို့ နှစ်ဦးသာ ကျန်ရှိနေပါတော့တယ်။ ဧပြီလ ၆ ရက်နေ့မှာတော့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌရာထူးနဲ့ ဒု-ဥက္ကဌ ရာထူးတွေကို ရွေးချယ်တင်မြှောက်သွားမှာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကိုတော့ အာရှဘောလုံးအဖွဲ့ချုပ် တည်ရှိရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊အာဆီယံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဇော်ဇော်က အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌ ရာထူးအတွက် ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဦးဇော်ဇော်အနေနဲ့ ပြီးခဲ့တဲ့လမှာ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ရာထူးအတွက် ဒုတိယအကြိမ်မြောက် ထပ်မံ ရွေးချယ်ခံထားရသူ ဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌ ရာထူးအတွက် ဝင်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။
“ ဆောင်ရွက်စရာတွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးတဲ့ နောက်မှာတော့ ကျွန်တော့်အနေနဲ့ AFC ဒု-ဥက္ကဌ ရာထူးကို ဝင်ရောက်အရွေးချယ်ခံမယ့်စာရင်းကနေ နှုတ်ထွက်လိုက်ပါပြီ။ အမှုဆောင်တစ်ဦးအဖြစ် စာရင်းသွင်းခြင်းခံရပေမယ့် အဲ့ဒီအစား ဦးဇော်ဇော်ကိုသာ ထောက်ခံသွားပါမယ်။ ဦးဇော်ဇော် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ မလေးရှား ဘောလုံးအဖွဲ့ချုပ်က ၎င်းတို့ဥက္ကဌရဲ့ ပြောစကားကို ဖော်ပြထားတာပပါတယ်။
အအက်ဖ်စီ ဒုတိယဥက္ကဌ ရာထူးအတွက် ဆန်ကာတင် ၃ ဦး ရှိနေရာမှ မလေးရှားဥက္ကဌ နှုတ်ထွက်သွားလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ထရွမ်ကွမ်သောင်းတို့ နှစ်ဦးသာ ယှဉ်ပြိုင်ရွေးချယ်ခံရန် ကျန်ရှိနေပါတော့တယ်။